skip to main |
skip to sidebar
တွံတေးမြို့နယ်တွင် မိုးကြိုးပစ်၍ သေသူ၁၅ဦးရှိလာ
12:17 PM
Kolatt
တွံတေးမြို့နယ် ကရင်ချောင်းကျေးရွာအတွင်း မေလ ၅ ရက်တွင် မိုးသည်းထန်းစွာရွာ၍ လေပြင်းတိုက်ခတ်မိုးကြိုးပစ်မှုကြောင့် လူနေအိမ်ခြောက်လုံးပျက်စီးခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။
တွံတေးမြို့နယ် ခတ္တိယတိုက်နယ်ကျေးရွာအတွင်းရှိ ကရင်ချောင်းကျေးရွာတွင်
မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ၁၅ပေပတ်လည်ခန့်ရှိ
ဓနိမိုး၊ ထရံကာ လူနေအိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့အပြင်မိုးရွာသွန်းစဉ် လယ်ကွင်းအတွင်း စပါးရိတ်သိမ်းနေသော အသက် ၃၁
နှစ်အရွယ် ကိုသိန်းထွန်းသည် မိုးကြိုးပစ်၍သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်မောင်တောနှင့် မင်းပြားမြို့နယ်တို့တွင်လည်း မေ ၃ ရက်က မိုးကြိုးပစ်၍ လူသုံးဦး သေဆုံးခဲ့သည်။ ယခုနှစ် မိုးကြို ကာလတွင် မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသူဦးရေမှာ မေလ ၅ ရက်အထိရရှိသော စာရင်းများအရ ၁၅ ဦးရှိပြီဖြစ်သည်။
7days News, Rangonnewsdaily
RND: :8.5.2013
0 comments:
Post a Comment