Sunday ,April 07, 2013
မြောက်ကိုရီးယား နယ်စပ်အနီးရှိ ဂဲဆောန် စက်မှုဇုံကို မြောက်ကိုရီးယားက
ဝင်ထွက်ခွင့် ပိတ်လိုက်တာ ၄ ရက် မြောက် ၂၀၁၃ ခုနှစ် ဧပြီ ၆ ရက်နေ့မှာ
ထုတ်လုပ် ပစ္စည်းများ ပြတ်တောက်သွား၍ ၄ရုံမြောက် စက်ရုံ ထပ်မံ အလုပ်နားနေရပါတယ်။ ဒီနေ့ နံနက် ၁၀ နာရီမှ စတင်၍ ဂဲဆောန် စက်မှုဇုံမှာ အလုပ်လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားလူမျိုး ၇ ဦးတို့က စတင် ၀င်လာပြီး၊ ၁၀နာရီ ၄၀ မီနစ်၊
၁၁ နာရီ ၅၀ မီနစ်၊ ညနေ ၂ နာရီနဲ့ နောက်ဆုံး ညနေ ၂ နာရီ ခွဲအထိ တောင်ကိုရီးယား လူမျိုး ၁၀၀နီးပါနဲ့ တရုတ်လူမျိုး ၂ဦးတို့ ၅ကြီမ်ခွဲပြီး ဂယောင်ဂီပြည်နယ် ဖာဂျူ ဒိုလာတောင် တောင်မြောက် လ၀ကရုံကနေ ၀င်လာခဲ့ပါတယ်။
ဧပြီ ၅ ရက်နေ့ဟာ မြောက်ကိုရီးယား တွင် ချောန်မြောန်ဂျောလ် ( သန့်ရှင်းတောက်ပသောနေ့) ဖြစ်၍ အလုပ်နားပါတယ်။ မြောက်ကိုရီးယား ဘက်ကပြန်ဝင်လာတဲ့ အလုပ်ရှင် တစ်ဦးက ဂဲဆောန် စက်မှုဇုံမှာ ပုံမှန် နဂိုအတိုင်း ပုံမှန် အလုပ်နေ ကြပြီး မြောက်ဘက် အစောင့်တပ်တွေက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေပေမယ့် ဂဲဆောန် စက်မှုဇုံက ထွက်သွားဆိုတဲ့ စကားကို
တခါမျှ မကြားဘူးသေးဘူး ဟု ပြောပြီးနောက် နောက်ထပ် ၃၊ ၄ ရက်ဆိုရင် ဂဲဆောန်
စက်မှုဇုံမှာ စားစရာ ပစ္စည်းများ ပြတ်တောက်တော့မယ့် အနေအထားမှာ
ရှိနေသေးတယ်လို့ ဆက်လက် ပြောပါတယ်။
လက်ရှိ ဂဲဆောန် စက်မှုဇုံမှာ
တောင်ကိုရီးယားလူမျိုး ၅၁၆ ယောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ လာမယ့် ဧပြီ ၇
ရက် တနင်္ဂနွေနေ့မှာ ဂဲဆောန် စက်မှုဇုံကနေ ၀င်ထွက်ဖို့ မရှိဘူးဆိုရင် ဧပြီ ၈
ရက်မှာ ပြန်လည် ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း အဆိုပါနေ့တွင် တောင်ကိုရီးယား လူမျိုး ၁၂ ဦး ထပ်မံ ၀င်ရောက်လာရန် ရှိကြောင်းကို တောင်မြောက် ပူးပေါင်းရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရပါတယ်။
လက်ရှိ ဂဲဆောန် စက်မှုဇုံ စောင့်ရှောက်ရေး ကော်မတီ က မြောက်ကိုရီးယားဘက်ကို ထိပ်သီး ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ဆက်တိုက် တောင်းဆိုနေကြောင်း ကိုရီးယားနိုင်ငံထုတ် သတင်းများအရ ကိုးကား ဖော်ပြလိုက်ပါတယ်။ မြောက်ကိုရီးယားဘက်က နည်းမျိုးစုံနဲ့ ဘယ်လောက် ခြိမ်းခြောက်နေပါစေ တောင်ကိုရီးယားဘက်ကတော့ ပုံမှန် အလုပ်ကို လုပ်ကိုင်နေကြတဲ့ အပြင်
တောင်ကိုရီးယားမှာ ဧပြီဆို ချယ်ရီ ပန်းတွေ ဝေေ၀ဆာဆာ ပွင့်နေတဲ့
လဖြစ်တဲ့အတွက် ချယ်ရီပန်းတွေကို ကြည့်ပြီး အပန်းဖြေနေတာကို ကိုရီးယား
ရုပ်မြင်သံကြားနဲ့ သတင်းတွေမှာ မတွေ့ချင်တဲ့ အဆုံးပါဘဲ။ အဲဒါကြောင့်
စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေမယ်ဆိုရင် တောင်ကိုရီးယားတွေက ဒီလို မနေဘဲ
စိုးရိမ်မှုအပေါင်းနဲ့ ပြင်ဆင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရွှေမျိုးတွေက စိုးရိမ်မှု မရှိကြဖို့နဲ့ အခြေအနေ စိုးရွားပါက တောင်ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မြန်မာ သံရုံးက ကူညီပေးသွားမယ်လို့ ဒီဗွီဘီ သတင်းမှာ ဖော်ပြထားတာကြောင်း သတင်းရရှိသည်။
Myanmar News International, Rangonnewsdaily
RND:7.4.2013
Myanmar News International, Rangonnewsdaily
RND:7.4.2013
0 comments:
Post a Comment