Pages

Friday, November 8, 2013

လွတ်လပ်စွာထုတ်ဖော်ခွင့် ကွန်ရက်ဖွဲ့စည်း

RangonNewsDaily:: November . 8 .2013
ပုဒ်မ ၁၈ အပါအဝင် ပြည်သူလူထု၏ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ကန့်သတ်ပိတ်ပင် တားဆီးမှု များ ကို ပယ်ဖျက်ရေး အတွက် အရပ်ဘက်လူမှုအဖွဲ့အ စည်းများနှင့် နိုင်ငံရေးအင်အား စုများမှ လွတ်လပ်စွာ ထုတ်ဖော် ခွင့် ကွန်ရက်ကို ဖွဲ့စည်းလိုက် ကြောင်း သိရသည်။

နိုဝင်ဘာ၆ရက်က သင်္ဃန်း ကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် (ငြိမ်း/ပွင့်)၌ ပြု လုပ်သော ပုဒ် မ၁၈နှင့် ပတ်သက်၍ သဘော ထား အမြင်များ ဆွေးနွေးပွဲအ ပြီးတွင် အဖွဲ့၁၅ဖွဲ့နှင့်အတူ လူ ပုဂ္ဂိုလ် သုံးဦးပါဝင်သော ကွန်ရက် တစ်ခုကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

ပေါင်းကူးအဖွဲ့မှ ဒါရိုက် တာ ဦးကျော်သူက''ကျွန်တော်တို့ ဒီကွန်ရက်ကနေ နိုင်ငံရေး တက် ကြွလှုပ်ရှားမှုမှာ ဆောင်ရွက်နေ တဲ့သူတွေကို ဖိနှိပ်နေတဲ့ ဒီပုဒ်မ ပြင်ဆင်ဖို့ ဒါမှမဟုတ် ဖျက်သိမ်း ဖို့အတွက် မူကြမ်းတစ်ခု ထွက် သည်အထိ ဒီကွန်ရက်ကဆောင် ရွက်သွားမှာပါ''ဟု ပြောသည်။

ကွန်ရက်အနေဖြင့် ထပ်မံ ၍လည်း တခြားအဖွဲ့အစည်းများ အား ကွန်ရက်တွင် ပါဝင်နိုင်ရန် ချိတ်ဆက်သွားမည်ဖြစ်ပြီး ရှေ့နေ များနှင့်လည်း အဆိုပါပုဒ်မနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်သွား မည်ဖြစ်သည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time