Pages

Pages - Menu

Tuesday, April 2, 2013

၄၈လမ်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးလောင်မှုနဲ့ပတ်သတ်ပြီး အဖြစ်အပျက်ကိုယ်တိုင်ကြုံတွေရသူကျောင်းသားတစ်ဦးရဲ့ပြောပြချက်

ကျောင်းအုပ်ဆရာကြီးဟာရှင်ဘိုဒီဆွာဟိဗ်
စိတ်သောကရောက်နေရတဲ့ ကျောင်းအုပ်ဆရာကြီးဟာရှင်ဘိုဒီဆွာဟိဗ်
ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်၄၈-လမ်းရှိ(ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွင် ယနေ
့နံနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးလောင်ခဲ့၍ ကလေး ၁၃-ဦးသေဆုံးကြောင်းသတင်းရရှိသည်။
ယင်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည်ဗိုလ်တထောင်မြို့နယ်၊၄၈-လမ်းအပေါ်လမ်း အမှတ်(၁၈၁)
တွင်ရှိပြီးဗလီနှင့်ကပ်လျက်ရှိသောစာသင်ကျောင်းဖြစ်သည်။အဆိုပါကျောင်းသည် ဟာဖိဇ်(ကျမ်းမြတ်ကုရ်
အာန်အာဂုံဆောင်သင်ကြားသော)ကျောင်းဖြစ်ပြီးကျောင်းတွင်အနယ်နယ်အရပ်ရပ်မှကျောင်းသား ၁၀၀-
ကျော် ရောက်ရှိ ပညာသင်ကြားနေလျက်ရှိသည်။
ယခုအခါ ကျောင်းခဏပိတ်သောကာလဖြစ်၍ မီးလောင်မှုဖြစ်ပွားချိန်တွင် ကျောင်း၌ ကျောင်းသား ၇၀-ကျော်ရှိနေပြီး ၅၁-ယောက်မှာ မီးလောင်မှုမှ ထွက်ပြေးလာနိုင်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကလေး(၁၃)ယောက် သေဆုံးသွားကြာင်းသိရသည်။ အဆိုပါ သေဆုံးကျောင်းသား(၁၃)ယောက်မှာ အသက်(၁၃)နှစ်အောက် ကလေးများဖြစ်ကြောင်းလည်း သိရသည်။

ဧပြီလ၂-ရက်မနက်၂-နာရီ၄၅-မိနစ်ခန့်တွင်မီးစတင်လောင်ကျွမ်းခဲ့ပြီး၃-နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့
ကြောင်း၊ှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှန်းသိ၍ ပြေးဆင်းလာသော ကလေးများမှာ အောက်ထပ်တွင် ဆီများကိုတက်နင်းမိ၍ချော်လဲကြကြောင်း၊ဓါတ်ဆီနံ့များလည်းရကြောင်းစာသင်ကျောင်းသည်၂-ထပ်ေ
ကျာင်းဆာင်ဖြစ်ပြီး အပြင်ဘက်တွင် လုံးဝ မီးမလောင်ပဲ အတွင်းဘက်တွင်သာ မီးလောင်ကျွမ်းမှု ပုံစံမျိုးရှိကြောင်းလည်းသိရသည်

အဆိုပါကျောင်းတွင်စာသင်နေသောကျောင်းသား၂-ဦးအားမေးမြန်းရာ"သားတို့ကျောင်းက ၂-ထပ်ကျောင်း
ဆောင်ပါ။ မီးစစလောင်ချင်းတော့ သားတို့မသိဘူး။ သားတို့သိတဲ့အချိန် မီးက တော်တော်လေးလောင်နေပြီ။ ဒါနဲ့ သားတို့ ပြေးဆင်းလာကြတယ်။
အောက်ထပ်မှာဆီတွေပြန့်ကျဲနေတယ်။အဲဆီတွေကိုတက်နင်းမိပြီးသားတို့ချော်လဲကြတယ်။ သားတို့ကျောင်း
မှာ ကျောင်းသားက လက်ရှိ ၇၀-ကျော်ရှိတာ။ အခုအပြင်မှာ ၅၁-ယောက်တော့ ရောက်နေပြီ။ 
သားတို့ကျောင်းမှာဆီတွေဘာတွေလှောင်ထားတာလည်းမရှိပါဘူး။ဖိနပ်ထားတဲ့ဖိနပ်စင်နေရာကနေ စလောင်တာ။အခုထိအင်္ကျီမှာဓါတ်ဆီနံ့တွေ နံနေသေးတယ်။"လို့ အသက် ၁၅-နှစ်အရွယ် ကျောင်းသားလေး ၂-ဦးမှ M-Media ကို ပြောပြလာပါတယ်။

