၄၈ လမ်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ခန့်မှ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည် မီလောင်ကျွမ်းမှုကြောင့် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြားခလေးငယ်များမှာ ပိတ်မိနေခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုမှ စာသင်ကျောင်း၏ လှေခါးအနီးတွင် ခလေးငယ်များ
အိပ်နေစဉ် ၀ါယာရှော့ဖြစ် သည်ဟု ယူဆရပြီး မီးမှာ လှေခါးကို
ပိတ်လောင်ကျွမ်းခဲ့သဖြင့် ခလေးငယ်များလောင်ကျွမ်းခဲ့ရကြော င်း စာသင်ကျောင်း ပတ်ဝန်းကျင်ရှိ ရပ်ကွက် အတွင်းနေထိုင်သူများက ဆက်လက်၍ myanmarmuslim.net သို့ ပြောကြားရာတွင်
မီးသတ်ရောက်လာတော့မှ တံခါးဖျက်ဝင်ပြီး ကလေးတွေကို ကယ်လိုက်နိုင်တယ် ..
ကလေးတွေက အထဲမှာ ပိတ်မိပြီး အောက်ကို မဆင်းနိုင်ဘူးဖြစ်နေတယ် ... အခု သေတာက
၁၃ ယောက်ရှိသွားပြီး လို့သိရတယ် ... နောက်ထပ် ဒဏ်ရာရတဲ့သူတွေ လဲ
အများကြီးပဲ .. ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မီးစတင်လောင်ကျွမ်းပုံနှင့် ပတ်သက်၍ မေးမြန်းရာ ... အားလုံးအိပ်နေတဲ့ အချိန်မှာဖြစ်တာလေ .... ခလေးတွေက ကျောင်းကို ပြန်ရောက်တာ ၂ ရက်လောက်ပဲရှိသေးတယ် ... ၀ါယာရှော့ဖြစ်တယ်လို့တော့ ပြောတယ် .... တာဝန်ရှိသူတွေ သေသေချာချာ စစ်ပြီးမှ ဘာကြောင့်ဖြစ်တယ်
ဆိုတာသိရမယ် ဟုဖြေကြားခဲ့ပါသည်။
အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၇၀ မှ ၁၀၀ အကြားတက်ရောက်လျက်ရှိမည် ဟုယူဆရကြောင်းဒေသခံများက ပြောကြားခဲ့ပါသည်
မီးသတ်မှ ရောက်ရှိလာပြီး ကျန်ရှိသောခလေး ငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း ယခုအချိန်တွင် မီးညွန်ကျိုးသွားပြီဖြစ်ကြောင်း
နောက်ဆက်တွဲ ရရှိသော သတင်း
၄၈ လမ်းကျောင်း မီးလောင်ကျွမ်းမှုမှာ ရှိုမီးဖြစ်
ဧပြီလ - ၂ ရက် ၂၀၁၃
ဗလီနှင့်လှေခါးကြား မျှော်စင်ကြား နေရာသို့ တစ်ယောက်မှ ၀င်ရောက်ခဲ့ကြောင်းမျက်မြင် သက်သေ များမှ ပြောကြားခဲ့ပါသည်။
ကျောင်းတစ်ဝိုက် လောင်စာဆီများ ပက်ဖြန်းသွားခဲ့ကြောင်းနှင့် မီးလောင် သေဆုံးသွားသော ခလေးငယ်များ၏ ခန္ဓာကိုယ်ပေါ်တွင် လောင်စာဆီအနံများရ ကြောင်း အလောင်းများကို ပို့ပေးသူများက ပြောကြားခဲ့ပါသည်။
မီးဘေးမှ လွတ်မြောက်လာသူ ခလေးများအားမေးမြန်းရာတွင် တစ်စုံ တစ်ယောက်မှ ခလေးများအိပ်ပျော်နေချိန်တွင် လောင်စာဆီများလာရောက်ပက်ဖျန်းခဲ
သတင်း - မင်းဇေယျာ
Myanmar Muslim.Net, Rangonnewsdaily
RND:2.4.2013
၄၈လမ်း ဆွာဒီကီယာကျောင်းမီးလောင်မှုမြင့်ကွင်းများ |
1 comments:
သံသယတွေနဲ့ အလုပ်မလုပ်ကြပါနဲ့
ကျွမ်းကျင်သူတွေ အဖြေရှာပေးပါလိမ့်မယ်
Post a Comment