ရေး အလုပ်လုပ်ကိုင်နေသည့်တရုတ်အမျိုးသမီးတစ်ဦးသည်အသက်အရွယ် ကြီးရင့်လာသော်လည်း တရုတ်
မြုနီစီပယ်၏ အငြိမ်းစားပင်စင်ကိုရယူလိုခြင်းမရှိဘဲ၎င်း၏လုပ်မြဲအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နိုင်ရန်
တောင်းဆိုခဲ့ကြောင်း တရုတ်ပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
အသက် ၅၃နှစ်အရွယ်ရှိယုယူဇန်းသည်လစာအကျိုးအမြတ်ထက် ဂုဏ်သိက္ခာကြောင့် အလုပ်လက်မဲ့ အခြေ
အနေကို ရောက်ရှိလိုခြင်း မရှိသောကြောင့် ယင်းသို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယုယူဇန်းသည် ၁၃နှစ်သမီး အရွယ်မှစ၍လယ်ယာလုပ်ငန်း၊အချက်အပြုတ်လုပ်ငန်း၊ကုန်ကားဒရိုင်ဘာ၊ လမ်း
သန့်ရှင်းရေး စသည့် အလုပ်များကို နှစ်ပေါင်း၄၀ကျော် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်ခန့်က ၎င်း၏ ဘိုး
ဘွားပိုင်မြေကို အစိုးရက ဆင်းရဲသား အိမ်ရာစီမံကိန်းအတွက်ဝယ်ယူခဲ့သဖြင့်အမေရိကန်ဒေါ်လာ တစ်သန်း
ခွဲခန့် ရရှိခဲ့ပြီး သန်ြးွကယ်သူဋ္ဌေးတစ်ဦး ဖြစ်လာခဲ့သည်။
သို့ရာတွင် ယုယူဇန်းသည် ငွေကြေးပိုင်ဆိုင်မှုထက် အလုပ်အကိုင်ကိုသာ ပိုမိုမက်မောတွယ်တာပြီးလမ်းသန့်
ရှင်းရေး လုပ်ကိုင်သည့် ၁၄နှစ်တာ ကာလအတွင်း၎င်း၏ဖခင်ဖြစ်သူနှင့် ယောက္ခမတို့၏ နာရေးအတွက် ခွင့်
သုံးရက်သာ ယူခဲ့သည်မှအပ အလုပ်ချိန် နောက်ကျခြင်း၊ ဖျားနာခြင်းစသည်တို့ မရှိခဲ့ကြောင်းခဲ့ကြောင်း သိ
ရသည်။
စီးပွားရေး တိုးတက်လာသည်နှင့်အမျှ တရုတ်ပြည်ရှိ အလုပ်သမားများသည် အလုပ်လုပ်ချိန် လျော့နည်းလာ
ပြီး အပျော်အပါးများ၌သာ ပိုမိုခုံမင်လာသဖြင့် ၎င်း၏သားဖြစ်သူနှင့် ယနေ့ခေတ် တရုတ်လူငယ်များ၏ အနာ
ဂတ်အတွက် စိုးရိမ်ရကြောင်း ယင်းက မီဒီယာများကို ပြောကြားသွားခဲ့သည်။
SMG
0 comments:
Post a Comment