Pages

Saturday, July 6, 2013

ငါးရဲ့အဆီကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်

Photo: ငါးရဲ့အဆီကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်
Saturday, 06 July 2013

တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ ဆာမွန်ငါးနဲ့ ဆာအင်းဆိုတဲ့ ငါးသေတ္တာငါးတွေကို တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာနယ် BMJ မှာ ဖော်ပြထားကြောင်း ဇွန်လ (၂၈) ရက် သောကြာနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက် ပါဝင်ကူညီပေးကြတဲ့ လူပေါင်း (၈) သိန်းကျော်ရဲ့ နေ့စဉ်စားသုံးမှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ရှိချက်ပေါင်း (၂၆) ခုကို ခြုံငုံသုံးသပ်ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ငါးများမှရရှိတဲ့ အဆီမှာ လူရဲ့ သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်စစ် (cn-3 polyunsaturated fally acid) ဒါမှမဟုတ် n-3 PUF As လို့ခေါ်တဲ့ အဆီများ အမြောက်အများ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ n-3 PUFAS ကို ငါးများ၊ အစေ့၊ အဆံများနဲ့ ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ရတနာပုံ ဘာသာပြန်သတင်း

Saturday, 06 July 2013

တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ဆာမွန်ငါးနဲ့ဆာအင်းဆိုတဲ့ငါးသေတ္တာငါးတွေကိုတစ်ပတ်မှာတစ်ကြိမ် ဒါမှမဟုတ်
နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာ
နယ် BMJ မှာ ဖော်ပြထားကြောင်း ဇွန်လ (၂၈) ရက် သောကြာနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထား
ပါတယ်။ အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ အာရှနိုင်ငံ
တွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက် ပါဝင်ကူညီပေးကြတဲ့ လူပေါင်း (၈) သိန်းကျော်ရဲ့ နေ့စဉ်စားသုံး
မှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ရှိချက်ပေါင်း (၂၆) ခုကို ခြုံငုံသုံးသပ်
ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ငါးများမှရရှိတဲ့ အဆီမှာ လူရဲ့ သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်စစ် (cn-3 polyunsaturated fally acid) ဒါမှမဟုတ် n-3 PUF As လို့ခေါ်တဲ့ အဆီများ အမြောက်အများ ပါဝင်နေတယ်လို့ ဆိုပါတယ်။ 
 
အဆိုပါ n-3 PUFAS ကို ငါးများ၊ အစေ့၊ အဆံများနဲ့ ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ရတယ်လို့ သတင်း
မှာ ဖော်ပြထားပါတယ်။ 
 
သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်
ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ရတနာပုံ ဘာသာပြန်သတင်း
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၆.၇.၂၀၁၃

0 comments:

Post a Comment

 
world time