Tuesday, June 25, 2013
သီချင်းတစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်ရင်ထဲ ရောက်ရှိအောင်လုပ် ဆောင်ကြ ရာတွင်ဂီတမှူးများ၏အခန်းကဏ္ဍ
မှာလည်း အရေး ကြီးသည်။ သင်္ကြန်မိုး၊မှုံရွှေရည်၊လွမ်းငွေ့တဝေဝေစသည့် ရုပ်ရှင်ကားများတွင် သီဆိုထည့်သုံးခဲ့သော တေးသီချင်းများ
မှာယခုထိလတ်ဆတ်နေတုန်းဖြစ်သည်။ယင်းသို့ ရှင်သန်ရန်အတွက် တေးဂီတဖန်တီးမှုအပိုင်းဖြစ်သည့် ဂီတ
မှူး၏အခန်းကဏ္ဍသည် အင်မတန် အရေးကြီးသည်။
၎င်းနှင့်ပတ်သက်၍ ဂီတပညာရှင်ဓိရာမိုရ် ပြောပြသည်မှာ "မြန်မာပြည်မှာ ဂီတလောကထဲ စတင်ဝင်လာ
၎င်းနှင့်ပတ်သက်၍ ဂီတပညာရှင်ဓိရာမိုရ် ပြောပြသည်မှာ "မြန်မာပြည်မှာ ဂီတလောကထဲ စတင်ဝင်လာ
ကြရင် တီးဝိုင်းက Player တွေနဲ့ သူ့ဘာသာသူအလျဉ်းသင့်သလို arrangement လုပ်ကြတာများတယ်။ ဒါပေမဲ့ ကိုယ်တွေ
ကကျတော့သီချင်းတစ်ပုဒ်ကို ဒီ့ထက်ပိုပြီးလေးနက်အောင်၊ စာသားတွေကို
ဒီထက်ပို လေးနက်
အောင်ခံစားချင်တယ်။
အဲဒီစာသားတွေအတွက်လိုအပ်တဲ့အသံတွေမှန်သမျှကိုဇာတ်ပို့လိုမျိုးတတ်နိုင်သလောက်အဲဒီအထဲကို ထည့်
အဲဒီစာသားတွေအတွက်လိုအပ်တဲ့အသံတွေမှန်သမျှကိုဇာတ်ပို့လိုမျိုးတတ်နိုင်သလောက်အဲဒီအထဲကို ထည့်
ပေးရတယ်။အဲဒီအခါကျတော့သီချင်းတစ်ပုဒ်က ဘယ်လိုဖြစ်လာမလဲဆိုရင် ပိုပြီးတော့ လေးနက်စရာရှိတာ
လည်း လေးနက်လာတယ်။ ပိုပြီးတော့လွမ်းစရာရှိတာလည်း ပိုလွမ်းလာတယ်၊ ပိုပြီးတော့ စဉ်းစားစရာရှိတာ
စဉ်းစားလာမယ်။ပိုပြီးတော့လည်း ခံ့ညား
လာမယ်။ အဲဒီလိုမျိုးပေါ့။ ဒါကတော့ ဂီတမှူးတွေရဲ့ အဓိက အလုပ်
လို့မြင်ပါတယ်။
Player တစ်ယောက်ကတော့ ဂီတမှူးနဲ့ ညှိနှိုင်းပြီးတော့
သူဘယ်လိုကောင်းအောင်တီးမလဲဆို
တာ ညှိလို့ ရတယ်။
သူတို့ကလည်း အရေးပါတယ်။ ဒါပေမဲ့ သီချင်းတစ်ပုဒ် ရဲ့ ကောင်းကျိုး၊ဆိုးကျိုး၊သီချင်းတစ်ပုဒ်ရဲ့အရသာက
သူတို့ကလည်း အရေးပါတယ်။ ဒါပေမဲ့ သီချင်းတစ်ပုဒ် ရဲ့ ကောင်းကျိုး၊ဆိုးကျိုး၊သီချင်းတစ်ပုဒ်ရဲ့အရသာက
ဂီတမှူး တွေအပေါ်မှာမူတည်နေပါတယ်။ဂီတမှူးတင်ပြပုံကောင်းရင်ကောင်းသလောက်အဲဒီသီချင်းကကောင်း
မှာပါ။ဂီတမှူး ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာကကိုယ်ယုံကြည်တဲ့ဂီတကိုတအားခံစားနိုင်ရမယ်။နောက်ပြီး
တော့ စာသားတွေရဲ့ဖြစ်တည်
