RangonNewsDaily:: October. 11 .2013
ယခင် အစိုးရ လက်ထက် အတွင်း အမည်ပျက် စာရင်း Black List အထည့်သွင်း
ခံထားရသည့် ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဆရာဝန် ၁၀၁၀
ဦးအား ယင်းစာရင်းမှ ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ လ ၁၀ ရက် ရက်စွဲဖြင့်
နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်၌ ထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စု အစိုးရ အဖွဲ၊့အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် အညီ ဒီမိုကရေစီ စနစ်ကိုဖော်ဆောင် ရာတွင် နိုင်ငံ၏
အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခြင်း အလို့ငှာ ယခုကဲ့သို့
အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခြင်း ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်၌
ပါရှိသည်။
အမည်ပျက် စာရင်း ထည့်သွင်း ခံထားရသည့် ဆရာဝန်
အများစုမှာ တာဝန်ပြောင်း ရွှေ့ရာသို့ သွားရောက် အမှုမထမ်းသည့် ၀န်ထမ်းများ
ဖြစ်ကြပြီး ဆရာဝန် ကျင့်ဝတ် ဖောက်ဖျက်မှု၊ တာဝန် မကျေပွန်မှုနှင့် ငွေကြေး
အလွဲသုံးစား လုပ်မှုများကြောင့် စာရင်း ထည့်သွင်း ခံရသူများဖြစ်သည်။
ထို့ပြင် လူနာများထံမှ ငွေကြေး တောင်းခံမှု၊ လူမှုရေး ဖောက်ပြန်မှု၊
သက်ဆိုင်ရာ ဒေသ အာဏာပိုင်၏ အမိန့် မနာခံမှု၊ ပြည်ပသို့ပညာ တော်သင်
သွားရောက်ပြီး ပြန်မလာ သူများလည်း ယင်းအမည်ပျက် စာရင်းထဲ၌ ပါဝင်သည်။…
ထူးခြားချက် အနေဖြင့် အကျဉ်းထောင် အတွင်း မသမာမှုများ ကိစ္စရပ် များ၌
ပါဝင်မှုဖြင့် အမည်ပျက် စာရင်း ထည့်သွင်း ခံထားရသူများ
ပါရှိနေခြင်းဖြစ်သည်။ယင်းအမည်ပျက်
စာရင်းထဲ၌ အကြောင်း အမျိုးမျိုးကြောင့် လျော်ကြေး ပေးသွင်းခဲ့ရ သည့်
ဝန်ထမ်းများလည်း ပါရှိပြီး အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သိန်း
၇၀ အထိ လျော်ကြေးပေးခဲ့ရကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
အစိုးရသစ် လက်ထက်အတွင်း အမည်ပျက် စာရင်း ထုတ်ပယ်ရာ၌ ကျန်းမာရေး ၀န်ကြီး
ဌာန လက်အောက်ရှိ ဆရာဝန် ၀န်ထမ်း များအား တပေါင်း တစည်းတည်း ပယ်ဖျက်ပေးမှုမှာ
ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင်ကလည်း အခြားနယ်ပယ် အသီးသီးမှ လူပုဂ်္ဂိုလ်များ
ကိုလည်း ပယ်ဖျက် ပေးခဲ့ဖူးသည်။
ယခုကဲ့သို့ ဆရာဝန် များအား
အမည်ပျက် စာရင်းမှ ပယ်ဖျက် ပေးချိန်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်
ဘရူနိုင်း နိုင်ငံသို့ အာဆီယံ ဥက္ကဋ္ဌ ရာထူး ရယူရန် သွားရောက်သည့် အချိန်နှင့်
တိုက်ဆိုင်နေသည်။ ထို့ပြင် ယခု အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးသည့် လူဦးရေ
အရေအတွက်သည် ၁၀၁၀ ဖြစ်ပြီး အောက်တိုဘာ (၁၀)လ၊ ၁၀ရက် နေ့တွင် ထုတ်ပြန်
သည့်အတွက် ထူးခြားလျက်ရှိသည်။
မြန်မာသံတော်ဆင့် , kolatt(PBDN)
RangonNewsDaily
အစိုးရသစ် လက်ထက်အတွင်း အမည်ပျက် စာရင်း ထုတ်ပယ်ရာ၌ ကျန်းမာရေး ၀န်ကြီး ဌာန လက်အောက်ရှိ ဆရာဝန် ၀န်ထမ်း များအား တပေါင်း တစည်းတည်း ပယ်ဖျက်ပေးမှုမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင်ကလည်း အခြားနယ်ပယ် အသီးသီးမှ လူပုဂ်္ဂိုလ်များ ကိုလည်း ပယ်ဖျက် ပေးခဲ့ဖူးသည်။
ယခုကဲ့သို့ ဆရာဝန် များအား အမည်ပျက် စာရင်းမှ ပယ်ဖျက် ပေးချိန်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘရူနိုင်း နိုင်ငံသို့ အာဆီယံ ဥက္ကဋ္ဌ ရာထူး ရယူရန် သွားရောက်သည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ထို့ပြင် ယခု အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးသည့် လူဦးရေ အရေအတွက်သည် ၁၀၁၀ ဖြစ်ပြီး အောက်တိုဘာ (၁၀)လ၊ ၁၀ရက် နေ့တွင် ထုတ်ပြန် သည့်အတွက် ထူးခြားလျက်ရှိသည်။
မြန်မာသံတော်ဆင့် , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment