မြန်မာ နိုင်ငံတွင် လက်ရှိ အသုံးပြုနေသော 3G ကွန်ရက် မိုဘိုင်းလ်ဖုန်းများအား4G ကွန်ရက်စနစ်ဖြင့်အဆင့်
မြှင့် တင်နိုင်ရန် ဂျပန်နိုင်ငံမှ ကူညီ ထောက်ပံ့မှုဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
မိုဘိုင်းလ် ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောကြားသည်။
အဆိုပါ 4G စနစ်တွင် Data များများ အသုံးပြု သူများအတွက် အဆင်ပြေ သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ
က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂ဝ၁၃ ဆီးဂိမ်းတွင် မိုဘိုင်းလ်ဖုန်းများအသုံးပြုရလွယ်ကူစေရန် မြန်မာ့
ဆက်သွယ်ရေးမှ မိုဘိုင်းလ်ဖုန်း ကွန်ရက်အား 4G စနစ်သို့ တိုးမြှင့် ပေး မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ, Rangonnewsdaily
RND:1.4.2013

0 comments:
Post a Comment