အိနိ္ဒယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) မှ
ဗုဒ္ဓဂယာဗုံးခွဲမှုတွင် သံသယရှိသူ၏ ရုပ်ပုံများ အား
စီစီတီဗီမှခြေရာခံရရှိခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ပြန်ကြေညာခဲ့ကြောင်း ဇူလိုင် ၁၆ ရက်က The Time of India သတင်းစာမှ ဖော်ပြထားသည်။
NIA မှ ၄င်း၏၀ဘ်ဆိုက်ဒ်တွင် ထုတ်ပြန်ကြေငြာခဲ့သော ရုပ်ပုံနှစ်ပုံအနက်
တစ်ပုံမှာ မျက်နှာဖုံးစွပ်ထားပြီး၊ တခြားတစ်ပုံမှာမူ
မျက်နှာဖုံးစွပ်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။
အခင်းဖြစ်ပွားရာနေရာရှိ မျက်မြင်သက်သေသုံးဦး၏ အဆိုအရတရားခံဟု ယူဆရသူများ၏
မျက်လုံးအ နေအထားအပေါ် မှတ်မိမှုနှင့် စီစီတီဗီမှ ခြေရာခံမိမှုတို့
ပေါင်းစပ်၍ ဇူလိုင်လ ၇ ရက်က ဖြစ်ပွားခဲ့သော ဗုဒ္ဓဂယာဗုံးခွဲမှုတွင်
သံသယရှိသူနှစ်ဦးအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း NIA ၏ သတင်းရင်းမြစ်များက
ဆိုသည်။
အမည်မဖော်လိုသော မျက်မြင်သက်သေသုံးဦးအနက်၊
နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး၊ တစ်ဦးမှာမူ ဒေ သခံတစ်ဦးဖြစ်သည်။
နိုင်ငံခြားသားနှစ်ဦးမှာ သီရိလင်္ကာမှတစ်ဦးနှင့် ထိုင်းနိုင်ငံမှတစ်ဦးတို့
ဖြစ်ကြပြီး ဒေ သခံမှာမူ ဗုဒ္ဓဂယာဒေသခံဖြစ်ကြောင်းသိရှိရသည်။
မျက်မြင်သက်သေအဆိုအရ သင်္ကန်းခြုံထားသောသံသယဖြစ်ဖွယ် ဘုန်းကြီးအား
ဗုဒ္ဓဂါယာဘုရား ကျောင်းဝင်းအတွင်း ဒေသစံတော်ချိန် နံနက်သုံးနာရီခွဲမှ
လေးနာရီခွဲအတွင်း လှည့်လည်နေသည်ကိုတွေ့ ရှိရသည်ဟု စုံစမ်းစစ်ဆေးရေး
အေဂျင်စီသို့ ပြောကြားခဲ့ကြောင်းသိရှိရသည်။
NIA မှ
သံသယတရားခံအဖြစ် ယူဆထားသူအား စီစီတီဗီမှ ရိုက်ကူးထားသည့်
ဗီဒီယိုဖိုင်ကိုလည်း လွှင့် တင်ခဲ့ပြီး၊ သတင်းပေးပါက
ဆုငွေရူပီခြောက်သိန်းပေးမည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ
ဗုံးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်
ဘီဟာအစိုးရအဖွဲ့မှ အမျိုးသားစုံစမ်း စစ်ဆေးရေး အေဂျင်စီသို့
လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး NIA မှ အစောပိုင်းတွင် ဂယာဒေသခံနှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးပါဝင်သော ဆယ်ကျော်သက်လေးဦးအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် သံသယရှိသူများစာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားရာနေရာရှိ မျက်မြင်သက်သေသုံးဦး၏ အဆိုအရတရားခံဟု ယူဆရသူများ၏ မျက်လုံးအ နေအထားအပေါ် မှတ်မိမှုနှင့် စီစီတီဗီမှ ခြေရာခံမိမှုတို့ ပေါင်းစပ်၍ ဇူလိုင်လ ၇ ရက်က ဖြစ်ပွားခဲ့သော ဗုဒ္ဓဂယာဗုံးခွဲမှုတွင် သံသယရှိသူနှစ်ဦးအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း NIA ၏ သတင်းရင်းမြစ်များက ဆိုသည်။
အမည်မဖော်လိုသော မျက်မြင်သက်သေသုံးဦးအနက်၊ နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး၊ တစ်ဦးမှာမူ ဒေ သခံတစ်ဦးဖြစ်သည်။ နိုင်ငံခြားသားနှစ်ဦးမှာ သီရိလင်္ကာမှတစ်ဦးနှင့် ထိုင်းနိုင်ငံမှတစ်ဦးတို့ ဖြစ်ကြပြီး ဒေ သခံမှာမူ ဗုဒ္ဓဂယာဒေသခံဖြစ်ကြောင်းသိရှိရသ
မျက်မြင်သက်သေအဆိုအရ သင်္ကန်းခြုံထားသောသံသယဖြစ်ဖွယ် ဘုန်းကြီးအား ဗုဒ္ဓဂါယာဘုရား ကျောင်းဝင်းအတွင်း ဒေသစံတော်ချိန် နံနက်သုံးနာရီခွဲမှ လေးနာရီခွဲအတွင်း လှည့်လည်နေသည်ကိုတွေ့ ရှိရသည်ဟု စုံစမ်းစစ်ဆေးရေး အေဂျင်စီသို့ ပြောကြားခဲ့ကြောင်းသိရှိရသည်။
NIA မှ သံသယတရားခံအဖြစ် ယူဆထားသူအား စီစီတီဗီမှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကိုလည်း လွှင့် တင်ခဲ့ပြီး၊ သတင်းပေးပါက ဆုငွေရူပီခြောက်သိန်းပေးမည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဘီဟာအစိုးရအဖွဲ့မှ အမျိုးသားစုံစမ်း စစ်ဆေးရေး အေဂျင်စီသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြ
0 comments:
Post a Comment