ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နည်းလမ်း လေးခုဖြင့်ဖြေရှင်းသွားမည်ဟု သမ္မတဦးသိန်းစိန်ကဆိုသည်။မွေးဖွားမှုနှုန်းထိန်းချုပ်ခြင်း၊ပညာရေးမြှင့်တင်ပေးခြင်း၊အလုပ်အကိုင် အခွင့်
အလမ်းများဖန်တီးပေးခြင်းတို့ဖြင့်ဖြေရှင်းသွားမည်ဟုနိုဝင်ဘာ၂၁ရက်နေ့ကကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့
“ကျနော်တို့
ဒီလူ့အဖွဲ့အစည်းနှစ်ခု ရာသက်ပန်အားဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ဖို့
ဘာတွေလုပ်ရမလဲ။ အခြေခံ အားဖြင့် လုပ်ရမယ့်ဟာတွေကတော့ ပထမဦးဆုံး စိတ်နေ
စိတ်ထားတွေကို ပြောင်းသွားဖို့ လိုပါ တယ်။ လူသားချင်း စာနာတယ်၊ လူသားချင်း
ထောက်ထားတယ်ဆိုတဲ့ ဒီစိတ်ဓာတ်မျိုးတွေကို ပြောင်းအောင် လုပ်ရပါမယ်” ဟု သမ္မတ က ဆိုသည်။
ဒုတိယ အချက်အနေဖြင့် အဆိုပါ ဒေသနေသူများသည် ပညာရေး အဆင့်အတန်း နိမ့်ကျလျက်ရှိပြီး ပညာ
ရေးကို မြှင့်တင်ပေးရန်လည်းလိုအပ်သည်ဟု “ပညာရေးနဲ့ ပတ်သက်ပြီးတော့ အဆင့်အတန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ တိုးတက်လာမှာ ဖြစ်တယ်။ အသိစိတ်ဓာတ်တွေ တိုးတက်လာမှ ပတ်ဝန်း
ကျင်နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် နေနိုင်ကြမှာဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလျက်ရှိနေ၍ အလုပ်အကိုင် ရရှိရန်လည်း ဖန်တီးပေး
မှုများ လိုအပ်သည်ဟု သမ္မတက ဆိုသည်။
“အခွင့်အလမ်းတွေလည်း နည်းပါတယ်၊ဆင်းရဲနေတယ်၊မွဲတေနေတယ်ဆိုရင်ကိုယ့်ဘာသာနဲ့ကိုယ် နေရင်း
ထိုင်ရင်း နဲ့ကို ဒေါသဆိုတာ ဖြစ်နေတာပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာအောင်အခြေခံအား
ဖြင့် ဒါတွေ လုပ်ပေးဖို့ လိုတယ်” ဟု ဦးသိန်းစိန် က ပြောသည်။
နောက်ဆုံး အချက်အနေဖြင့် ပဋိပက္ခ ဒေသအတွင်း နေထိုင်သူများ ၏ မွေးဖွားမှုနှုန်းမှာ မြင့်တက်လျက်ရှိ
နေ၍အဆိုပါအခြေအနေကိုလည်းထိန်းချုပ်နိုင်ရန် ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်သွားမည်ဟု သမ္မတက ပြောကြားသွားသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ တသိန်းတသောင်း ရှိနေပြီး ဒုက္ခသည် အရေအတွက်မှာ တသိန်းကျော် ရှိနေသည်ဟု ဦးသိန်းစိန် က ဆိုသည်။ ထို့အပြင် ကျွေးမွေးစရိတ်အတွက် တလလျှင် ဒေါ်လာ ၁ သန်းကုန်ကျပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၆၅ သန်းခန့် လိုအပ်နေသည် ဟုလည်း သမ္မတက မြန်မာ မီဒီယာများအား ဖနွမ်းပင်မြို့တွင် ပြောကြားသွားသည်။
ဖနွမ်ပင် (မဇ္ဈိမ)
0 comments:
Post a Comment