Pages

Saturday, July 6, 2013

"စိမ်းစိုထူးခြားသည့် Firebox မြက်ဖိနပ်"

Photo: "စိမ်းစိုထူးခြားသည့် Firebox မြက်ဖိနပ်"
Saturday, 06 July 2013

မြက်ဖိနပ်ဆိုသော အသုံးအနှုန်းသည် လူအများ ကြားဖူးနားဝ ရှိနှင့်ပြီးသား စကားတစ်ခွန်း ဖြစ်သော်လည်း ယခုဖန်တီးထားသည့် ဖိနပ်အတွက်မူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ သာမန်အားဖြင့် မြက်ခြောက်များဖြင့် ရက်လုပ်ဖန်တီးထားသည်ကို မြက်ဖိနပ်ဟု ခေါ်ဆိုလေ့ ရှိသော်လည်း ယခုဖိနပ်မှာမူ အမှန်တကယ် ပေါက်ရောက် ရှင်သန်နေဆဲ မြက်ပင်များကို အောက်ခံအဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

ရော်ဘာခုံပေါ်တွင် တင်ရှိထားသည့် မြက်ပင်လေးများသည် ကျေးလက်ဆန်ဆန် မြင်ကွင်းတစ်ခုကို ဖန်တီးထားသည့် ပုံစံငယ်လေးပမာ ဖြစ်နေသည်။ ယင်းဖိနပ်ပေါ်ရှိ မြက်များသည် နေရောင်နှင့် ထိတွေ့မှုမှတစ်ဆင့် ဆက်လက် ရှင်သန်နေမည် ဖြစ်သည်။

ထို့ကြောင့် ဖိနပ်ကို စီးထားသူသည် သဘာဝ မြက်ခင်းပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ရသည့် ခံစားမှုမျိုးကို ထာဝရ ထိတွေ့နေမည့် သဘောမျိုး ဖြစ်လာသည်။ #Gadget လေးများ ဖန်တီးရောင်းချလေ့ရှိသည့် #Firebox ကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါ ဖိနပ်လေးများကို ယောက်ျားစီးရေ၊ မိန်းမစီးဟူ၍ပါ ခွဲခြားထုတ်လုပ်မည် ဖြစ်သည်။

ဖိနပ်ပေါ်ရှိ မြက်များ ဆက်လက် ရှင်သန်နေရေးအတွက် ရေလောင်းစရာ မလိုသလို မြက်ကို ရိတ်သိမ်းပေးနေရမည့် ဒုက္ခနှင့်လည်း ကြုံရမည် မဟုတ်ချေ။ ထိုဖိနပ်ကို စီးထားခြင်းဖြင့် လူနေအိမ် ဧည့်ခန်းအတွင်း သွားလာနေသည့်တိုင် မြက်ခင်း၏ သဘာဝ အထိအတွေ့မျိုးကို ရရှိနေစေမည် ဖြစ်သည်။

#PlanetMyanamr

Saturday, 06 July 2013

မြက်ဖိနပ်ဆိုသော အသုံးအနှုန်းသည် လူအများ ကြားဖူးနားဝ ရှိနှင့်ပြီးသား စကားတစ်ခွန်း ဖြစ်သော်လည်း ယခုဖန်တီးထားသည့် ဖိနပ်အတွက်မူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ သာမန်အားဖြင့် မြက်ခြောက်များဖြင့် ရက်လုပ်ဖန်တီးထားသည်ကို မြက်ဖိနပ်ဟု ခေါ်ဆိုလေ့ ရှိသော်လည်း ယခုဖိနပ်မှာမူ အမှန်တကယ် ပေါက်ရောက် ရှင်သန်နေဆဲ မြက်ပင်များကို အောက်ခံအဖြစ် အသုံးပြု
ထားခြင်း ဖြစ်သည်။

ရော်ဘာခုံပေါ်တွင် တင်ရှိထားသည့် မြက်ပင်လေးများသည် ကျေးလက်ဆန်ဆန် မြင်ကွင်းတစ်ခုကို ဖန်တီး
ထားသည့် ပုံစံငယ်လေးပမာ ဖြစ်နေသည်။ ယင်းဖိနပ်ပေါ်ရှိ မြက်များသည် နေရောင်နှင့် ထိတွေ့မှုမှတစ်
ဆင့် ဆက်လက် ရှင်သန်နေမည် ဖြစ်သည်။

ထို့ကြောင့် ဖိနပ်ကို စီးထားသူသည် သဘာဝ မြက်ခင်းပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ရသည့် ခံစားမှု
မျိုးကို ထာဝရ ထိတွေ့နေမည့် သဘောမျိုး ဖြစ်လာသည်။ ‎#Gadget လေးများ ဖန်တီးရောင်းချလေ့ရှိသည့် ‎#Firebox ကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါ ဖိနပ်လေးများကို ယောက်ျားစီးရေ၊ မိန်းမစီးဟူ၍ပါ ခွဲခြားထုတ်
လုပ်မည် ဖြစ်သည်။

ဖိနပ်ပေါ်ရှိ မြက်များ ဆက်လက် ရှင်သန်နေရေးအတွက် ရေလောင်းစရာ မလိုသလို မြက်ကို ရိတ်သိမ်းပေး
နေရမည့် ဒုက္ခနှင့်လည်း ကြုံရမည် မဟုတ်ချေ။ ထိုဖိနပ်ကို စီးထားခြင်းဖြင့် လူနေအိမ် ဧည့်ခန်းအတွင်း သွား
လာနေသည့်တိုင် မြက်ခင်း၏ သဘာဝ အထိအတွေ့မျိုးကို ရရှိနေစေမည် ဖြစ်သည်။

Planet Myanmar Network: RangonNewsDaily
kolatt(PBDN): 6.7.2013

0 comments:

Post a Comment

 
world time