Pages

Tuesday, September 24, 2013

တိုင်ဖွန်း မုန်တိုင်း Usagi တိုက်ခတ်မှုကြောင့် တရုတ်တွင် သေဆုံးသူ ၃၃ ဦးအထိရှိလာ

ပေကျင်း ၊ ၂၄-၉-၂၀၁၃

ယခုနှစ်တွင် တိုက်ခတ် ခဲ့သည့် မုန်တိုင်းများအနက် အင်အား အပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်သော Usagi မုန်တိုင်းသည် တရုတ်နိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့ရာ သေဆုံးသူ ဦးရေမှာ ၃၃ ဦးအထိ မြင့်တက် လာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ များက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
အဆိုပါ တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှု ကြောင့် လေယာဉ် ခရီးစဉ်ရာပေါင်း များစွာကို ဖျက်သိမ်း ခဲ့ရသည့် အပြင် ရေကြောင်း ၊ ကုန်းကြောင်း နှင့် ရထားလမ်းများ ကိုပါ ပိတ်ထား ခဲ့ရသည်။

Usagi တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ဟောင်ကောင်မြို့ နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများ မုန်တိုင်းဒဏ် ခံစားခဲ့ရပြီး မုန်တိုင်း ဒဏ်ကြောင့် သေဆုံးသူ အများစုမှာ ကွမ်တုန်း ပြည်နယ်မှ ဖြစ်သည်။

Usagi မုန်တိုင်းသည် ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) စသည့် နိုင်ငံများသို့ ၀င်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် ယင်းဒေသ၌ လူ ၇ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

TheMyawadyDaily , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time