Pages

Friday, November 8, 2013

First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO

Photo: First Look: ဘက်စုံသုံး စမတ်ဖုန်း (သို့) ALCATEL ONE TOUCH HERO
Friday, November 8, 2013

IFA 2013 နည်းပညာပြပွဲရဲ့ အထူးခြားဆုံးသော စမတ်ဖုန်းအား ရွေးချယ်ပါဆိုလျှင် ALCATEL ONE TOUCH HERO အား ရွေးချယ်ရပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီစမတ်ဖုန်းဟာ “ဘက်စုံသုံး” ဆိုတဲ့ အခေါ်အဝေါနဲ့ အမှန်တကယ်ကို လိုက်ဖက်တဲ့ ပထမဆုံးသော စမတ်ဖုန်း ဖြစ်နေလို့ပါပဲ။ ကြီးမားကျယ်ပြန့်ပြီး ပုံထွက်ကောင်းမွန်လှတဲ့ ၆ လက်မ အရွယ် မျက်နှာပြင်နဲ့ စွမ်းဆောင်ရည် မြင့်မားလှတဲ့ အချက်တွေအပြင် Stylus Pen ၊ E Ink သုံး အဖုန်းနဲ့ Pico ပရော်ဂျက်တာတို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး အဖြစ် ဘက်စုံသုံးနိုင်အောင် အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ စမတ်ဖုန်းပါပဲ။

ALCATEL ONE TOUCH HERO ရဲ့ ၆ လက်မ မျက်နှာပြင်ရဲ့ ပုံထွက်နှုန်းဟာ 1920 x 1080 pixel ရှိလို့ Full HD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ လက်ရာမထင်အောင်လည်း Oleophobic အလွှာပါး ဖုန်းအုပ်ပေးထားပါတယ်။

စက်ပိုင်းဆိုင်ရာမှာတော့ quad-core ပရော်ဆက်ဆာ၊ 2GB RAM နဲ့ 8GB (သို့) 16GB သိုမှီးမှုပါမာဏတို့ကို ထည့်သွင်းပေးထားပါတယ်။ ထူးခြားတာကတော့ 16GB မော်ဒယ်မှာ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းလို့ ရမှာဖြစ်ပါတယ်။ 32GB ပမာဏအထိ ထည့်သွင်းနိုင်မယ့် microSD အပေါက်နဲ့ 3400 mAh အားရှိတဲ့ ဘက္ကထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

HERO ကို အမှတ်မထင်ကြည့်ရင် Samsung Galaxy Note II နဲ့ တူသယောင်ရှိနေပြီး ပါဝင်တဲ့ Stylus Pen ဟာလည်း Note ရဲ့ Stylus နဲ့ ဆင်နေပြန်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက ထူးခြားပြီး ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒီစမတ်ဖုန်းနဲ့ တွဲဖက်ပြီး အသုံးပြုဖို့ သီးသန့်ထုတ်လုပ် ပေးထားတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျမှသာ “ဘက်စုံသုံး” စမတ်ဖုန်းတစ်ခု ဖြစ်လာမှာပါ။

ပထမဆုံး ပစ္စည်းကတော့ TV Link ခေါ် မိမိရဲ့ တီဗီနဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး ဖုန်းပေါ်မှာ ပေါ်နေသည့် မြင်ကွင်းအား တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
HERO ရဲ့ အနောက်ဖက် ညာဖက်ခြမ်းမှာ pin တွေ တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။ ဒီ Pin တွေဟာ ကြိုးမဲ့အားသွင်းနိုင်တဲ့ case နဲ့ LED မီးလုံးလေးတွေနဲ့ notification တွေကို ဖော်ပြပေးနိုင်တဲ့ Megaflip လို့ခေါ်တဲ့ case တို့ကို ချိတ်ဆက်တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဤ ထပ်ဆောင်းပစ္စည်းများအနက် အထူးခြားဆုံးကတော့ E Ink မြင်ကွင်း တပ်ဆင်ထားတဲ့ cover ပဲဖြစ်ပါတယ်။ ဒီ E Ink မြင်ကွင်းကို အသုံးပြုပြီး စာဖတ်ခြင်း ၊ text message ကြည့်ခြင်းနဲ့ အခြားသော အချက်အလက်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထပ်ဆောင်းပစ္စည်းကတော့ Pico ပရော်ဂျက်တာပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ pin တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် ဤ ပရော်ဂျက်တာလေးဟာ HERO စမတ်ဖုန်းအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်ပြီး လက်မ ၇၀ အရွယ် မြင်ကွင်းအား ချိန်ထိုးဖော်ပြ ပေးနိုင်မယ်လို့ သိရှိရပါတယ်။

HERO အား အဖြူ၊ အနက်နှင့် အပြာရောင်များဖြင့် ထုတ်လုပ်သွားမယ်လို့ သိရှိရပြီး ဈေးနှုန်းနှင့် စတင်ဖြန့်ချိမည့် အချိန်တို့ကိုမူ မသိရှိရသေးပါ။

