တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်
ပါတယ်။အများစုကတော့ဖား၊ငါး ၊တီကောင်များ ဖြစ်ပြီး ငှက်မိုလးည်းရွာတတ်ပါတယ်။ ပြင်းထန်တဲ့ လေတိုင်း
ဟာ ရေထဲမှ ငါး၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည်
ပါတယ်။ အေးခဲနေ တာမျိုး၊ ရေခဲရိုက် ထားသလိုမျိုးတို့အပြင် သာမန် အတိုင်းကျလာတာမျိုးတို့လည်း ရှိပါ
တယ်။ Waterspout လို့ခေါ်တဲ့ ရေမိုင်တိုင်း (ရေပွေ) က သယ်ဆောင် ရေထဲမှာ ဆုပ်ယူသယ်ဆောင် သွားခြင်း
ဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။
သို့ပေမယ့် တစ်ခါတစ်လေကျတော့ သာမန်အတိုင်း ပျံသန်းနေတဲ့ ငှက်များကို လေမုန်တိုင်းက မွေနှောက် သယ်ဆောင်ပြီး တစ်နေရာ မှာ ပျံလည်ရွာကျပါတယ်။စင်္ကာပူ၊အမေရိကန်၊ ဗြိတိန်၊မက္ကဆီကိုတို့မှာတိရစ္ဆာန်
အကောင်အရေအတွက်အများဆုံးတိရစ္ဆာန်မိုးရွာသွန်းမှုများစံချိန်တင်ခဲ့ဖူးပါတယ်။ငါးအကောင်ပေါင်းထောင်
ချီ၊ ဖား အကောင်ပေါင်း ထောင်ချီ ရွာကျတာမျိုးလည်းခဲ့ပါတယ်။ဖားရော၊ငါးရော၊အခြားသော တိရစ္ဆာန်များ
ရောယှက်လို့လည်း ရွာပါတယ်။
အနီးစပ်ဆုံးအနေနဲ့ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ငါးမိုးကြီး ရွာသွန်းခဲ့ကြောင်း သိရ
ပါတယ်။
--
Ref: wiki
International news for myanmar

0 comments:
Post a Comment