မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြန်ယူဖို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက မြန်မာ သံအမတ်ကြီးကို မနေ့က ထုတ်ဖေါ် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး
ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဆိုင်ဒါမူဒါ တာဆနိမ်နဲ့ မနေ့က
နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံစဉ် ခုလို ပြောဆိုလိုက်တယ်လို့ဆိုပါ
တယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံကနော်ယာပါရာနဲ့ကူတို့ပလောင်ဒုက္ခသည်စခန်းတွေမှာယူအန် အသိအမှတ်ပြု မြန်မာ
နိုင်ငံကမွတ်ဆလင်ဒုက္ခသည်၂၉၀၀၀ရှိတဲ့အထဲက၂၄၁၅ဦးကိုမြန်မာဘက်ကပြန်ယူဖို့သဘောတူ ထားခဲ့
တယ်လို့ ပြောပါတယ်။
အဲဒီအထဲက မိသားစု (၁၀) စုကတော့ မိမိဆန္ဒနဲ့ အညီ မြန်မာပြည်ကို ပြန်မယ်လို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။
လာမယ့်UNHCRနဲ့ပြုလုပ်မယ့်အစည်းအဝေးမှာမြန်မာကို ဘင်္ဂလာဒေခ်ျ့က
ထောက်ခံသွားမယ်လို့ ပြောပါ
တယ်။ ဒါ့အပြင် ဘင်္ဂလာဒေခ်ျ့ အနေနဲ့ အိုအိုင်စီနဲ့
ယူအန် လူ့အခွင့်အရေး ကောင်စီ ( UNHRC) မှာလည်း မူအားဖြင့် ထောက်ခံမူ
ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံအနေနဲ့စီးပွားရေးကိုမြင့်တင်လုပ်ဆောင်သွားဖို့ဘင်္ဂလာဒေခ်ျ့ဘက်ကမနေ့က
တွေ့ဆုံပွဲမှာ ပြော
တယ်လို့ သိရပါတယ်။
မြန်မာသံအမတ်ကြီးကလည်းမြန်မာအစိုးရအနေနဲ့လည်းပြန်လည်လက်ခံယူရေး အစီအစဉ်ကို ပြန်စနိုင်
အောင် ကြိုးစားနေတယ်လို့ ပြောဆိုပါတယ်။အခုအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေနဲ့
ပတ်သက်ပြီးသူတို့ဟာ မြန်မာနိုင်ငံသားလား၊ ဘင်္ဂလားဒေခ်ျ့ နိုင်ငံကလာတာလား စသဖြင့်
မေးခွန်းတွေနဲ့ အတူ နိုင်ငံသား ဖြစ်ရေး၊ မဖြစ်ရေးနဲ့ စတဲ့ ငြင်းခုံမူတွေ
ဖြစ်ပေါ်နေချိန်မှာ ဘင်္ဂလာဒေခ်ျ့ဘက်ကလည်း သူတို့ နိုင်ငံထဲ ရောက်ရှိနေတဲ့
ဒုက္ခသည်တွေ မြန်မာကို ပြန်လည်ပို့ ဆောင်နိုင်ရေးကို တွန်းအားပေး
လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
နိရဉ္စရာသတင်း
0 comments:
Post a Comment