Sunday, 14 July 2013
မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန် လွှတ်ပေးဖို့နဲ့ နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပြစ်မှုကျူး လွန်သူတွေကို ဥပဒေအရ အရေးယူရေးအတွက် ဗြိတိန်နိုင်ငံကို ၃ ရက်ကြာ
မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန် လွှတ်ပေးဖို့နဲ့ နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပြစ်မှုကျူး လွန်သူတွေကို ဥပဒေအရ အရေးယူရေးအတွက် ဗြိတိန်နိုင်ငံကို ၃ ရက်ကြာ
လာရောက်မယ့် မြန်မာသမ္မတ ဦးသိန်းစိန်ကို
တိုက်တွန်းပြောကြားဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights
Watch အဖွဲ့က ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို
တိုက်တွန်းသွားပါတယ်။ သမ္မတဦးသိန်းစိန်ဟာဗြိတိန်နိုင်ငံကို
ဇူလိုင်လ၁၄ ရက်နေ့ကနေ၁၆ရက်နေ့အထိသွားရောက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့၂ နှစ်တာကာလအတွင်းမှာအရေးပါတဲ့အပြောင်းအလဲတွေလုပ်ဆောင်ခဲ့ပေမဲ့လည်း
ဆိုးရွားတဲ့လူ့အခွင့်အရေးဆိုင်ရာ
ပြဿနာတွေအများကြီးရှိနေသေးတာမိုလို့ဒီကိစ္စကိုအဓိကထားတိုက်တွန်း
ရမယ့်အပြင် နိုင်ငံတွင်းမှာအသစ်ထုတ်ပြန်မယ့်ဥပဒေတွေကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့
အညီ ကိုက်ညီအောင် ချမှတ်သွားဖို့
တိုက်တွန်းဖို့အတွက်လည်း ပန်ကြားခဲ့ပါတယ်။
ဧပြီလ ၂၂ ရက်နေ့က ဗြိတိန်အပါအ၀င်အီးယူဥရောပသမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေကနေ မြန်မာစစ်ခေါင်း
ဧပြီလ ၂၂ ရက်နေ့က ဗြိတိန်အပါအ၀င်အီးယူဥရောပသမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေကနေ မြန်မာစစ်ခေါင်း
ဆောင်တွေအပါအ၀င်လူပုဂ္ဂိုလ်တချို့ကိုပစ်မှတ်ထားကန့်သတ်ပိတ်ပင်မှုတွေဖျက်သိမ်းပေးခဲ့သလို၊စစ်လက်
နက်ပစ္စည်း
ရောင်းဝယ်တာကလွဲလို့ကျန်တဲ့အရေးယူမှုတွေအားလုံးကို
ဖျက်သိမ်းပေးခဲ့တာတွေနဲ့အခုဗြိတိန်
နိုင်ငံရဲ့ကြိုဆိုမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတဲ့ မြန်မာနိုင်ငံက နားလည်မှုတွေ
လွဲမှားသွား
နိုင်တယ်လို့လည်း ဝေဖန်သွားပါတယ်။
ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံကအပြောင်းအလဲတွေဒီမိုကရေစီပန်းတိုင်ရောက်ဖို့အများကြီးလိုနေသေး
ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံကအပြောင်းအလဲတွေဒီမိုကရေစီပန်းတိုင်ရောက်ဖို့အများကြီးလိုနေသေး
တယ်ဆိုတာကို ထောက်ပြဖို့လိုအပ်ပြီးလာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာလွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်
သာမှု
ရှိစေဖို့လည်း အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
VOA News , RangonNewsDaily
ZawWinNaung(KTDA): 14.7.2013
VOA News , RangonNewsDaily
ZawWinNaung(KTDA): 14.7.2013
0 comments:
Post a Comment