Pages

Thursday, July 18, 2013

တန်ဖိုးနည်းဖုန်းများ အနေဖြင့် MEC မှ စိုက်ထူထားသည့် တာဝါတိုင်များ၏ ငါးမိုင်အတွင်းသာ ဖုန်းလိုင်းကောင်းမည်

၁၅၀၀ ကျပ်တန် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အနေဖြင့် ဖုန်းအသုံးပြုရာတွင် မြန်မာ့စီးပွားရေး ကော်ပိုရေး
င်း MEC Tel ကုမ္ပဏီမှ စိုက်ထူထားသည့် တာဝါတိုင်များ၏ ငါးမိုင်အတွင်း၌သာ ဖုန်းလိုင်းကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားသည်။

ဇူလိုင် ၁၇ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်ဒုတိယ၀န်ကြီးဦးဝင်းသန်းက ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း
 ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တန်ဖိုးနည်းဖုန်း အပါအ၀င် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် မြောင်မဲဆန္ဒနယ်မှ ဦးအုန်းငွေ၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦး
မြင့်ဦး၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဦးခင်မောင်ညို၊ တောင်ဥက္ကလာပမဲဆန္ဒနယ်မှဦးအောင်သိန်းလင်းတို့က မေး
မြန်းခဲ့ကြခြင်း ဖြစ်သည်။

မြောင်မဲဆန္ဒနယ်မှ မေးမြန်းချက်များအပေါ် ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားရာတွင် မြန်မာ့စီးပွားရေး
ကော်ပိုရေးရှင်း (MEC Tel) ကုမ္ပဏီ၏ ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်းများသည် MEC Tel ကုမ္ပဏီမှ စိုက်ထူထားသော တာဝါတိုင်များနှင့် ငါးမိုင်အတွင်းသာ အသုံးပြု၍ရကြောင်း၊ မြောင်မြို့နယ်တွင် အဆိုပါ တာဝါတိုင်များ မရှိကြောင်း၊ မြောင်မြို့နယ်နှင့် အနီးဆုံး တာဝါတိုင် စိုက်ထူထားသည့်မြို့မှာ မြင်းမူမြို့ဖြစ်
ကြောင်း၊ မြောင်နှင့်မြင်းမူမြို့နယ်မှာ အဖြောင့်တိုင်းလျှင် ၁၀ မိုင် ကွာဝေးကြောင်း၊ ထို့အတွက် MEC Tel ၏ ၁၅၀၀ ကျပ်တန်ဖုန်းမှာ မြောင်မြို့တွင် ကောင်းမွန်စွာအသုံးပြု၍ရမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြား
သည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 18.7.2013

0 comments:

Post a Comment