Pages

Wednesday, November 21, 2012

အလွှာပေါင်းစုံမှ ထင်ရှားသူများနှင့် အိုဘားမားသီးသန့်တွေ့ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံသူအချို့က အကြံပြု

ရန်ကုန်မြို့သို့ရောက်ရှိနေသောသမ္မတအိုဘားမားသည်ရန်ကုန်တက္ကသိုလ်၌မိန့်ခွန်းမပြောကြားမီ မြန်မာနိုင်
ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။
ထိုသို့သီးသန့်တွေ့ဆုံရာတွင်သမ္မတကနိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အရပ်ဘက် လူ့အဖွဲ့အစည်းများ
ကိုတန်ဖိုးထားလေးစားပြီးဒီမိုကရေစီဖြစ်စဉ်တွင်အရပ်ဘက်လူ့အဖွဲ့အစည်းများသည် လွန်စွာအရေးကြီး
သည်ဟု ငါးမိနစ်ခန့် ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက

တစ်ဦးချင်းမိမိပြောလိုသည်များကို၂မိနစ်ခန့်ပြောခွင့်ရခဲ့သည်ဟုအိုဘားမားနှင့် တွေ့ဆုံခဲ့သူများက ပြောသည်။


ရှမ်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သည့်ဦးခွန်ထွန်းဦးကသမ္မတအိုဘားမားနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်
ငံ၌စစ်မှန်သည့်ဖယ်ဒရယ်စနစ်ဖစ်ထွန်းရန်ကြိုးစားပေးပါရန်နှင့်ထိုသို့ဖက်ဒရယ်စနစ်ပေါ်ပေါက်ပါက သေနတ်
သံများ ငြိမ်သက်သွားမည်ဟု အိုဘားမားကို ပြောကြားခဲ့သည်ဟု ဆိုသည်။


တွေ့ဆုံမှုတွင်သမ္မတနှင့်တွ့ဆုံရသည့်အချိန်နည်းပါးသော်လည်းသမ္မတ၏ အထူးလက်ထောက်အကြံပေး
ပုဂ္ဂိုလ်နှင့်နိုဝင် ဘာ ၁၈ ရက်က အမေရိကန်ကလပ်တွင် တွေ့ဆုံခဲ့ရရာ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်၏အခန်းကဏ္ဍလည်းအရေးပါသည့်အတွက် အမေရိကန်နှင့် မြန်မာတပ်မတော်ဆက်ဆံရေးတို့
သည်အရေးပါသည်ဟုဆွးနွေးခဲ့ကြောင်း၈၈မျိုးဆက်ကျာင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး
က ပြောကြားသည်။


ဗေဒါသင်တန်းကျောင်းမှကိုမျိုးရန်နောင်သိန်းကလည်းမန်မာနိုင်ငံအစိုးရနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်း
ားဖြင့် တပ်မတော်ကို ဒီမိုကရက်တစ်စနစ် လေ့ကျင့်ပေးနိုင်မည်ဟု ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။


သမ္မတအိုဘားမားနှင့်သီးသန့်တွေ့ဆုံမှုသို့တက်ရောက်ခွင့်ရသူများမှာသီတဂူဆရာတော် အရှင်ဉာဏိဿရ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးခွန်ထွန်းဦး၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးနှင့်
ဦးမင်းကိုနိုင်၊ကရင်အမျိုးသမီးအဖွဲ့မှဒ်ါဆူဆန်နာလှလှစိုး၊ကချင်အမျိုးသမီးအဖွဲ့မှဒ်ါမေစံပယ်ဖြူ၊ အလုပ်
သမားအရေးဦးဆောင်သူဦးမောင်မောင်၊စားနပ်ရိက္ခာလုံခြုံရေးအဖွဲ့မှဒါက်တာဥမ္မာခိုင်၊ ဗေဒါနိုင်ငံရေးသင်
တန်းကျောင်း တည်ထောင်သူ ကိုမျိုးရန်နောင်သိန်းစသည့် အလွှာစုံမှ ပုဂ္ဂိုလ်စုစုပေါင်း ၁၄ ဦးပါဝင်သည်။
 
 
7DayNewsJournal

0 comments:

Post a Comment