Pages

Wednesday, May 22, 2013

"ဒါကဒီလို ဘယ်လိုပြင်မလဲ"

"ဒါကဒီလို ဘယ်လိုပြင်မလဲ"
================

သို့
 
အယ်ဒီတာရှင့်
 
မည်သည့် ငွေကြေးတစ်စုံ တစ်ရာမှ ပေးရန်မလို ဆိုတဲ့ စာတန်း အောက်ကနေ ငွေကြေးတောင်းခံနေတဲ့ သူတွေအကြောင်းကို Popular News  ကနေတစ်ဆင့်ပြောပြချင်လို့ ဒီစာကို 
ရေးသားလိုက်ရတာပါ။
 
ကျွန်မကတော့ ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ အလုပ်ကိစ္စတစ်ခုနဲ့ ဘန်ကောက်ကို ၁ဝ ရက်ခရီးစဉ် တစ်ခုသွားဖို့ အကြောင်းဖန် လာချိန်မှာ ရန်ကင်းက ပတ်စ်ပို့ရုံးနဲ့ ထိတွေဆက်ဆံရတော့တာ ပါပဲ။ အဲ့ဒီရုံးမှာ ပေးချေရမယ့် ငွေကြေး Amount  ကို စာကပ်ထားပါတယ်။ ပတ်စပို့စာအုပ်လုပ်တာ စုစုပေါင်း ကျပ် ၂၃၂ဝဝ သာ ကျသင့်ပါတယ်ဆိုပြီး 
ဗီနိုင်းထုတ် စာကပ်ထားတာပါ။ ကျွန်မ ဖတ်မိသလောက် ဘဏ်ပေးသွင်းရမယ့်ငွေက ကျပ် ၂ဝဝဝဝ၊ ဓာတ် ပုံရိုက်၊ ဖောင်ဖိုးက ကျပ် ၃၂ဝဝ လို့ရေးထားပါတယ်။ အဲ့ဒီစာတွေ ဖတ်ပြီး ပတ်စပို့ စလုပ်ဖို့ဓာတ်ပုံရိုက်၊ ဖောင်ဝယ်ချိန်မှာ အပိုငွေ ကြေးက စပေးရတော့တာပါပဲ။ အပြင်မှာ ရေးထားတဲ့ကျသင့်ငွေမှာ ကျပ် ၃၂ဝဝ ဆိုပေမယ့် ဓာတ်ပုံရိုက်ဖို့ ဖောင်ဝယ်ချိန်မှာ စုစုပေါင်း ကျပ် ၃၅ဝဝ တောင်းပါတယ်။ 

အဲ့ဒီမှာ အပိုငွေ ကျပ် ၃ဝဝ ထွက် ပါတယ်။ နောက် ဘဏ်မှာ ငွေသွင်းရပါတယ်။ ဖောင်ဖြည့်ပြီး ဖောင်စီပေးတဲ့သူတွေ ရာထူးအမျိုးမျိုးနဲ့ ယူနီဖောင်းဝတ်တွေက စားပွဲတန်းလျားမှာ ထိုင်နေကြပါတယ်။ ဖောင်မစီတတ်တော့ သူတို့ က ဖောင်စီပေးပါတယ်။ သူတို့ရဲ့နောက်ကျောဘက် ခေါင်းပေါ်မှာ စာတမ်းတစ်ခု 
ကပ်ထားပါတယ်။ ငွေကြေးပေးရန်မလိုတဲ့။ ဟုတ်ကဲ့ ကျွန်မဖောင်စီခ ကျပ် ၁ဝဝဝ ပေးခဲ့ရပါတယ်။ နောက် လိုအပ်တဲ့ မိတ္တူတွေ ဆွဲရပါတယ်။ မိတ္တူဆွဲပေးတဲ့ သူတွေကလည်း ယူနီ ဖောင်း ဝတ်တွေပါပဲ။ သူတို့နောက်ဘက်နံရံမှာ မိတ္တူတစ်စောင် ၂၅ ကျပ်လို့ ကပ်ထားပေမယ့်သူတို့ကတော့ တစ်စောင်ကို ၁ဝဝ ကျပ်ယူကြပါတယ်။ 

ပတ်စပို့ လုပ်ရတာ ရှုပ်ထွေးပါတယ်။ မလိုတဲ့ ပုံစံ ၁၇၊ ၁၉ အဆင့်တွေဖြုတ် လိုက်ပြီပြောပေမယ့် အခုထိ ဟိုအခန်း၊ ဟိုနေရာ ဖောင်ထပ်၊ ဟိုသွားတင်၊ ဒီဘက်ပို့တွေက အခုထိ ရှုပ်ထွေးနေတုန်းပါပဲ။ 

