Pages

Wednesday, May 15, 2013

ဆိုင်ကလုန် မဟာဆန် အဆင့် ၇ ထိ တိုးသတ်မှတ်၊ ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်နိုင်ခြေများ

ဆိုင်ကလုန် မဟာဆန် အဆင့် ၇ ထိ တိုးသတ်မှတ်၊ ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်နိုင်ခြေများ

ဘင်္ဂလာဒေခ်ျ့နိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ မုန်တိုင်းသတိပေးမူ အဆင့်ကို ကော့စ်ဘဇားနှင့် စစ်တကောင်းမြို့တွင် နံပတ် ၅ အဆင့်မှ ၇ ထိ တိုးမြှင့်လိုက်ပြီ တနိုင်ငံလုံးကို မုန်တိုင်း သတိပေးမူ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
မဟာဆန် မုန်တိုင်းသည် မေလ ၁၆ ရက် (မနက်ဖြန်) နံနက် ပိုင်းပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပင်လယ်ကမ်းခြေကို စတင် ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်းသည် မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော တက်ကနက်မြို့နယ်နှင့် ခေပူပါရာ မြို့နယ် အကြား ၀င်ရောက် တိုက်ခတ် နိုင်သည်ဟု ဘင်္ဂလာ မိုးဇလ ဌာနမှ ခန့်မှန်းထားသည်။ အဓိကအားဖြင့် စစ်တကောင်း ခရိုင် အလယ်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် ဖေါ်ပြသည်။

စစ်တကောင်းနှင့် ကော့စ်ဘဇား လေဆိပ်ကို ယနေ့ ညနေ နာရီမှ စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။

မုန်တိုင်းသတိပေးမူများ ရေဒီယို ရုပ်မြင်သံကြားများမှ တဆင့် အကြီးအကျယ် ပြုလုပ်နေပြီး ပင်လယ်ကမ်းခြေ ဒေသတွင် နေထိုင်သူများကို ဆိုင်ကလုန် စင်တာနှင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြသည်။

မုန်တိုင်းတိုက်ခတ်စဉ် အတွင်း လေတိုက်နုန်းသည် ကီလိုမီတာ ၆၈ မှ ၈၀ ထိ ရှိနိုင်ပြီး ဒီရေသည် ပေ ၂၀ ထိ မြင့်တက်နိုင်ကြောင်း ကျေညာထားသည်။
narinjara/Share Arakan News

ဘင်္ဂလာဒေခ်ျ့နိုင်ငံမိုးလေ၀သနှင့်ဇလဗေဒ ဌာနမှ မုန်တိုင်းသတိပေးမူ အဆင့်ကို ကော့စ်ဘဇားနှင့် စစ်တ
ကောင်းမြို့တွင်နံပတ်၅ အဆင့်မှ ၇ ထိ တိုးမြှင့်လိုက်ပြီ တနိုင်ငံလုံးကို မုန်တိုင်း သတိပေးမူ ထုတ်ပြန်လိုက်
ပြီ ဖြစ်သည်။မဟာဆန် မုန်တိုင်းသည် မေလ ၁၆ ရက် (မနက်ဖြန်) နံနက် ပိုင်းပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပင်လယ်ကမ်း
ခြေကို စတင် ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်းထားသည်။
မုန်တိုင်းသည် မြန်မာ နယ်စပ်အနီးတွင်တည်ရှိသောတက်ကနက်မြို့နယ်နှင့် ခေပူပါရာ မြို့နယ် အကြား ၀င်
ရောက်တိုက်ခတ် နိုင်သည်ဟုဘင်္ဂလာ မိုးဇလ ဌာနမှ ခန့်မှန်းထားသည်။အဓိကအားဖြင့်စစ်တကောင်းခရိုင်
အလယ်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် ဖေါ်ပြသည်။

စစ်တကောင်းနှင့် ကော့စ်ဘဇား လေဆိပ်ကို ယနေ့ ညနေ နာရီမှ စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။

မုန်တိုင်းသတိပေးမူများ ရေဒီယိုရုပ်မြင်သံကြားများမှ တဆင့် အကြီးအကျယ် ပြုလုပ်နေပြီး ပင်လယ်ကမ်းခြေ
 ဒေသတွင် နေထိုင်သူများကို ဆိုင်ကလုန် စင်တာနှင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြသည်။

မုန်တိုင်းတိုက်ခတ်စဉ် အတွင်း လေတိုက်နုန်းသည် ကီလိုမီတာ ၆၈ မှ ၈၀ ထိ ရှိနိုင်ပြီးဒီရေသည် ပေ ၂၀ ထိ
မြင့်တက်နိုင်ကြောင်း ကျေညာထားသည်။

Narinjara Media , Rangonnewsdaily
RND:  :15.5.2013

0 comments:

Post a Comment