(ဓာတ်ပုံ - ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများအား တွေ့ရစဉ်)
အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်မှုနှင့်အတူ ပင်စင်စားများ၏ လစာများလည်း
ဧပြီလကုန်တွင် ထပ်တိုးခဲ့
ကြောင်း နေပြည်တော် ပင်စင်ဦးစီးဌာနမှ သိရှိရသည်။
ဧပြီလကုန်မှ စတင်၍ ပင်စင်လစာများ ထပ်တိုးရာ
တွင် အစိုးရ ၀န်ထမ်းများ
လစာတိုးသည့် ငွေကျပ် ၂၀၀၀၀ ပေါ် မူတည်၍ တွက်ချက်တိုးမြှင့်ခြင်း ဖြစ်သည်ဟု
သိရသည်။ယင်းသို့ပင်စင်လစာ ထပ်တိုးခြင်းအား သက်ဆိုင်ရာ
ပင်စင်စားများထံသို့ အကြောင်းကြားထားပြီး
ဖြစ်ကြောင်း သိရသည်။
"အခု ပင်စင်လစာ ထပ်တိုးတာက အစိုးရ ၀န်ထမ်းတွေတိုးတဲ့ ငွေကျပ် ၂၀၀၀၀ ပေါ်
မူတည်ပြီး တွက်ချက်
တာ ဖြစ်ပါတယ်။ အရပ်ဘက် ၀န်ထမ်းလုပ်ခဲ့တဲ့
ပင်စင်စားတစ်ဦးရဲလုပ်သက်ကို ငွေကျပ် ၂၀၀၀၀ နဲ့ မြှောက်
ပြီး ၇၀ နဲ့
ပြန်စားပြီး တွက်ချက်လို့ရလာတဲ့ ငွေကို တိုးမြှင့်တာပါ။ အဲဒီအတွက်
လုပ်သက်ပေါ်မူတည်ပြီး တစ်
ယောက်နဲ့တစ်ယောက် မတူပါဘူး။ ထပ်တိုးပင်စင်လစာကို
ဧပြီလကုန်မှ စတင်ခံစားရမှာ ဖြစ်ပါတယ်" ဟု
နေပြည်တော် ပင်စင်ဦးစီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းသို့ တွက်ချက်မှုအရ
ပင်စင်စားတစ်ဦးလျှင် ပျမ်းမျှအနိမ့်ဆုံး တစ်ဦးလျှင် ကျပ် ၃၀၀၀ နီးပါးမှ
အမြင့်ဆုံး
ကျပ် ၁၂၀၀၀ တိုးခြင်းဖြစ်သည်ဟု သိရသည်။ အစိုးရ၀န်ထမ်း လုပ်သက် ၁၀
နှစ်ရှိသည့် ပင်စင်စား တစ်ဦး
သည် ပင်စင်လစာသည် ဧပြီလကုန်တွင် ပင်စင်လစာ
၂၈၅၇ ကျပ် တိုးမြှင့်မည်ဖြစ်သည်။
ြ့မန်မာတစ်နိုင်ငံလုံးတွင်
ပင်စင်စားဝန်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိပြီး ငါးသိန်းကျော်မှာ အရပ်ဘက်
ပင်စင်
စားဝန်ထမ်းများ ဖြစ်ပြီး ကျန်ရှိသည့် သူများမှာ
ကာကွယ်ရေးဝန်ကြီးဌာနမှ ပင်စင်စားများ ဖြစ်သည်ဟု သိရ
သည်။ ယခုအခါ ဧပြီလကုန်မှ
ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်
ကာ
ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့်
ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ
တွက်ချက်နေဆဲဖြစ်ပြီး ၎င်းတို့အား ယခုမေလအတွင်း အပြီးတွက်ချက်ပေးမည်ဖြစ်
ကာ
မေလကုန်တွင် ဧပြီလနှင့် မေလနှစ်လပေါင်းကာ ခံစားခွင့် ရရှိမည်ဖြစ်သည်။
၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပင်စင်လစာအပေါ်၌ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်
တွင်မူ
ထုတ်ယူခံစားလျက်ရှိသော ပင်စင်လစာ၏နှစ်ဆ တိုးမြှင့်ပေးခဲ့ကြောင်း
ပင်စင်ဦးစီးဌာနမှ သိရပြီး ပြီး
ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးမှ အမိန့်ကြော်ငြာစာ အမှတ်
၁၀၆/၂၀၁၁ ဖြင့် ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ပေးခဲ့ကြောင်းနှင့်
ယင်းအချိန်တွင် ပင်စင်စား ၀န်ထမ်း
များ၏ လစာမှာ အနည်းဆုံး ကျပ် ၂၀၀၀၀ မှ
အများဆုံးကျပ် ၁၁၀၀၀၀ အထိ ခံစားခွင့်ရခဲ့ခြင်း ဖြစ်သည်။
Eleven Media Group , Rangonnewsdaily
RND: :8.5.2013
(ဓာတ်ပုံ - ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများအား တွေ့ရစဉ်) |
အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်မှုနှင့်အတူ ပင်စင်စားများ၏ လစာများလည်း
ဧပြီလကုန်တွင် ထပ်တိုးခဲ့
