skip to main |
skip to sidebar
အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်
12:48 PM
Kolatt
RangonNewsDaily:: September 24, 2013
မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော
အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့
စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ
စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄)
ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင်
ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြိတ်မြို့
ပိန္နဲတောင်ကျေးရွာမှ အလုပ်သမား (၅၀) ဦးကျော်ခန့် တင်ဆောင်၍ ယာဉ်မောင်း
စိုးလတ်ဦး ၊ အသက် (၂၆)နှစ်၊ (ဘ) ဦးခင်စိုး မောင်းနှင်
လာသည့်
ကင်တာအမျိုးအစား ယာဉ်အမှတ် (၂ခ/…………. ) သည် ကား အလေး ချို့ယွင်းမှုကြောင့်
အရှိန်မထိန်းနိုင်ဘဲ လမ်း၏ လက်ယာဘက်သို့ တိမ်းမှောက်သွားခဲ့သည်။
::
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ကျား (၃) ဦး ၊ မ
(၁၄) ဦးသည် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မောင်နေလင်းနိုင် အသက်
(၁၉)နှစ်၊ (ဘ) ဦးစိုးမြင့် (ဦးခေါင်းကွဲဒဏ်ရာ) နှင့် မဖြိုးသူဇာ အသက်
(၂၂)နှစ်၊ (ဘ) ဦးမောင်သန်း(လက်ကျိုးဒဏ်ရာ)တို့မှာအတွင်းလူနာအဖြစ် မြိတ်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိပါသည်။
မြိတ်ပုလဲမြေ::--, RangonNewsDaily
kolatt (Pabedan)
0 comments:
Post a Comment