စိတ်သောကရောက်နေရတဲ့ ကျောင်းအုပ်ဆရာကြီးဟာရှင်ဘိုဒီဆွာဟိဗ် |
ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်၄၈-လမ်းရှိ(ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင် ကျောင်းတွင် ယနေ
့နံနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးလောင်ခဲ့၍ ကလေး ၁၃-ဦးသေဆုံးကြောင်းသတင်းရရှိသည်။
ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်း သည်ဗိုလ်တထောင်မြို့နယ်၊၄၈-လမ်းအပေါ်လမ်း အမှတ်(၁၈၁)
ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်း
တွင်ရှိပြီးဗလီနှင့်ကပ်လျက်ရှိသောစာသင်ကျောင်းဖြစ်သည်။အဆိုပါကျောင်းသည်
ဟာဖိဇ်(ကျမ်းမြတ်ကုရ်
အာန်အာဂုံဆောင်သင်ကြားသော)ကျောင်းဖြစ်ပြီးကျောင်းတွင်အနယ်နယ်အရပ်ရပ်မှကျောင်းသား ၁၀၀-
ကျော် ရောက်ရှိ
ပညာသင်ကြားနေလျက်ရှိသည်။
ယခုအခါ ကျောင်းခဏပိတ်သောကာလဖြစ်၍
မီးလောင်မှုဖြစ်ပွားချိန်တွင် ကျောင်း၌ ကျောင်းသား ၇၀-ကျော်ရှိနေပြီး
၅၁-ယောက်မှာ မီးလောင်မှုမှ ထွက်ပြေးလာနိုင်ပြီး မီးလောင်ကျွမ်းမှုကြောင့်
ကလေး(၁၃)ယောက် သေဆုံးသွားကြာင်းသိရသည်။ အဆိုပါ
သေဆုံးကျောင်းသား(၁၃)ယောက်မှာ အသက်(၁၃)နှစ်အောက် ကလေးများဖြစ်ကြောင်းလည်း
သိရသည်။
ဧပြီလ၂-ရက်မနက်၂-နာရီ၄၅-မိနစ်ခန့်တွင်မီးစတင်လောင်ကျွမ်းခဲ့ပြီး၃-နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့
ဧပြီလ၂-ရက်မနက်၂-နာရီ၄၅-မိနစ်ခန့်တွင်မီးစတင်လောင်ကျွမ်းခဲ့ပြီး၃-နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့
ကြောင်း၊ှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှန်းသိ၍
ပြေးဆင်းလာသော ကလေးများမှာ အောက်ထပ်တွင် ဆီများကိုတက်နင်းမိ၍ချော်လဲကြကြောင်း၊ဓါတ်ဆီနံ့များလည်းရကြောင်းစာသင်ကျောင်းသည်၂-ထပ်ေ
ကျာင်းဆာင်ဖြစ်ပြီး အပြင်ဘက်တွင် လုံးဝ မီးမလောင်ပဲ အတွင်းဘက်တွင်သာ
မီးလောင်ကျွမ်းမှု ပုံစံမျိုးရှိကြောင်းလည်းသိရသည် ။
အဆိုပါကျောင်းတွင်စာသင်နေသောကျောင်းသား၂-ဦးအားမေးမြန်းရာ"သားတို့ကျောင်းက ၂-ထပ်ကျောင်း
အဆိုပါကျောင်းတွင်စာသင်နေသောကျောင်းသား၂-ဦးအားမေးမြန်းရာ"သားတို့ကျောင်းက ၂-ထပ်ကျောင်း
ဆောင်ပါ။ မီးစစလောင်ချင်းတော့ သားတို့မသိဘူး။
သားတို့သိတဲ့အချိန် မီးက တော်တော်လေးလောင်နေပြီ။ ဒါနဲ့ သားတို့
ပြေးဆင်းလာကြတယ်။
