အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း နဲလ်ဆင်မန်ဒဲလားရဲ့ ကျန်းမာရေး
တိုးတက်ကောင်း မွန်လာပြီး စနေနေ့မှာ ဆေးရုံဆင်းခွင့်ရပြီလို့ တောင်အာဖရိက
သမ္မတ ဂျေကော့ဘ် ဇူးမား (Jacob Zuma) က ကြေညာ
ချက်တစောင် ထုတ်ပြန်လိုက်တာ
ဖြစ်ပါတယ်။ အဆုတ်အအေးမိရောဂါနဲ့ မတ်လ ၂၇ ရက်နေ့က မစ္စတာမန်
ဒဲလား ကို
ဆေးရုံတင်ခဲ့ရပြီးနောက်ပိုင်း နမိုးနီးယားရောဂါကို ကုသခဲ့ရပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာမန်ဒဲလား ဟာ တောင်အာဖရိကနိုင်ငံမှာ
လူနည်းစု ဖြစ်တဲ့လူဖြူတွေ ကြီး
စိုးတဲ့ အသားရောင်ခွဲခြားမှု ပြဿနာကိုဦးဆောင်ဆန့်ကျင်ခဲ့တဲ့အတွက်အကျဉ်းထောင်တွင်း၂၇ နှစ်
အကျဉ်း
ချခံရစဉ်ကတည်းက တီဘီ ရောဂါနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ
ခံစားခဲ့ရတာဖြစ်ပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်နဲလ်ဆင်မန်ဒဲလားဟာ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကမှာ
ပထမဆုံးလူမဲသမ္မတ
ဖြစ်လာပြီး တန်းတူညီမျှရေး တိုက်ပွဲဝင်ခေါင်းဆောင်အဖြစ်
ကမ္ဘာက ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်လည်း
ဖြစ်ပါတယ်။
VOA, Rangonnewsdaily
RND:7.4.2013

0 comments:
Post a Comment