Pages

Sunday, June 9, 2013

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်ယနေ့ နံနက် ၆နာရီခွဲမှ စတင်၍ လူငယ် ၂၀၀ကျော်ခန့် တူညီဝတ်စုံများ ဝတ်ဆင်ကာ လမ်းလျှောက်


ရန်ကုန်၊ ဇွန် ၉။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၆နာရီခွဲမှ စတင်၍ လူငယ် ၂၀၀ကျော်ခန့်သည် ရန်ကုန်မြို့၊ နာနတ်တော ဂုံးကျော်တံတားအောက်မှ ပြည်သူ့ရင်ပြင်ထိ တူညီဝတ်စုံများ ဝတ်ဆင်ကာ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
“အခု ကျွန်တော်တို့ ဒီမှာ လမ်းလျှောက်ကြတယ်ပေါ့။ ညနေကျရင် သန်လျင်မှာ သစ်ပင်သွားစိုက်ကြမယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်တယ်ဆိုတာ ပါးစပ်နဲ့ ပြောနေရုံ မဟုတ်ဘဲ ကိုယ်ကိုတိုင် ကြိုးစားကြဖို့ လိုပါ
တယ်။ အခုလို စုပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားသလို
 တွေ့မြင်ကြတဲ့ ပြည်သူတွေလည်း ကျွန်တော်တို့ကို မြင်တွေ့ပြီး သဘာဝပတ်ဝန်ကျင်ကို ချစ်တက်လာဖို့ ခုလို လမ်းလျှောက်ကြတာ ဖြစ်တယ်”ဟု ဂေဟဟိတကွန်ယက်မှ ကိုသာဇင်ဦးက ပြောကြားသည်။

ဓာတ်ပုံ - ရည်မွန်
မြန်မာခေတ် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၉.၆.၂၀၁၃

0 comments:

Post a Comment

 
world time