အောက်ထပ်မှာဆီတွေပြန့်ကျဲနေတယ်။အဲဆီတွေကိုတက်နင်းမိပြီးသားတို့ချော်လဲကြတယ်။ သားတို့ကျောင်း
မှာ
ကျောင်းသားက လက်ရှိ ၇၀-ကျော်ရှိတာ။ အခုအပြင်မှာ ၅၁-ယောက်တော့ ရောက်နေပြီ။
သားတို့ကျောင်းမှာဆီတွေဘာတွေလှောင်ထားတာလည်းမရှိပါဘူး။ဖိနပ်ထားတဲ့ဖိနပ်စင်နေရာကနေ စလောင်တာ။အခုထိအင်္ကျီမှာဓါတ်ဆီနံ့တွေ နံနေသေးတယ်။"လို့
အသက် ၁၅-နှစ်အရွယ် ကျောင်းသားလေး ၂-ဦးမှ M-Media ကို ပြောပြလာပါတယ်။
"ကျွန်တော် အခု မီးလောင်တဲ့နေရာကို ရောက်နေပါတယ်။ ဗလီဘက်ခြမ်းမှာလည်း အပြင်မှာ မီးလောင်တာ လုံးဝမရှိပါဘူး။အခုကျောင်းဆောင်ကလည်းအတွင်းပိုင်းမှာလောင်ထားတာ။မီးလောင်တော့ မီးသတ်ကား
"ကျွန်တော် အခု မီးလောင်တဲ့နေရာကို ရောက်နေပါတယ်။ ဗလီဘက်ခြမ်းမှာလည်း အပြင်မှာ မီးလောင်တာ လုံးဝမရှိပါဘူး။အခုကျောင်းဆောင်ကလည်းအတွင်းပိုင်းမှာလောင်ထားတာ။မီးလောင်တော့ မီးသတ်ကား
(၃)စီးရောက်လာတယ်။ (၁)စီးကတော့
ရေဖြန်းတယ်။ (၂)စီးက ရေမဖြန်းလို့ ၀ိုင်းပြောတော့မှ ရေဖြန်းတယ်။
အခုတော့
မီးလောင်ပြီးသေဆုံးသွားတဲ့ ကလေးတွေက တစ်နေရာတည်းမှာ တစ်စုတည်း သေနေကြတယ်။
အံ့သြစရာထူးဆန်းတာကတစ်ယောက်ဆိုမီးလုံးဝမကျွမ်းဘူး။အခုမီးလောင်တာကို
ဝါယာရှော့ခ်ဖြစ်တယ်ပဲ
ပြောနေကြတယ်။ ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ဘူး။
ကျွန်တော် အခု ဒီလမ်းထဲမှာနေတဲ့ ၂-ယောက်နဲ့ ကျွန်တော်မေးကြည့်တာ
သူတို့ကပြောတယ်။ မီးမလောင်ခင် ၂-နာရီကျော်ကျော်လောက်က ၀ုန်းဝုန်းဆိုပြီး
အသံကြားရတယ်။
သူတို့လည်းသေချာသတိမထားလိုက်မိဘူး။နောက်ခဏနေတော့အဲဒီကျောင်းဘက်ကနေ မီးရောင်မြင်လိုက်
ရတယ်။သူတို့လည်းကျောင်းကမီးထွန်းတာလို့ထင်လိုက်တာ။ခဏနေတော့မှ မီးတွေလောာင်နေတာ
မြင်
လိုက်ရတယ်ဆိုပြီး သူတို့မြင်တာကို ကျွန်တော့်ကို ပြောပြတယ်။
အခုတော့ကလေးတွေရဲ့အလောင်းတွေကိုဆေးရုံကိုသယ်သွားကြပြီ။တချို့ကလေးတွေကိုတော့
ကယ်ဆယ်
ရေးစခန်းဘက်ခ်ါသွားလိုက်ကြတယ်။မီးလောင်တာက၀ါယာရှော့ခ်ဖြစ်တာလုံးဝမဟုတ်ပါဘူး။ တမင်သက်
သက် မီးရှို့တာ သေချာပါတယ်"လို့ မီးစလောင်ကတည်းက
မီးလောင်ရာနေရာမှာရောက်ရှိနေသူတ စ်ဦးမှ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။
Rangonnewsdaily
RND:2.4.2013
M-Media, Rangonnewsdaily
RND:2.4.2013
0 comments:
Post a Comment