အမေရိကန်နိုင်ငံကွန်နက်တီကတ်ပြည်နယ်နယူးတောင်းမြို့၌လူအစုအပြုံလိုက် သေနတ်ပစ်ခတ်သတ်ဖြတ်
မှုဖြစ်ပွားခဲ့ပြီးနောက်အမေရိကန်သမ္မတအိုဘားမားကတိုက်ခိုက်ရေးသေနတ်များပိတ်ပင်သွားရန် ထောက်
ခံကြောင်း ပြောကြားလိုက်သည်။ သမ္မတအိုဘားမားအနေဖြင့်အဆိုပါကိစ္စကိုလာမည့်ကွန်ဂရက်အစည်းအဝေးတွင်ဆွေးနွေးလိမ့်မည်ဖြစ်
ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဂျေးကာနေးက ပြောကြားသည်ဟု ဒီဇင်ဘာ ၁၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံတွင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ တိုးလာနိုင်ကြောင်း အမျိုးသားရိုင်ဖယ် အသင်းက ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန် ကြေညာချက်၌ ဖော်ပြထားသည်။
ထိုနေ့မှစပြီးအမေရိကန်နိုင်ငံတွင်တိုက်ခိုက်ရေးရိုင်ဖယ်သေနတ်များအပါအဝင်သေနတ်ရောင်းအား မြင့်
မင့်တက်လာသည်ဟု ဆိုသည်။ နယူးတောင်း၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့ သည်ဟု ဆိုသည်။
(ဘီဘီစီ)
(ဘီဘီစီ)
0 comments:
Post a Comment