အဆင့်ဆင့်ဖြတ်ကျော်ရမှုတွေက လည်းများပါတယ်။ ကျွန်မ အဆင့်တစ်ဆင့်ကို ဖြတ်ရတိုင်းအိတ်ထဲ က ၅ဝဝ၊ ၁ဝဝဝ ကျပ် ခုန်ထွက်ပါတယ်။ သူတို့က အစိုးရဝန်ထမ်း တွေ ဖြစ်သလို 
ကျွန်မက ကုမ္ပဏီဝန်ထမ်းပါ။ ကျွန်မ လစာကျပ် ၁၂ဝဝဝဝ ရသလို သူတို့လည်း ကျွန်မလစာလောက်ရကြပါတယ်။ အခုဆို အစိုးရအောက်ခြေ ဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ ၉ သောင်းလောက်လည်းရှိကြပါတယ်။ ပတ်စပို့လုပ်ရတဲ့ ငွေကြေးဟာ ကုမ္ပဏီကစိုက်ထုတ်မပေးပါဘူး။ 

ကျွန်မဘာသာ ကျွန်မ ပေးဆောင် ရတဲ့အတွက် ကျွန်မလစာ ကျပ် ၁၂ဝဝဝဝ နဲ့ ပတ်စပို့တစ်အုပ် ၂၃၂ဝဝ ကျပ်ဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။ အခုတော့ ဝန်ထုပ် ဝန်ပိုးမှာ ထပ်ဆင့်ပြီး အပိုဆောင်းတစ်သောင်းကျော် ထပ်ကုန်ရပါ တယ်။
 
တစ်ခုတော့ရှိပါတယ်။ ကျွန်မ ပေးနေရတဲ့ ဟိုနေရာ ၅ဝဝ၊ ဒီနေရာ ၁ဝဝဝ ဆိုတဲ့ ငွေဟာ တရားဝင် အမှန်တကယ် ပေးရတဲ့ ငွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရားဝင်ဆိုလည်း တရားဝင် ဘာအတွက်ကြောင့် ပေးရတယ် ဆိုတာမျိုး အများမြင်သာအောင် မကြေညာထားလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။
 
ဒါကြောင့် တရားဝင်ပေးရတယ်ဆိုလည်း ဘာကြောင့်ဘယ် လိုပေးရတယ်ဆိုတဲ့အကြောင်း အများပြည်သူ အမြင်ရှင်းအောင် ကြေညာပေးသင့်ကြောင်း 
တင်ပြလိုက်ရပါတယ်။

ဘန်ကောက်သွားမည့်သူ တစ်ဦး


သို့
အယ်ဒီတာရှင့်

မည်သည့် ငွေကြေးတစ်စုံ တစ်ရာမှ ပေးရန်မလို ဆိုတဲ့ စာတန်း အောက်ကနေ ငွေကြေးတောင်းခံနေတဲ့ သူ
တွေအကြောင်းကိုPopular Newsကနေတစ်ဆင့်ပြောပြချင်လို့ဒီစာကို ရေးသားလိုက်ရတာပါ။ကျွန်မကတော့
ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ အလုပ်ကိစ္စတစ်ခုနဲ့ ဘန်ကောက်ကို ၁ဝ ရက်ခရီးစဉ် တစ်ခုသွားဖို့ အကြောင်းဖန်
လာချိန်မှာ ရန်ကင်းက ပတ်စ်ပို့ရုံးနဲ့ထိတွေဆက်ဆံရတော့တာပါပဲ။အဲ့ဒီရုံးမှာ ပေးချေရမယ့် ငွေကြေးAmount
ကိုစာကပ်ထားပါတယ်။ပတ်စပို့စာအုပ်လုပ်တာစုစုပေါင်းကျပ်၂၃၂ဝဝ သာ ကျသင့်ပါတယ်ဆိုပြီး ဗီနိုင်းထုတ်
စာကပ်ထားတာပါ။ 
ကျွန်မ ဖတ်မိသလောက် ဘဏ်ပေးသွင်းရမယ့်ငွေက ကျပ် ၂ဝဝဝဝ၊ ဓာတ် ပုံရိုက်၊ ဖောင်ဖိုးက ကျပ် ၃၂ဝဝ လို့ရေးထားပါတယ်။ အဲ့ဒီစာတွေ ဖတ်ပြီး ပတ်စပို့ စလုပ်ဖို့ဓာတ်ပုံရိုက်၊ ဖောင်ဝယ်ချိန်မှာ အပိုငွေ ကြေးက စပေးရတော့တာပါပဲ။ အပြင်မှာ ရေးထားတဲ့ကျသင့်ငွေမှာ ကျပ် ၃၂ဝဝ ဆိုပေမယ့် ဓာတ်ပုံရိုက်ဖို့ ဖောင်ဝယ်
ချိန်မှာ စုစုပေါင်း ကျပ် ၃၅ဝဝ တောင်းပါတယ်။

