Pages

Wednesday, January 23, 2013

အဝလွန် ပြဿနာ ဖြေရှင်းဖို့ ကြိုးခုန် ကြပါစို့

မလေးရှား နိုင်ငံသည် အရှေ့တောင် အာရှတွင် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ၊ အဆိုပါ နိုင်ငံမှ ကျန်းမာရေး ဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ ဖြစ်ရသည်မှာ ဂုဏ်ယူစရာ မဟုတ်ကြောင်း၊ အာရှတိုက် တစ်တိုက်လုံး တွင်လည်း မိမိတို့ နိုင်ငံသည် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံများ စာရင်း၌ နံပါတ်ခြောက် နေရာတွင် ရပ်တည်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မလေးရှား နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၁၈နှစ် အထက် လူငယ် ၁၅ ဒသမ ၁ ရာခိုင်နှုန်းသည် အဝလွန်မှု ပြဿနာနှင့် ရင်ဆိုင် ရလျက် ရှိကြောင်း အမျိုးသား ကျန်းမာရေးနှင့် သေဆုံးသူများ စာရင်း မှတ်တမ်းကို ကိုးကား၍ ကျန်းမာရေး ဝန်ကြီး ဒါတွတ် ဆရီလီ အောင်ထုန်းလျန်းက ဆိုသည်။

အဝလွန်သူ ဦးရေသည် ၂ဝဝ၆ ခုနှစ် ကထက်၁၄ ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း၊ နိုင်ငံအတွင်း အရွယ်ရောက်ပြီး အဝလွန်သူ ၂ ဒသမ ၆ သန်းကျော် ရှိပြီး ၁၈ နှစ်အောက် အဝလွန်သူ ဦးရေမှာ၄၇၇ဝဝဝ ရှိကြောင်း သိရသည်။

ထို့ပြင် မလေးရှား နိုင်ငံ၌ ဆီးချို သွေးချို ဝေဒနာ ရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင် များနှင့် နှလုံး၊အဆုတ်ရောဂါ ဝေဒနာရှင် များမှာလည်း တဖြည်းဖြည်းနှင့် တိုးပွား လာခဲ့ကြောင်း လီအောင်က ဆိုသည်။ တိုးတက် ပြောင်းလဲလာသော နည်းပညာ များကြောင့် ယခုကဲ့သို့ အဝလွန် သူများ တိုးမြင့် လာရခြင်း ဖြစ်ပြီး ကျန်းမာရေး ပြဿနာ များစွာ ဖြစ်ပေါ်စေနိုင်သည့် အဝလွန်ခြင်းကို ကာကွယ် နိုင်ရန် အတွက် လှုပ်ရှားမှု ပြုလုပ်ရန် အခွင့်အလမ်း နည်းပါး လာခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် Istana ဟိုတယ်တွင် ကျင်းပသော Healthy Lifestyle With Skipping အစီအစဉ်တွင် ဝန်ကြီးက ပြောကြား ခဲ့သည်။

၎င်းအစီအစဉ်မှာ ကိုယ်လက်လှုပ်ရှား အားကစား များကို တိုးမြင့် လုပ်ဆောင်ရန် အသိပညာ ပေးသော အစီအစဉ် ဖြစ်သည်။ တစ်မိနစ်စာ ကိုယ်လက် လှုပ်ရှားမှုကို ပြုပါက ၁၁ ကယ်လိုရီကို လျှော့ချ ပစ်နိုင်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။

ယင်းအစီအစဉ် အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ အမေရိကန် ဒေါ်လာ ၄ဝ၆ဝဝကို ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း၊ ကိုယ်ခန္ဓာ အလေးချိန် လျှော့ချ စေရန် ကြိုးခုန်ရန် လိုအပ်ကြောင်း၊ မိမိတို့ အားကစား ပြုလုပ်ရာတွင်

