skip to main |
skip to sidebar
တွန်းဇံ-တီးတိန်ကားလမ်းပေါ်တွင် လမ်းချော်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
3:30 PM
Kolatt
နေပြည်တော်၊ မေ ၁၅
၁၄-၅-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊
ကြို့သုံးပင် ရပ်ကွက်နေ ထန်ရှင်းခိုင်(၂၂)နှစ် မောင်းနှင်လာသည့် ၆က/xxxx
““ချင်းတောင်တန်း””ခရီးသည်တင် မှန်လုံယာဉ်သည် တွန်းဇံ-တီးတိန်ကားလမ်း
မိုင်တိုင်အမှတ်(၁၆/၅-၆)ကြားအရောက်တွင်
လမ်းချဲ့ ထားသောနေရာမှမြေသားများ မိုးရွာထားသဖြင့်လမ်းချော်ပြီး ၃၅
ပေခန့်အနက်ရှိ လမ်းယာဘက် ချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထန်ရှင်းခိုင်တွင် ယာဒူးပွန်း၊
ဝဲဂျိုစောင်းပေါက်ပြဲဒဏ်ရာများရရှိပြီး ခရီးသည်များဖြစ်သည့် တီးတိန်မြို့၊ ဂန်လှိုင်ကျေးရွာနေ ဒေါ်ကျိန်လွန်းညောင်(၄၀)နှစ်တွင်
ဝဲလက်ဖျံပွန်း၊ ၀ဲနားထင်ပေါက်ပြဲ၊ ၀ဲခြေသလုံးပေါက်ပြဲ၊ ဦးခေါင်းထိပ်
ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။
ဒေါ်ခေါင်ဆွင်းညောင် ပါ ၉ ဦးတွင် ရင်ဘတ်နာကျင်၊
ယာဒူးပွန်း၊ ၀ဲလက်သန်းပေါက်ပြဲ၊ ယာမျက်ခုံးပေါက်ပြဲ၊ ယာဂျိုစောင်းပွန်း၊
ခါးနာကျင်၊ နဖူးထိပ်ပွန်း၊ ၀ဲလက်မောင်း ဖူးရောင်၊ ယာပေါင်နာကျင်၊
ရင်ဘတ်ပွန်း၊ ကျောနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တီးတိန်
ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ
ထန်ရှင်းခိုင်အား တီးတိန်ရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈
ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
Rangonnewsdaily
RND: :15.5.2013
0 comments:
Post a Comment