Myanmar Consumer Guide

RangonNewsDaily:: November . 8 .2013
IFA 2013 နည်းပညာပြပွဲရဲ့ အထူးခြားဆုံးသော စမတ်ဖုန်းအား ရွေးချယ်ပါဆိုလျှင် ALCATEL ONE TOUCH HERO အား ရွေးချယ်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစမတ်ဖုန်းဟာ “ဘက်စုံသုံး” ဆိုတဲ့ အခေါ်အဝေါနဲ့ အမှန်တကယ်ကို လိုက်ဖက်တဲ့ ပထမဆုံးသော စမတ်ဖုန်း ဖြစ်နေလို့ပါပဲ။ ကြီးမားကျယ်ပြန့်ပြီး ပုံထွက်ကောင်းမွန်လှတဲ့ ၆ လက်မ အရွယ် မျက်နှာပြင်နဲ့ စွမ်းဆောင်ရည် မြင့်မားလှတဲ့ အချက်တွေအပြင် Stylus Pen ၊ E Ink သုံး အဖုန်းနဲ့ Pico ပရော်ဂျက်တာတို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး အဖြစ် ဘက်စုံသုံးနိုင်အောင် အဖက်ဖက်က ပြီးပြည့်စုံနေတဲ့ စမတ်ဖုန်းပါပဲ။

ALCATEL ONE TOUCH HERO ရဲ့ ၆ လက်မ မျက်နှာပြင်ရဲ့ ပုံထွက်နှုန်းဟာ 1920 x 1080 pixel ရှိလို့ Full HD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ လက်ရာမထင်အောင်လည်း Oleophobic အလွှာပါး ဖုန်းအုပ်ပေးထားပါတယ်။

စက်ပိုင်းဆိုင်ရာမှာတော့ quad-core ပရော်ဆက်ဆာ၊ 2GB RAM နဲ့ 8GB (သို့) 16GB သိုမှီးမှုပါမာဏတို့ကို ထည့်သွင်းပေးထားပါတယ်။ ထူးခြားတာကတော့ 16GB မော်ဒယ်မှာ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းလို့ ရမှာဖြစ်ပါတယ်။ 32GB ပမာဏအထိ ထည့်သွင်းနိုင်မယ့် microSD အပေါက်နဲ့ 3400 mAh အားရှိတဲ့ ဘက္ကထရီကိုလည်း တပ်ဆင်ပေးထားပါတယ်။

HERO ကို အမှတ်မထင်ကြည့်ရင် Samsung Galaxy Note II နဲ့ တူသယောင်ရှိနေပြီး ပါဝင်တဲ့ Stylus Pen ဟာလည်း Note ရဲ့ Stylus နဲ့ ဆင်နေပြန်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေက ထူးခြားပြီး ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ ဒီစမတ်ဖုန်းနဲ့ တွဲဖက်ပြီး အသုံးပြုဖို့ သီးသန့်ထုတ်လုပ် ပေးထားတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါကျမှသာ “ဘက်စုံသုံး” စမတ်ဖုန်းတစ်ခု ဖြစ်လာမှာပါ။

ပထမဆုံး ပစ္စည်းကတော့ TV Link ခေါ် မိမိရဲ့ တီဗီနဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး ဖုန်းပေါ်မှာ ပေါ်နေသည့် မြင်ကွင်းအား တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
HERO ရဲ့ အနောက်ဖက် ညာဖက်ခြမ်းမှာ pin တွေ တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။ ဒီ Pin တွေဟာ ကြိုးမဲ့အားသွင်းနိုင်တဲ့ case နဲ့ LED မီးလုံးလေးတွေနဲ့ notification တွေကို ဖော်ပြပေးနိုင်တဲ့ Megaflip လို့ခေါ်တဲ့ case တို့ကို ချိတ်ဆက်တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ဤ ထပ်ဆောင်းပစ္စည်းများအနက် အထူးခြားဆုံးကတော့ E Ink မြင်ကွင်း တပ်ဆင်ထားတဲ့ cover ပဲဖြစ်ပါတယ်။ ဒီ E Ink မြင်ကွင်းကို အသုံးပြုပြီး စာဖတ်ခြင်း ၊ text message ကြည့်ခြင်းနဲ့ အခြားသော အချက်အလက်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထပ်ဆောင်းပစ္စည်းကတော့ Pico ပရော်ဂျက်တာပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ pin တွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် ဤ ပရော်ဂျက်တာလေးဟာ HERO စမတ်ဖုန်းအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်ပြီး လက်မ ၇၀ အရွယ် မြင်ကွင်းအား ချိန်ထိုးဖော်ပြ ပေးနိုင်မယ်လို့ သိရှိရပါတယ်။

HERO အား အဖြူ၊ အနက်နှင့် အပြာရောင်များဖြင့် ထုတ်လုပ်သွားမယ်လို့ သိရှိရပြီး ဈေးနှုန်းနှင့် စတင်ဖြန့်ချိမည့် အချိန်တို့ကိုမူ မသိရှိရသေးပါ။

Myanmar Consumer Guide , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment