Pages

Thursday, December 20, 2012

မြန်မာပြည်အရောက်များတဲ့ ၈ခုမြောက် မျိုးဆက် ဟွန်ဒါ ဆီးဗစ် (Civic) ကား



မြန်မာပြည်အရောက်များတဲ့ ဟွန်ဒါ Civic ကတော့ ၈ခုမြောက် မျိုးဆက် ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ထုတ်လုပ်ထားတဲ့ ဆလွန်းနဲ့ Coupe ဖြစ်ပြီး ဆလွန်းကို ပိုမိုအသားပေး တင်သွင်းနေ

တာ တွေ့ရပါတယ်။
ဆလွန်းမှာမှ ၁၃၀၀ စီစီ Hybrid က ၂၀၁၁ မော်ဒယ်မှာ ရှိနေတဲ့အတွက် Free Permit နဲ့သွင်းလိုသူတွေ အ

တွက် အဆင်ပြေနေပါတယ်။ ၂၀၀၀ စီစီ၊ ၂၅၀၀ စီစီ အင်ဂျင် ပါဝါကြီးတွေကျတော့ ၂၀၀၅-၀၆ မော်ဒယ်

တွမှာ ရှိနေတဲ့အတွက် ကားဟောင်း စလစ်အပ်သူများအတွက် ဝယ်ယူနိုင်တာကလည်း အားသာချက် တစ်ခု ဖြစ်ပါတယ်။

လက်တလော တပ်မတော်ပြခန်းမှာ ၁၃၀၀ စီစီ ၂၀၁၁ မော်ဒယ် Civic တစ်စီး သိန်း ၂၁၀ ပေါက်ဈေး ရှိတာ

 တွေ့လိုက်ရပါတယ်။ Civic တင်မက မော်ဒယ်မြင့် ကားတွေ ဈေးဆက်ကျနေအုံးမှာ ဖြစ်ပါတယ်။

တံခါး လေးပေါက် ဆလွန်း Civic ၁၃၀၀ စီစီ ကတော့ အင်ဂျင်ဆိုက် ပုံမှန်ကား ဖြစ်ပါတယ်။ Hybrid ကားဖြစ်

တဲ့အတွက် ဘက်ထရီလည်း ပါဝင်ပါတယ်။ သူ့မှာ သတ်မှတ်ချက် ရှိနေပါတယ်။ ကီလိုမီတာ ၃-၄၀ အထက်

လာက် မောင်းနှင်ပြီးမှ ဘက်ထရီကအလုပ်လုပ်တာ ဖြစ်ပါတယ်။အင်ဆိုက်လောက်တော့ အရွယ်မကြီး ပါ

ဘူး။

၁၃၀၀ စီစီ အင်ဂျင်က V ဆလင်ဒါမဟုတ်ပဲ မျဉ်းဖြောင့် L ပုံစံ ပစ်စတင်များ စီတန်းထားပါတယ်။ မော်တာနဲ့ ထိန်းချုပ်ပြီး ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားက ၁၅၀ bhp အတောအတွင်း ရှိပါတယ်။ အမြင့်ဆုံး မောင်း

နှင်နိုင် အား တစ်နာရီ မိုင် ၁၃၀ ဝန်းကျင်ရှိပါတယ်။ ဘက်ထရီကို ဝမ်းဗိုက်မှာ တပ်ထားတဲ့အတွက် မိုးရာ

သီ ရေထဲမှာ ဂရုစိုက်မောင်းသင့်တဲ့ ကားဖြစ်ပါတယ်။

၂၀၀၅ မှ ၂၀၀၇ မော်ဒယ်များကတော့ Hybrid မဟုတ်တဲ့အတွက် ဘက်ထရီ မပါဝင်ပါဘူး။ ဒါကြောင့် အင်

ဂျင်ပါဝါ ပိုကြီးသွားပါတယ်။ ၁၈၀၀ စီစီ၊ ၂၀၀၀ စီစီ၊ ၂၅၀၀ စီစီ အစရှိသဖြင့် ကွဲပြားသွား ပါတယ်။ ဒါကြောင့် ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားကလည်း ၁၅၀ bhp ဝန်းကျင်မှာ ရှိပါတယ်။ 


အမြန်ဆုံးမောင်း နှင်နိုင်အား တစ်နာရီ ၁၃၀ ပတ်လည်တွေပဲ ဖြစ်ပါတယ်။ Civic ရဲ့ ရည်ရွယ်ချက်ကိုက ဆီ

စားသက်သာစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Hybrid ပဲဝယ်ဝယ်၊ Non- hybrid ပဲဝယ်ဝယ် အခြား မော်ဒယ်မြင့်

ကားများလောက်တော့ ဆီစားနှုန်းများ မှာ မဟုတ်ပါဘူး။

LCD တီဗီ၊ မြေပုံလမ်းပြစနစ်၊ နောက်ဘက်ကင်မရာ စတဲ့ ပစ္စည်းများကတော့ Hybrid မှာကြိမ်းသေပါပြီး ၂၀၀၅-၀၆ မော်ဒယ်များမှာကတော့ တစ်ဆင့်ရောင်း သူအပေါ်မှာသာ မူတည်ပါတယ်။

Civic hybrid ၂၀၁၁ မောဒယ် ဂရိတ် ၄.၅ အဆင့်၊ ကားကောင်း ဂျပန်လေလံပေါက်ဈေးကတော့ ယန်း ၁၈ သိန်းဝန်းကျင်ရှိတာ တွေ့ရပါတယ်။

TechSpace Journal
 

0 comments:

Post a Comment