Imogen ဆိုတဲ့ကလေးငယ်ဟာအသက်ကိုးပတ်အရွယ်ခန့်မှစပြီး Biliary Atresia ရောဂါရှိတယ်လို့
သတ်
မှတ်ခံခဲ့ရပါတယ်။ သည်းခြွေပန်မပါဘဲ မွေးလာတဲ့ကလေးဖြစ်ပြီးအစာထဲမှအဆီကို ဖြိုခွဲဖို့
မဖြစ်နိုင်တဲ့အ
ခြေအနေပါ။
နိုင်တာကြောင့်အသည်းအစားထိုးကုသမှုခံယူဖို့ ငါးလခန့် စောင့်ဆိုင်းနေစဉ်အတွင်း
အသက်ကယ်ဖို့အရေး
ပေါ် အခြေအနေ ဖြစ်လာတဲ့အတွက်မိခင်ဖြစ်သူကသူမရဲ့အသည်းတစ်ဝက်ကို
အစားထိုးပေးဖို့ဆုံးဖြတ်
လိုက်ပါတယ်။
အင်မိုဂန် ၁၁ လအရွယ်မှာ အသည်းအစားထိုးဖို့ မိခင်နဲ့ကလေးဟာ ဆေးရုံတစ်ခုစီမှာခွဲစိတ်မှုခံယူတယ်
လို့ သိရပါတယ်။ မိခင် ချဲလော့ရဲ့ အသည်းအစိတ်အပိုင်း တချို့ကို Queen Elizabeth ဆေးရုံမှာ ကိုးနာ
ရီကြာအောင် ခွဲစိတ်ပြီး ထုတ်ယူကာဘာမင်ဟန်ကလေးဆေးရုံမှ အင်မိုဂန်ကို အစားထိုး ကုသဖို့ ပေးခဲ့
ပါတယ်။
အသည်းရဲ့ ပြန်လည် ပြုပြင်နိုင်စွမ်းကြောင့်သမီးငယ်ကို ပေးခဲ့တဲ့ ချဲလော့ရဲ့အသည်းဘယ်ဘက်ခြမ်းဟာ
ပုံမှန်အရွယ်အတိုင်း ကြီးထွားလာပြီး မိခင်မှာ ကျန်ရစ်ခဲ့တဲ့ ညာဘက် ခြမ်းမှာလည်း ပုံမှန်အသည်းအရွယ်
အစားအတိုင်း ပြန်လည်ကောင်းမွန်သွားပါတယ်။ခွဲစိတ်ကုသမှုခံယူပြီး ခြောက်ရက်အကြာမှာမှ မိခင်ဟာ
သူမရဲ့သမီးကို တွေ့ခွင့်ရရှိတယ်လို့ သိရပါတယ်။
0 comments:
Post a Comment