Thursday, June 13, 2013
ရှမ်းပြည်နယ် အတွင်းဘိန်း နှင့် မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ RCSS / SSA တပ်
ရှမ်းပြည်နယ် အတွင်းဘိန်း နှင့် မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ RCSS / SSA တပ်
မတော်အနေဖြင့် မြန်မာအစိုးရ တပ်မတော် နှင့် အတူ
လက်တွဲ ဆောင်ရွက်သွားမည်ဟု RCSS / SSA
ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် အပစ်အခတ် ရပ်စဲရေးအား အစိုးရ နှင့်
ဆောင်ရွက်ပြီး ဖြစ်သည့် အတွက် ဒေသဖွံ့ ဖြိုး
ရေး နှင့် ဘိန်းစိုက်ပျိုးမှု
ပပျောက်ရေးကို ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်းသိရသည်။ဘိန်းအစားထိုး
သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို UNDOC နှင့်လက်တွဲ ၍ မိုးပန်နှင့် မိုးနဲ
တွင် စံပြအဖြစ် ဆောင်
ရွက်သွားမည် ဖြစ်ကြောင်း မူးယစ် သယ်ဆောင်ရောင်းဝယ်သူ
များအပိုင်း ကို အစိုးရ တပ်မတော် အပါအ၀င် ကျန်အဖွဲ့အစည်း အားလုံးနှင့်
လက်တွဲဆောင်ရွက် သွားမည်ဟု ၄င်းကဆိုသည်။
"အရင်က အစိုးရ နဲ့ ကျွန်တော်တို့ကြားက မူးယစ် တိုက်ဖျက်ရေးက စာရွက်ပေါ်မှာပဲရှိခဲ့တယ် ။ အခု အပစ်
"အရင်က အစိုးရ နဲ့ ကျွန်တော်တို့ကြားက မူးယစ် တိုက်ဖျက်ရေးက စာရွက်ပေါ်မှာပဲရှိခဲ့တယ် ။ အခု အပစ်
အခတ်ရပ်စဲ ပြီးနောက်ပိုင်း အစိုးရ ကလည်း ဒီကိစ္စကို တိုက်ဖျက်ဖို့
လိုလိုလားလား ရှိတဲ့ အတွက် ကျွန်တော်
တို့က လက်တွဲပြီး
ဆောင်ရွက်သွားမှာပါဟု"ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။
ယနေ့နံနက် ၁၁ နာရီ အချိန်က မရမ်းကုန်းမြို့နယ် ၊ မလိခလမ်းရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်
ယနေ့နံနက် ၁၁ နာရီ အချိန်က မရမ်းကုန်းမြို့နယ် ၊ မလိခလမ်းရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်
ရာ ရုံး UNODC နှင့် RCSS တို့ ဆွေးနွေးပွဲ
ကျင်းပခဲ့သည်။UNDOC ၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အ
တွင်း
ဘိန်းစိုက်ပျိုးဧက သောင်း နှင့်ချီ ရှိနေပြီး ဘိန်းစိုက်သူအရေအတွက်မှာတစ်သိန်း ကျော်ရှိကြောင်းသိရ
သည်။
သူရထွန်း
Popular Myanmar News ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃
သူရထွန်း
Popular Myanmar News ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃
0 comments:
Post a Comment