အဲ့ဒီမှာ အပိုငွေ ကျပ် ၃ဝဝ ထွက် ပါတယ်။ နောက် ဘဏ်မှာ ငွေသွင်းရပါတယ်။ ဖောင်ဖြည့်ပြီး ဖောင်စီပေး
တဲ့သူတွေ ရာထူးအမျိုးမျိုးနဲ့ ယူနီဖောင်းဝတ်တွေက စားပွဲတန်းလျားမှာ ထိုင်နေကြပါတယ်။ ဖောင်မစီတတ်
တော့ သူတို့ က ဖောင်စီပေးပါတယ်။ သူတို့ရဲ့နောက်ကျောဘက် ခေါင်းပေါ်မှာ စာတမ်းတစ်ခု ကပ်ထားပါ
တယ်။ ငွေကြေးပေးရန်မလိုတဲ့။ ဟုတ်ကဲ့ ကျွန်မဖောင်စီခ ကျပ် ၁ဝဝဝ ပေးခဲ့ရပါတယ်။ နောက် လိုအပ်တဲ့ မိတ္တူတွေ ဆွဲရပါတယ်။ မိတ္တူဆွဲပေးတဲ့ သူတွေကလည်း ယူနီ ဖောင်း ဝတ်တွေပါပဲ။ သူတို့နောက်ဘက်နံရံမှာ မိတ္တူတစ်စောင် ၂၅ ကျပ်လို့ ကပ်ထားပေမယ့်သူတို့ကတော့ တစ်စောင်ကို ၁ဝဝ ကျပ်ယူကြပါတယ်။

ပတ်စပို့ လုပ်ရတာ ရှုပ်ထွေးပါတယ်။ မလိုတဲ့ ပုံစံ ၁၇၊ ၁၉ အဆင့်တွေဖြုတ် လိုက်ပြီပြောပေမယ့် အခုထိ ဟို
အခန်း၊ ဟိုနေရာ ဖောင်ထပ်၊ ဟိုသွားတင်၊ ဒီဘက်ပို့တွေက အခုထိ ရှုပ်ထွေးနေတုန်းပါပဲ။

အဆင့်ဆင့်ဖြတ်ကျော်ရမှုတွေက လည်းများပါတယ်။ ကျွန်မ အဆင့်တစ်ဆင့်ကို ဖြတ်ရတိုင်းအိတ်ထဲ က ၅ဝဝ၊ ၁ဝဝဝ ကျပ် ခုန်ထွက်ပါတယ်။ သူတို့က အစိုးရဝန်ထမ်း တွေ ဖြစ်သလို ကျွန်မက ကုမ္ပဏီဝန်ထမ်းပါ။
ကျွန်မလစာကျပ်၁၂ဝဝဝဝ ရသလို သူတို့လည်း ကျွန်မလစာလောက်ရကြပါတယ်။ အခုဆို အစိုးရအောက်
ခြေ ဝန်ထမ်းတစ်ယောက်ရဲ့လစာဟာ၉ သောင်းလောက်လည်းရှိကြပါတယ်။ ပတ်စပို့လုပ်ရတဲ့ ငွေကြေးဟာ ကုမ္ပဏီကစိုက်ထုတ်မပေးပါဘူး။

ကျွန်မဘာသာ ကျွန်မ ပေးဆောင် ရတဲ့အတွက် ကျွန်မလစာ ကျပ် ၁၂ဝဝဝဝ နဲ့ ပတ်စပို့တစ်အုပ် ၂၃၂ဝဝ ကျပ်ဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။ အခုတော့ ဝန်ထုပ် ဝန်ပိုးမှာ ထပ်ဆင့်ပြီး အပိုဆောင်းတစ်သောင်းကျော် ထပ်ကုန်ရပါ တယ်။

တစ်ခုတော့ရှိပါတယ်။ ကျွန်မ ပေးနေရတဲ့ ဟိုနေရာ ၅ဝဝ၊ ဒီနေရာ ၁ဝဝဝ ဆိုတဲ့ ငွေဟာ တရားဝင် အမှန်
တကယ် ပေးရတဲ့ ငွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တရားဝင်ဆိုလည်း တရားဝင် ဘာအတွက်ကြောင့် ပေး
ရတယ် ဆိုတာမျိုး အများမြင်သာအောင် မကြေညာထားလို့ မသိတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် တရားဝင်ပေးရတယ်ဆိုလည်း ဘာကြောင့်ဘယ် လိုပေးရတယ်ဆိုတဲ့အကြောင်း အများပြည်သူ အမြင်ရှင်းအောင် ကြေညာပေးသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

ဘန်ကောက်သွားမည့်သူ တစ်ဦး

Popular Myanmar News,Rangonnewsdaily
RND:  :22.5.2013

0 comments:

Post a Comment