Pages

Tuesday, January 1, 2013

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသတွင် တရုတ်ကုမ္ပဏီတခုမှ အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထား



ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ် 
းခြေတဝိုက်မှာ တရုတ်နိုင်ငံအခြေစိုက်Gold Finderသတ္တုတူးဖော်ရေးကုမ္ပဏီကအလူမီနီယမ် Aluminiumနဲ့ 
တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ
့ရှိရတာဖြစ်ပြီး အဲဒီ Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အ
စိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ

ဆန်းပိုင်းကစတင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲ
တန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်
တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်


နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူ
တွက ပြောကြပါတယ်။

မှတ်ချက် (မြန်မာပြည်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှာုးပါ သတ္တု တွေကို နိုင်ငံတော်ဖွံဖြိုးတိုးတတ်ဖို့ နိုင်ငံတော်
အစိုးရမှတာဝန်ယူပြီး လိုအပ်တဲ့ သိပ္ပံနဲ့ နည်းပညာရပ်များမှာ အသုံးချနိုင်ဖို့ တာဝန်ယူထိမ်းသိမ်းသင့်ပါ
တယ်၊)


Rfa (Burmese)

0 comments:

Post a Comment

 
world time