ကြောင်း နေပြည်တော် ပင်စင်ဦးစီးဌာနမှ သိရှိရသည်။
ဧပြီလကုန်မှ စတင်၍ ပင်စင်လစာများ ထပ်တိုးရာ
တွင် အစိုးရ ၀န်ထမ်းများ
လစာတိုးသည့် ငွေကျပ် ၂၀၀၀၀ ပေါ် မူတည်၍ တွက်ချက်တိုးမြှင့်ခြင်း ဖြစ်သည်ဟု
သိရသည်။ယင်းသို့ပင်စင်လစာ ထပ်တိုးခြင်းအား သက်ဆိုင်ရာ
ပင်စင်စားများထံသို့ အကြောင်းကြားထားပြီး
ဖြစ်ကြောင်း သိရသည်။
"အခု ပင်စင်လစာ ထပ်တိုးတာက အစိုးရ ၀န်ထမ်းတွေတိုးတဲ့ ငွေကျပ် ၂၀၀၀၀ ပေါ်
မူတည်ပြီး တွက်ချက်
တာ ဖြစ်ပါတယ်။ အရပ်ဘက် ၀န်ထမ်းလုပ်ခဲ့တဲ့
ပင်စင်စားတစ်ဦးရဲလုပ်သက်ကို ငွေကျပ် ၂၀၀၀၀ နဲ့ မြှောက်
ပြီး ၇၀ နဲ့
ပြန်စားပြီး တွက်ချက်လို့ရလာတဲ့ ငွေကို တိုးမြှင့်တာပါ။ အဲဒီအတွက်
လုပ်သက်ပေါ်မူတည်ပြီး တစ်
ယောက်နဲ့တစ်ယောက် မတူပါဘူး။ ထပ်တိုးပင်စင်လစာကို
ဧပြီလကုန်မှ စတင်ခံစားရမှာ ဖြစ်ပါတယ်" ဟု
နေပြည်တော် ပင်စင်ဦးစီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းသို့ တွက်ချက်မှုအရ ပင်စင်စားတစ်ဦးလျှင် ပျမ်းမျှအနိမ့်ဆုံး တစ်ဦးလျှင် ကျပ် ၃၀၀၀ နီးပါးမှ အမြင့်ဆုံး
ယင်းသို့ တွက်ချက်မှုအရ ပင်စင်စားတစ်ဦးလျှင် ပျမ်းမျှအနိမ့်ဆုံး တစ်ဦးလျှင် ကျပ် ၃၀၀၀ နီးပါးမှ အမြင့်ဆုံး
ကျပ် ၁၂၀၀၀ တိုးခြင်းဖြစ်သည်ဟု သိရသည်။ အစိုးရ၀န်ထမ်း လုပ်သက် ၁၀
နှစ်ရှိသည့် ပင်စင်စား တစ်ဦး
သည် ပင်စင်လစာသည် ဧပြီလကုန်တွင် ပင်စင်လစာ
၂၈၅၇ ကျပ် တိုးမြှင့်မည်ဖြစ်သည်။
ြ့မန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိပြီး ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်
ြ့မန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိပြီး ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်
စားဝန်ထမ်းများ ဖြစ်ပြီး ကျန်ရှိသည့် သူများမှာ
ကာကွယ်ရေးဝန်ကြီးဌာနမှ ပင်စင်စားများ ဖြစ်သည်ဟု သိရ
သည်။ ယခုအခါ ဧပြီလကုန်မှ
ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်
ကာ
ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့်
ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ
တွက်ချက်နေဆဲဖြစ်ပြီး ၎င်းတို့အား ယခုမေလအတွင်း အပြီးတွက်ချက်ပေးမည်ဖြစ်
ကာ
မေလကုန်တွင် ဧပြီလနှင့် မေလနှစ်လပေါင်းကာ ခံစားခွင့် ရရှိမည်ဖြစ်သည်။
၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပင်စင်လစာအပေါ်၌ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်
၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပင်စင်လစာအပေါ်၌ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်
တွင်မူ
ထုတ်ယူခံစားလျက်ရှိသော ပင်စင်လစာ၏နှစ်ဆ တိုးမြှင့်ပေးခဲ့ကြောင်း
ပင်စင်ဦးစီးဌာနမှ သိရပြီး ပြီး
ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးမှ အမိန့်ကြော်ငြာစာ အမှတ်
၁၀၆/၂၀၁၁ ဖြင့် ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ပေးခဲ့ကြောင်းနှင့်
ယင်းအချိန်တွင် ပင်စင်စား ၀န်ထမ်း
များ၏ လစာမှာ အနည်းဆုံး ကျပ် ၂၀၀၀၀ မှ
အများဆုံးကျပ် ၁၁၀၀၀၀ အထိ ခံစားခွင့်ရခဲ့ခြင်း ဖြစ်သည်။
Eleven Media Group , Rangonnewsdaily
RND: :8.5.2013
Eleven Media Group , Rangonnewsdaily
RND: :8.5.2013
0 comments:
Post a Comment