အသုံးဝင်မည့် ကြိုးအရေအတွက် ၁ဝဝဝဝဝ ရှိကြောင်း၊ ၎င်းကြိုးများကို တစ်နိုင်ငံ လုံးရှိ ကျောင်းပေါင်း ၂ဝဝ သို့ ဖြန့်ဝေ သွားမည်ဖြစ်ပြီး အဝလွန်မှုကို လျှော့ချ ရာတွင် အကျိုး ရှိမည်ဟု ယူဆရကြောင်း၊ ထို့ပြင် အားကစားကို ကလေးငယ်များ ပိုမို စိတ်ဝင်စား လာစေရန် ကြိုးခုန်ပြိုင်ပွဲ များလည်း ကျင်းပသွားရန် အစီအစဉ် ရှိကြောင်း Healthy Lifestyle With Skipping အစီအစဉ်မှ ဥက္ကဋ္ဌ မို့ဒ်အက်ဂ်ျမာခန်း အာမက် မေဒင်က ပြောကြား ခဲ့သည်ဟု သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မလေးရှား နိုင်ငံသည် အရှေ့တောင် အာရှတွင် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ၊ အဆိုပါ နိုင်ငံမှ ကျန်းမာရေး ဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံ ဖြစ်ရသည်မှာ ဂုဏ်ယူစရာ မဟုတ်ကြောင်း၊ အာရှတိုက် တစ်တိုက်လုံး တွင်လည်း မိမိတို့ နိုင်ငံသည် အဝလွန်သူ အများဆုံး ရှိသည့် နိုင်ငံများ စာရင်း၌ နံပါတ်ခြောက် နေရာတွင် ရပ်တည်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ မလေးရှား နိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၁၈နှစ် အထက် လူငယ် ၁၅ ဒသမ ၁ ရာခိုင်နှုန်းသည် အဝလွန်မှု ပြဿနာနှင့် ရင်ဆိုင် ရလျက် ရှိကြောင်း အမျိုးသား ကျန်းမာရေးနှင့် သေဆုံးသူများ စာရင်း မှတ်တမ်းကို ကိုးကား၍ ကျန်းမာရေး ဝန်ကြီး ဒါတွတ် ဆရီလီ အောင်ထုန်းလျန်းက ဆိုသည်။

အဝလွန်သူ ဦးရေသည် ၂ဝဝ၆ ခုနှစ် ကထက်၁၄ ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း၊ နိုင်ငံအတွင်း အရွယ်ရောက်ပြီး အဝလွန်သူ ၂ ဒသမ ၆ သန်းကျော် ရှိပြီး ၁၈ နှစ်အောက် အဝလွန်သူ ဦးရေမှာ၄၇၇ဝဝဝ ရှိကြောင်း သိရသည်။

ထို့ပြင် မလေးရှား နိုင်ငံ၌ ဆီးချို သွေးချို ဝေဒနာ ရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင် များနှင့် နှလုံး၊အဆုတ်ရောဂါ ဝေဒနာရှင် များမှာလည်း တဖြည်းဖြည်းနှင့် တိုးပွား လာခဲ့ကြောင်း လီအောင်က ဆိုသည်။ တိုးတက် ပြောင်းလဲလာသော နည်းပညာ များကြောင့် ယခုကဲ့သို့ အဝလွန် သူများ တိုးမြင့် လာရခြင်း ဖြစ်ပြီး ကျန်းမာရေး ပြဿနာ များစွာ ဖြစ်ပေါ်စေနိုင်သည့် အဝလွန်ခြင်းကို ကာကွယ် နိုင်ရန် အတွက် လှုပ်ရှားမှု ပြုလုပ်ရန် အခွင့်အလမ်း နည်းပါး လာခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် Istana ဟိုတယ်တွင် ကျင်းပသော Healthy Lifestyle With Skipping အစီအစဉ်တွင် ဝန်ကြီးက ပြောကြား ခဲ့သည်။

၎င်းအစီအစဉ်မှာ ကိုယ်လက်လှုပ်ရှား အားကစား များကို တိုးမြင့် လုပ်ဆောင်ရန် အသိပညာ ပေးသော အစီအစဉ် ဖြစ်သည်။ တစ်မိနစ်စာ ကိုယ်လက် လှုပ်ရှားမှုကို ပြုပါက ၁၁ ကယ်လိုရီကို လျှော့ချ ပစ်နိုင်ကြောင်း ၎င်းက အကြံပြု ပြောကြားခဲ့သည်။

ယင်းအစီအစဉ် အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ အမေရိကန် ဒေါ်လာ ၄ဝ၆ဝဝကို ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း၊ ကိုယ်ခန္ဓာ အလေးချိန် လျှော့ချ စေရန် ကြိုးခုန်ရန် လိုအပ်ကြောင်း၊ မိမိတို့ အားကစား ပြုလုပ်ရာတွင်

အသုံးဝင်မည့် ကြိုးအရေအတွက် ၁ဝဝဝဝဝ ရှိကြောင်း၊ ၎င်းကြိုးများကို တစ်နိုင်ငံ လုံးရှိ ကျောင်းပေါင်း ၂ဝဝ သို့ ဖြန့်ဝေ သွားမည်ဖြစ်ပြီး အဝလွန်မှုကို လျှော့ချ ရာတွင် အကျိုး ရှိမည်ဟု ယူဆရကြောင်း၊ ထို့ပြင် အားကစားကို ကလေးငယ်များ ပိုမို စိတ်ဝင်စား လာစေရန် ကြိုးခုန်ပြိုင်ပွဲ များလည်း ကျင်းပသွားရန် အစီအစဉ် ရှိကြောင်း Healthy Lifestyle With Skipping အစီအစဉ်မှ ဥက္ကဋ္ဌ မို့ဒ်အက်ဂ်ျမာခန်း အာမက် မေဒင်က ပြောကြား ခဲ့သည်ဟု သိရသည်။

  မြ၀တီ 

0 comments:

Post a Comment