Pages

Tuesday, March 11, 2014

Seoul Furniture & Home Living Fair 2014 ကုန်စည်ပြပွဲ ကျင်းပမည်


RangonNewsDaily: March . 11 .2014
အာဆီယံ - ကိုရီးယား စင်တာမှ ကြီးမှူး၍ ကိုရီးယား နိုင်ငံ Gyeonggi do မြို့ KINTEX အဆောက်အအုံ တွင် ဧပြီ ၂၄ ရက်မှ ၂၇ ရက်အထိ Seoul Furniture & Home Living Fair 2014 ကုန်စည်ပြပွဲ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ကုန်စည်ပြပွဲ သို့ မြန်မာနိုင်ငံ မှ ကုမ္ပဏီ နှစ်ခု ပါဝင်ပြသခွင့် ရမည် ဖြစ်သည်။ ပြပွဲ ကျင်းပရခြင်း ၏ ရည်ရွယ်ချက် မှာ အာဆီယံ နိုင်ငံအတွင်းမှ ထုတ်လုပ်သည့် ပရိဘောဂ နှင့် အိမ် အသုံးအဆောင် ပစ္စည်းများကို ကိုရီးယား ဈေးကွက်သို့ ပိုမို တင်ပို့ နိုင်စေရန် နှင့် အာဆီယံ လုပ်ငန်းရှင် များနှင့် ကိုရီးယား ၀ယ်သူများ အကြား အဆက်အသွယ် အခွင့်အလမ်း ကောင်းများ ရရှိ၍ ကုန်သွယ်မှုများ ပိုမို တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။

ကုန်စည်ပြပွဲ သို့ သွားရောက် ပြသရန် စိတ်ပါဝင်စား ပါက စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ဖုန်း ၀၆၇ - ၂၅၀ ၄၃၂ နှင့် မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင် များအသင်း ဖုန်း ၀၆၇ - ၂၁၄ ၈၃၈ နှင့် ၀၆၇ - ၂၁၄ ၈၄၀ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။

myawadydaily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment