Pages

Tuesday, September 24, 2013

အရောင်းအ၀ယ်ကိစ္စဖြင့် ဘုန်းကြီးကျောင်းကို လာရောက်တည်းခိုသည့်မိန်းကလေးအား သံဃာတစ်ပါးမှ သားမယားအဖြစ် ပေါင်းသင်နေထိုင်ရန် ခိုးယူထွက်ပြေး.....

RangonNewsDaily:: September 24, 2013

ရွှေဘိုမြို့မရဲစခန်း၌ ယခုလ ၂၂ ရက်နေ့ မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က အရောင်းအ၀ယ်ကိစ္စဖြင့် ဘုန်းကြီးကျောင်းကို လာရောက်တည်းခိုသည့်မိန်းကလေးအား သံဃာတစ်ပါးမှ သားမယားအဖြစ် ပေါင်းသင်း နေထိုင်ရန် ခိုးယူထွက် ပြေး သွားသည့် အပေါ် တရားဥပဒေအရ အရေးယူပေးစေလိုကြောင်း လာရောက်တိုင်တန်းချက်များအရ ရဲစခန်းမှ အမှုဖွင့်ခဲ့ ကြောင်းသိရသည်။
ထိုအမှုအား ရဲစခန်းမှ (ပ) ၃၅၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၆၆ အရ လက်ခံရေးဖွင့်ခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးမှ ဆိုသည်။
::
ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်၊ နတ်ပေး ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေထိုင်တော်မူသည့် ရဟန်းဘွဲ့တော် ဦးရေ၀ရ၊ လူအမည် ကိုနိုင်လင်း အသက်(၃၄)နှစ် သာဿနာဝင် အမှတ် ၅/၀လန(သ) ၀၀၀၂၀၀ ရွှေပန်းကုံးကျေးရွာ၊ ၀က်လက်မြို့နယ် ဆိုသူသည် ထိုကျောင်းတိုက်သို့ တန့်ဆည်မြို့နယ်၊ ကုန်းရိုးအနောက်ကျေးရွာနေ မစုမိုးနိုင်(ခ) မစုစု အ သက်(၁၇)နှစ်ဆိုသည့် မိန်းကလေးငယ်တစ်ဦးမှ အရောင်းအ၀ယ်ကိစ္စအတွက် လာရောက် တည်းခိုနေထိုင်စဉ် သားမယားအ ဖြစ် ပေါင်းသင်းနေထိုင်ရန်အတွက် ခိုးယူထွက်ပြေးတိမ်းရှောင်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ကိုတိုး ချင်းတွင်း-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment