Wednesday, June 12, 2013
တရုတ်နိုင်ငံက အာကာသစခန်းတခု တည်ဆောက်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ လူလိုက်ပါတဲ့ အာ
တရုတ်နိုင်ငံက အာကာသစခန်းတခု တည်ဆောက်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ လူလိုက်ပါတဲ့ အာ
ကာသယာဉ် ခရီးစဉ်တခုကို အင်္ဂါနေ့မှာ
အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအာကာသယာဉ် ခရီးစဉ်
ဟာ၁၅ ရက် ကြာမြင့်မှာဖြစ်ပြီးတရုတ်နိုင်ငံကလွှတ်တင်ခဲ့ဖူးသမျှထဲမှာအကြာမြင့်ဆုံး အာကာသ ခရီးလည်း
ဖြစ်ပါတယ်။
ရှန်ဇောင်းအမှတ် ၁၀ (Shenzhou-10)အာကာသယာဉ်ကိုတရုတ်နိုင်ငံဂိုဘီ
ကန္တာရအတွင်းမှာရှိတဲ့ ပစ်လွှတ်
စင်ကနေ အင်္ဂါနေ့မှာ ပစ်လွှတ်လိုက်တာဖြစ်ပြီး၊
အဲ့ဒီလို ပစ်လွှတ်လိုက်တာကို သမ္မတ ရှီကျင့်ပင်နဲ့ ထိပ်တန်း တရုတ်အစိုးရ
ခေါင်းဆောင်တွေက စောင့်ပြီး ကြည့်ရှုခဲ့ကြပါတယ်။
ရှန်ဇောင်းအမှတ် ၁၀ အာကာသယာဉ်မှာ လေသူရဲ ၃ ဦး လိုက်ပါသွားပြီး အဲဒီအထဲက တဦးက အမျိုးသမီး
ရှန်ဇောင်းအမှတ် ၁၀ အာကာသယာဉ်မှာ လေသူရဲ ၃ ဦး လိုက်ပါသွားပြီး အဲဒီအထဲက တဦးက အမျိုးသမီး
ဖြစ်ပါတယ်။အခုလွှတ်တင်လိုက်တဲ့အာကာသယာဉ်ခရီးဟာ ပြီးခဲ့တဲ့နှစ်က
လွှတ်တင်ခဲ့ဘူးတဲ့ အလားတူ ခရီး
စဉ်ထက် အာကာသထဲမှာ ၂ ရက် ပိုမို
ကြာမြင့်မှာလည်း ဖြစ်ပါတယ်။
ရှန်ဇောင်း အမှတ် ၁၀ အာကာသယာဉ်ဟာ တီယန်ဂေါင်း အမှတ် (၁) Tiangong-1 လို့ အမည်ရှိတဲ့ ယာယီ အ
ရှန်ဇောင်း အမှတ် ၁၀ အာကာသယာဉ်ဟာ တီယန်ဂေါင်း အမှတ် (၁) Tiangong-1 လို့ အမည်ရှိတဲ့ ယာယီ အ
စမ်းလွှတ်တင်ထားတဲ့
အာကာသ ဓာတ်ခွဲခန်း စခန်းနဲ့ ချိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
အဲ့ဒီလို ချိတ်ဆက်မှု ပြုလုပ်တာနဲ့အာကာသယာဉ်အတွင်း နေထိုင်စမ်းသပ်လုပ်ကိုင်ဖို့ ပြင်ဆင်ထားတာတွေ
ဟာ ၂၀၂၀ ခုနှစ်ကျရင်ပြီးစီးမယ့် တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်
အာကာသစခန်း တည်ဆောက်ရေးကိစ္စအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့
ယူဆရပါတယ်။
VOA Burmese , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃
VOA Burmese , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃
0 comments:
Post a Comment