Pages

Friday, October 11, 2013

ဂျပန်နိုင်ငံတွင် ဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးသေဆုံး

Photo: ဂျပန်နိုင်ငံတွင် ဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးသေဆုံး
Friday, October 11, 2013

ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာတွင် ဖြစ်ပွားသော ဆေးရုံ မီးလောင်မှုအတွင်း လူနာ ၈ ဦးနှင့် ဆေးရုံဝန်ထမ်း ၂ ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။

ဂျပန်နိုင်ငံတွင် ဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးသေဆုံး
ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာတွင် ဖြစ်ပွားသော ဆေးရုံ မီးလောင်မှုအတွင်း လူနာ ၈ ဦးနှင့် ဆေးရုံဝန်ထမ်း ၂ ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။ မီးလောင်ကျွမ်းမှုကြောင့် အခြား လူ ၈ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေကို အတိအကျ မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအရာရှိက ပြောကြားသည်။

NHK သတင်းဌာနက ထုတ်လွှင့်သည့် ဗီဒီယိုအရ မီးသတ်သမား များက ဆေးရုံတစ်ဝိုက်တွင် မီးသတ်သမားများ ရှိနေပြီး ဆေးရုံ ၏ရှေ့ဘက်ဝင်ပေါက်မှ မီးခိုးလုံးများ ထွက်ပေါ်လျက်ရှိသည်။ အထပ်လေးထပ်ရှိ ဆေးရုံအဆောက်အအုံ၏ အစိတ်အပိုင်းများမှာ မီးစွဲလောင်ကျွမ်းနေသည်ကို တွေ့ရသည်။ မီးလောင်ကျွမ်းမှု မှာ ဒေသစံတော်ချိန် ယနေ့ နံနက် ၂း၂၀ ဝန်းကျင်တွင် စတင်ဖြစ် ပွားခဲ့ပြီး နောက်ထပ် ၂ နာရီကျော်ကြာ ဆက်လက် လောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့အရာရှိက ပြောကြားသည်။

၁၉၇၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အရိုးအကြောအထူးကု ဆေးရုံသည် ဖူကူအိုကာ၏ ဆိတ်ငြိမ်အရပ်ဒေသတွင် တည်ရှိပြီး ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေသည့် လူနားအများအပြားမှာ သက်ကြီးရွယ်အို များဖြစ်ကြ သည်။ မီးသတ်သမားတစ်ဦး၏ အဆိုအရ မီးသတ်ကားများ ရောက် ရှိသွားချိန် တွင် ဆေးရုံအဆောက်အအုံမှာ မီးညွန့်များထွက်ပေါ် ကာ လောင်ကျွမ်းမှုအားကောင်းနေပြီဟု သိရသည်။ ဆေးရုံအဆောက်အအုံမှ ထွက်လာသည့် မီးခိုးများမှာ ၎င်း၏အိမ်ရှေ့တံခါးအထိပင် ရောက်ရှိလာကြောင်း၊ အကူအညီ အော်ဟစ်တောင်းခံသည့် အသံများကိုလည်း ကြားခဲ့ရကြောင်း ဆေးရုံအနီးပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

Planet Myanmar Network

RangonNewsDaily:: October. 11 .2013
ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာတွင် ဖြစ်ပွားသော ဆေးရုံ မီးလောင်မှုအတွင်း လူနာ ၈ ဦးနှင့် ဆေးရုံဝန်
ထမ်း ၂ ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။ ဂျပန်နိုင်ငံတွင် ဆေးရုံမီးလောင်ကျွမ်းမှုကြောင့်လူ ၁၀ ဦးသေဆုံးဂျပန်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင်ယနေ့နံနက်
အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 
 
ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာတွင် ဖြစ်ပွားသော ဆေးရုံ မီးလောင်မှုအတွင်း လူနာ ၈ ဦးနှင့် ဆေးရုံဝန်
ထမ်း ၂ ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။ မီးလောင်ကျွမ်းမှုကြောင့် အခြား လူ ၈ ဦး
လည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေကို အတိအကျ မသိရှိရသေးကြောင်း ရဲတပ်
ဖွဲ့ပြောခွင့်ရအရာရှိက ပြောကြားသည်။

NHK သတင်းဌာနက ထုတ်လွှင့်သည့် ဗီဒီယိုအရ မီးသတ်သမား များက ဆေးရုံတစ်ဝိုက်တွင် မီးသတ်သမား
များ ရှိနေပြီး ဆေးရုံ ၏ရှေ့ဘက်ဝင်ပေါက်မှ မီးခိုးလုံးများ ထွက်ပေါ်လျက်ရှိသည်။ အထပ်လေးထပ်ရှိ ဆေးရုံ
အဆောက်အအုံ၏ အစိတ်အပိုင်းများမှာ မီးစွဲလောင်ကျွမ်းနေသည်ကို တွေ့ရသည်။ 
 
မီးလောင်ကျွမ်းမှု မှာ ဒေသစံတော်ချိန် ယနေ့ နံနက် ၂း၂၀ ဝန်းကျင်တွင် စတင်ဖြစ် ပွားခဲ့ပြီး နောက်ထပ် ၂ နာရီကျော်ကြာ ဆက်လက် လောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် သေ
ဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့အရာရှိက ပြောကြားသည်။

၁၉၇၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အရိုးအကြောအထူးကု ဆေးရုံသည်ဖူကူအိုကာ၏ဆိတ်ငြိမ်အရပ်ဒေ
သတွင် တည်ရှိပြီး ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေသည့် လူနားအများအပြားမှာ သက်ကြီးရွယ်အို များဖြစ်ကြ သည်။ မီးသတ်သမားတစ်ဦး၏ အဆိုအရ မီးသတ်ကားများ ရောက် ရှိသွားချိန် တွင် ဆေးရုံအ
ဆောက်အအုံမှာ မီးညွန့်များထွက်ပေါ် ကာ လောင်ကျွမ်းမှုအားကောင်းနေပြီဟု သိရသည်။
 
 ဆေးရုံအဆောက်အအုံမှ ထွက်လာသည့် မီးခိုးများမှာ ၎င်း၏အိမ်ရှေ့တံခါးအထိပင် ရောက်ရှိလာကြောင်း၊ အကူအညီ အော်ဟစ်တောင်းခံသည့်အသံများကိုလည်း ကြားခဲ့ရကြောင်း ဆေးရုံအနီးပတ်ဝန်းကျင်တွင် နေ
ထိုင်သူတစ်ဦးက ပြောကြားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment