Pages

Tuesday, March 11, 2014

ဦးဝီရသူ စစ်တွေတွင် တရားဟောမည်

RangonNewsDaily: March . 11 .2014
အမျိုးဘာသာစောင့်ရှောက်ရေး ဆရာတော်ဦးဝီရသူသည် မတ်လ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေ မြို့၌ အမျိုးသားရေးနှင့်ပတ်သက်သော တရားပွဲပြုလုပ်မည်ဟု ဦးဝီရသူက မတ်လ ၁၀ ရက်တွင် မဇ္ဈိမ ကို ပြောသည်။
ဦးဝီရသူသည် ရခိုင်ပြည်နယ်တွင် ၁၀ ရက်ကြာမြင့်မည်ဖြစ်ကာ ရခိုင်ပြည်နယ်တွင်း မြို့နယ်အများစုသို့ လှည့်လည်ကာ ဟောပြောမှုများ ပြုလုပ်မည်ဟုလည်း ၎င်းက ဆိုသည်။
“ရခိုင်ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ဒုက္ခသည်စခန်းတွေကို လှူဒါန်းမှုတွေ လုပ်ဖို့ဖြစ်ပါတယ်”ဟု ဦးဝီ ရသူက မဇ္ဈိမကို ပြောသည်။ ဦးဝီရသူသည် မတ်လ ၁၁ ရက်တွင် စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံး ချမ်းသာဘုရားကြီးတွင် တရားပွဲကျင်းပမည်ဖြစ်သည်။

ဦးဝီရသူ၏ အမျိုးဘာသာစောင့်ရှောက်ရေးတရားများ ဟောကြားမှုနှင့်ပတ်သက်ပြီး မောင်တောမြို့ရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးအဘူတာဟေးက“ဘာသာရေးတရားတော်တွေ ဟောကြားတာနဲ့ ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ ဘာသာရေးကိုအကြောင်းပြပြီး ဆူပူလိုသူတချို့က ဘာသာတိုင်းမှာ ရှိပါတယ်။ ဒါမျိုးတွေဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်”ဟု ပြောသည်။

ဦးဝီရသူသည် ဘာသာနှစ်မျိုး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစ္စလာမ်ဘာရေးခေါင်း ဆောင် ဒိုင်းမွန်းဦးရွှေကြည်နှင့် ရန်ကုန်မြို့တွင် ငါးကြိမ် တွေ့ဆုံဆွေးနွေးထားသည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

မှတ်ချက် ။    ။ ဦးဝီရသူသည် အမျိုးဘာသာသာသနာခေါင်းစဉ်ဖြင့် နယ်လှည့်တရားပွဲများ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ပြီ ၊ ဦးဝီရသူ လှည့်လည်ဟောကြားခဲ့သော ဒေသတိုင်းတွင် အစ္စလာမ်ဘာသာဝင်များအား ဗုဒ္ဒဘာသာဝင်များမှ အကြမ်းဖက်တိုက်ခိုက်
မှုများ ပြုလုပ်စေရန် အမုန်းတရားများ ၊ 

အစ္စလာမ်ဘာသာရေးမကောင်းကြောင်းများဟောကြားခဲ့သဖြင့် စစ်တွေဒေသခံများမှတရားပွဲကြောင့် အကြမ်းဖက်မှု
များဖြစ်ပွားလာမည်ကို အထူးစိုးရိမ်နေကြကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

 
world time