Pages

Sunday, June 9, 2013

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ တွင် စာမေးပွဲ အောင်စာရင်းကြည့်ရင်း ကျောင်းသူတစ်ဦး လဲကျသေဆုံး

Sunday, 09 June 2013
တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ ရှိ အ.ထ.က (၁)တွင် ဇွန် ၈ ရက် နံနက်က ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို လာရောက်ကြည့်ရှုရင်း ကျောင်းသူတစ်ဦး နှလုံးရောဂါကြောင့် လဲကျသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ကျောင်းသူအမည်မှာ မမေမျိုးသူဇာအောင် (၁၆)နှစ်၊ ဦးမျိုးလွင်-ဒေါ်သန်းသန်းအေးတို့ သမီးဖြစ်ပြီး မြို့တွင်းရပ်တွင် နေထိုင်သူဖြစ်ကာ မွေးရာပါ နှလုံးရောဂါ အခံရှိပြီး အ.ထ.က (၁)ထားဝယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ "မနက်ဖြန် အောင်စာရင်း ထွက်မယ်လို့ပြောတော့ သူကတစ်ညလုံး မအိပ်ဘူး။ သူ့အမေက ရှုံးလည်း ဘာမှမဖြစ်ဘူး။ နောက်တစ်နှစ် ထပ်ဖြေလို့ ရသေးတယ်လို့ စိတ်ပြေအောင် ပြောပါသေးတယ်။ သူကမရဘူး။ အောင်စာရင်းထွက်မယ့် အချိန်ကို တစ်ညလုံး ထိုင်စောင့်နေတာ။ 
မနက် ၄ နာရီရောက်တော့ သူတစ်ယောက်တည်း အိမ်ကထွက်သွားပြီး အောင်စာရင်း သွားကြည့်တယ်။ ဟိုရောက်တော့ လူတိုးနေတာနဲ့ တာဝန်ကျကို ကြည့်ခိုင်းတော့ ရှုံးတယ်လို ပြောလိုက်တယ်။ ဒါကိုသူက လက်မခံနိုင်ဘဲ သူငယ်ချင်းတွေနဲ့ ထပ်သွားကြည့်တယ်။ အဲဒီမှာ သူငယ်ချင်းတွေ သွားကြည့်နေတုန်း ဆိုင်ကယ်အနားမှာ ရပ်စောင့်နေရင်း လဲကျသွားတာပါ။
 ဖြစ်ဖြစ်ချင်းတော့ ခေါ်တာထူးသေးတယ်။ ဆေးရုံကို ခေါ်သွားရင်း ဆေးရုံအပေါက်ဝ ရောက်တော့ အသက်ထွက်သွားပါတယ်။ လူကလည်း နှလုံးရောဂါနဲ့ဆိုတော့ စိတ်ထိခိုက်ပြီး ဖြစ်သွားတာပေါ့" သေဆုံးသူ၏ အဒေါ်ဖြစ်သူက ပြောပြခဲ့သည်။

ထားဝယ်မြို့တွင် ယင်းကဲ့သို့ သေဆုံးမှုမျိုး မဖြစ်ခဲ့ဖူးကြောင်း သိရသည်။
 
Eleven Media, RangonNewsDaily
Yangon: 9.6.2013

0 comments:

Post a Comment