"ကျွန်တော် အခု မီးလောင်တဲ့နေရာကို ရောက်နေပါတယ်။ ဗလီဘက်ခြမ်းမှာလည်း အပြင်မှာ မီးလောင်တာ လုံးဝမရှိပါဘူး။အခုကျောင်းဆောင်ကလည်းအတွင်းပိုင်းမှာလောင်ထားတာ။မီးလောင်တော့ မီးသတ်ကား
(၃)စီးရောက်လာတယ်။ (၁)စီးကတော့ ရေဖြန်းတယ်။ (၂)စီးက ရေမဖြန်းလို့ ၀ိုင်းပြောတော့မှ ရေဖြန်းတယ်။ 
အခုတော့ မီးလောင်ပြီးသေဆုံးသွားတဲ့ ကလေးတွေက တစ်နေရာတည်းမှာ တစ်စုတည်း သေနေကြတယ်။ အံ့သြစရာထူးဆန်းတာကတစ်ယောက်ဆိုမီးလုံးဝမကျွမ်းဘူး။အခုမီးလောင်တာကို ၀ါယာရှော့ခ်ဖြစ်တယ်ပဲ
ပြောနေကြတယ်။ ၀ါယာရှော့ခ်ဖြစ်တာ လုံးဝမဟုတ်ဘူး။ ကျွန်တော် အခု ဒီလမ်းထဲမှာနေတဲ့ ၂-ယောက်နဲ့ ကျွန်တော်မေးကြည့်တာ သူတို့ကပြောတယ်။ မီးမလောင်ခင် ၂-နာရီကျော်ကျော်လောက်က ၀ုန်းဝုန်းဆိုပြီး အသံကြားရတယ်။
သူတို့လည်းသေချာသတိမထားလိုက်မိဘူး။နောက်ခဏနေတော့အဲဒီကျောင်းဘက်ကနေ မီးရောင်မြင်လိုက်
ရတယ်။သူတို့လည်းကျောင်းကမီးထွန်းတာလို့ထင်လိုက်တာ။ခဏနေတော့မှ မီးတွေလောာင်နေတာ မြင်
လိုက်ရတယ်ဆိုပြီး သူတို့မြင်တာကို ကျွန်တော့်ကို ပြောပြတယ်။ 
အခုတော့ကလေးတွေရဲ့အလောင်းတွေကိုဆေးရုံကိုသယ်သွားကြပြီ။တချို့ကလေးတွေကိုတော့ ကယ်ဆယ်
ရေးစခန်းဘက်ခ်ါသွားလိုက်ကြတယ်။မီးလောင်တာက၀ါယာရှော့ခ်ဖြစ်တာလုံးဝမဟုတ်ပါဘူး။ တမင်သက်
သက် မီးရှို့တာ သေချာပါတယ်"လို့ မီးစလောင်ကတည်းက မီးလောင်ရာနေရာမှာရောက်ရှိနေသူတစ်ဦးမှ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။
Rangonnewsdaily
RND:2.4.2013 
Photo
ကလေးငယ်များ ဂျနာဇဟ်ပါဝင်ခဲ့ကြသူများ
  • ဆရာကြီး ဟာရှင်ဘိုဒီ ရဲ့သား ဟာဖီဇ်ဆွာလေဟ် ၀မ်းနည်းစွာ ငိုကြွေးနေပုံ
    ဆရာကြီး ဟာရှင်ဘိုဒီ ရဲ့သား ဟာဖီဇ်ဆွာလေဟ် ၀မ်းနည်းစွာ ငိုကြွေး
    သေသေချာချာ ကြည့်ပါ ဓါတ်စီတွေ ဖြန်းပြီး  မီးရို့ ထားတဲ့ ပုံ  အ၀တ်တွေ ဖေါ့  တွေမှာ ဓါတ်စီတွေ  မှာ ဓါတ်စီတွေ  ဆိုနေပါတယ်
    သေသေချာချာ ကြည့်ပါ ဓါတ်စီတွေ ဖြန်းပြီး မီးရို့ ထားတဲ့ ပုံ အ၀တ်တွေ ဖေါ့ တွေမှာ ဓါတ်စီတွေ မှာ ဓါတ်စီတွေ ဆိုနေပါတယ်

M-Media, Rangonnewsdaily
RND:2.4.2013

No comments:

Post a Comment