ဇွန်လ ၉၊ ၂၀၁၃
တောင်ကြီးမြို့ တွင် ဇွန်လ ၈ ရက်နေ့ မှစ၍ ၉၆၉ တရားပွဲကြေညာ ဗီနိုင်းဘုတ်များကို လိုက်လံစိုက်ထူလျက်
ရှိသည်။ယင်းတရားပွဲကိုဇွန်လ ၁၇ ရက် မှ ၁၈ ရက်အထိ တောင်ကြီးမြို့  ရှိသိမ်တောင် ပရိယတ္တိစာသင်တွင်
ည ၇ နာ၇ီတွင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
“အေးဗျာ ကျွန်တော်တို့ မှာ ဟိုသတင်းကြားလိုက် ဒီသတင်းကြား လိုက်နဲ့ စိုးရိမ်နေရတဲ့ကြားက အခု ဦးဝီရ
သူတရားပွဲကို ဒီမှာ လာလုပ်မယ် ဆိုတော့ တော်တော်စိတ်ပျက်မိ တယ်ဗျာ။ နောက် အခုလုပ်မယ့်တရားပွဲ
ကြေညာဘုတ်တွေ
ကြ တာ။ ကျွန်တော့်တစ်သက်ဒီလောက် တက်တက်ကြွကြွလုပ်တဲ့ တရားပွဲမျိုးမမြင်ဖူးပါဘူးဗျာ” ဟု ဒေသခံ
နည်းပညာကျောင်းသား တစ် ဦးကM-Media သို့ ပြောကြားခဲ့သည်။
မကြာခင်လများအတွင်းက မူဆယ်မြို့ တွင် အစွန်းရောက် ၉၆၉ တရားများဟောကြားပြီးနောက် လာရှိုးမြို့ ၌ အစွန်းရောက် ဗုဒ္ဓသာသာများ၏ အကြမ်းဖက်ရမ်းကားမီးရှို့ မှု၊ သတ်ဖြတ်မှုများ ကိုလာရှိုးမြို့ ရှိမွတ်စလင်များ ခံစားခဲ့ရသည်။ ယခုတဖန် ၉၆၉ အစွန်းရောက် တရားခွေများပြန့် နှံ့လျက်ရှိသော ရှမ်းပြည်တောင်ပိုင်းဒေသ များ တွင်လည်း ငြိမ်းချမ်းစွာနေထိုင်လိုသော ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံမွတ်စလင် များက ယင်းကဲ့သို
့အကြမ်းဖက် မှုများဖြစ် လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။
ယင်းသို့ နိုင်ငံအရပ်ရပ်တွင်မငြိမ်သက်မှုများတစ်မြို့ ပြီးတမြို့ ဖြစ်ပျက်လျက်ရှိနေစဉ်မှာပင် ယခုကဲ့သို့ အစွန်း
ရောက် တရားပွဲများကို ထပ်မံပြုလုပ်ကြ ခြင်းဖြစ်သည်။
“ကျွန်တော် မသိတာတစ်ခုက နိုင်ငံနဲ့ အနှံ့ ဒါမျိုးတွေဖြစ်နေတယ်ဗျာ။ နောက်ပြီး ဘာသာ တရားတစ်ခုကို ဒီ
လိုပေါ်ပေါ်ထင်ထင်စော်ကားတယ်ဆို
မဟုတ်ဘူးဗျာ
ဗျာ။ ဒီလိုသာဆို ကျွန်တော်တို့ နိုင်ငံရဲ့ရှေ့ဆက်ရမယ့် အနာဂတ်ကို တော်တော် ရင်လေးမိတယ်ဗျာ” ဟု ဥပ
ဒေပညာရှင် တစ်ဦးက မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။
M-Media ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) :၉.၆.၂၀၁၃
0 comments:
Post a Comment