ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန်
အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို
ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
တပ်မတော်အတွင်း ၁၉၄၈
ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး
ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့်
စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀
ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀
ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့်
အပါအ၀င်) ခန့်အပ်ခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူက
(ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်
က) ရှင်းလင်းဖြေကြားခဲ့သည်။
7Daynewsjournal
0 comments:
Post a Comment