မှု၊သူ့ရဲ့ကွဲပြားမှုတွေကို နားလည်ရမယ်။နောက်ပြီး သူ့ကို အရောင် တင်တဲ့
နေရာမှာ လောဘကြီးနေလို့လည်း မရဘူး။ ဂီတမှူးဆိုတာ လိုအပ်ရင်လိုအပ်တဲ့နေရာမှာ
လိုအပ်တဲ့တူရိယာ
ကိုအကောင်းဆုံးအသုံးချနိုင်စွမ်းရှိတာဟာဂီတမှူးကောင်းတစ်ယောက်ရဲ့အရည်အချင်းပါ" ဟု သုံးသပ်ပြော
ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ဝါရင့်ဂီတမှူးတစ်ယောက်ဖြစ်သူ ဦးခင်မောင်ကြီးကလည်း" ဂီတမှူးတစ်ယောက်အနေနဲ့တော့ အကုန်လုံးနှံ့နှံ့စပ်စပ်သိထားရတာပေါ့။ ဘယ်နေရာမှာ ဘာလိုမယ်။
ဘယ်နေရာမှာ ဘာပိုနေတယ်စသည်ဖြင့် ဥာဏ်ကွန့်မြူးနိုင်စွမ်း ရှိရမယ်။ဒါမှ တစ်ဦးတစ်ယောက်ကောင်း မ

ဟုတ်ဘဲအကုန်လုံး အောင်မြင်မှာလေ။ရုပ်ရှင်မှာပဲဖြစ်ဖြစ်၊ဂီတမှာပဲ ဖြစ်ဖြစ်ဖန်တီးမှုအပိုင်းက အဓိက အရေး
ကြီးတယ်။ ဒီဘက်ခေတ်မှာ တစ်ဦး တစ်ယောက်တည်း
အကုန် လုပ်သွားတာတွေရှိတယ်။ တော်ကြ ပါတယ်။
သီချင်းတစ်ပုဒ်ဖြစ်ဖြစ်၊နောက်ခံတီးလုံးပဲဖြစ်ဖြစ် အတီး ပိုင်းမပါ၊ မကွန့်မြူးရင် အဲဒီသီချင်းစာသား၊
အဲဒီဇာတ်
ကား ဘယ်လောက်ပဲ စာသားလှနေပါစေ ထင်သလောက်ဖြစ်လာမှာ မဟုတ်ဘူး။
ဇာတ်ကားတစ်ကားအတွက် ဇာတ်ဝင်တေးက အဓိကကျတယ်။အဲဒီလိုကောင်းဖို့အတွက် တီးခတ်ပေးလိုက်ရ
ဇာတ်ကားတစ်ကားအတွက် ဇာတ်ဝင်တေးက အဓိကကျတယ်။အဲဒီလိုကောင်းဖို့အတွက် တီးခတ်ပေးလိုက်ရ
တဲ့ဖန်တီးသူဂီတမှူးကအစွမ်းကုန်ကြိုးစားရမယ်။တာဝန်ယူရတဲ့အပိုင်းပိုကြီးတာပေါ့။အရင်တုန်းကဆိုရင်ဂီတ
လုလင်ဦးကိုကိုတို့၊စန္ဒရားလှထွဋ်တို့၊စန္ဒရားချစ်ဆွေတို့ခေတ်မှာတေးသီချင်း တွေ၊နောက်ခံတီးလုံးတွေကိုသီး
သန့်စီရေးကြ၊တီးကြတယ်။အကြောင်းအရာကဘယ်လို၊ဘယ်ပုံစံနဲ့သွားချင်တယ်စသည်ဖြင့်လာ အပ်ကြတာ
။ဒီတော့
အချိန်ယူပြီး ဖန်တီးကြရတော့ လက်ရာမြောက်တယ်။
ဂန္တဝင်တွင်ကြတာများတယ်။ဂီတမှူးတစ်ယောက်ရဲ့အဓိကတာဝန်ကယုံကြည်မှုရှိရမယ်။မတူကွဲပြားတဲ့ ဂီတ
ဂန္တဝင်တွင်ကြတာများတယ်။ဂီတမှူးတစ်ယောက်ရဲ့အဓိကတာဝန်ကယုံကြည်မှုရှိရမယ်။မတူကွဲပြားတဲ့ ဂီတ
တူရိယာတွေကိုအနည်းအကျဉ်းထက်မက နှံ့စပ်သိနားလည်နိုင်စွမ်းရှိရမယ်။ဦးဆောင်နိုင်ရမယ်။ဒါဟာဂီတ
မှူးကောင်းတစ်ယောက် ပါပဲ" ဟု သီချင်းတစ်ပုဒ်၏အလှ၊အနုပညာရသများကို ပြောပြခဲ့သည်။
Popular Journal , RangonNewsDaily
kolatt(PBDN): 24.6.2013
0 comments:
Post a Comment