၂၀၁၃-၁၄
ဘဏ္ဏာနှစ်တွင်းရရှိသော စစ်သုံးစာရိတ်များအားလုံး၏ ၄ပုံ၃ပုံခန့်ကို
ယူရိုဖိုက်တာ +4 မျိုးဆက် တိုက်လေယာဉ်အုပ်များနှင့် အပိုပစ္စည်းများ တပ်ဆင်
ဒုံးစနစ်များ ဝယ်ယူမည်ဟုသိရသည်။
ယူရိုဖိုက်တာများသည် နေတိုးတပ်ဖွဲ့သုံး လေယာဉ်များဖြစ်ပြီး
တပ်ဆင်ထုတ်လုပ်ရာ အော်စတီးရားနိုင်ငံသို့ သမ္မတဦးသိန်းစိန် သွားရောက်စဉ်က
ရောင်းချပေးရန် သဘောတူညီမှုရခဲ့တာဖြစ်ပြီး၊ မူလရာထားချက်ဖြစ်သည့်
ရုရှားလုပ် SU-30 များ Mig 35 များကို ပယ်ချကာ ဝယ်ယူစေခဲ့ခြင်းဖြစ်ပါသည်။
ယခင်လေတပ်ဦးစီးချုပ်လက်ထက်ကတည်းကယူရိုဖိုက်တာများကို
အလွန်အမင်းစိတ်ဝင်စားခဲ့တာ ဖြစ်ပြီး
နိုင်ငံတကာ ဆန်ရှင်များအရ ဝယ်ယူရန်
လက်လှမ်းမမှီခဲ့တာလဲဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဂရစ်ဖလင်
တိုက်လေယာဉ်များ ဘင်္ဂလားဒေ့ခ်ျ၏ SU-30 များဝယ်ယူမည့် အစီစဉ်များနှင့်
ယှဉ်ပြိုင်ကာ ဝယ်ယူလိုက်သော ပထမဦးဆုံးသော ခေတ်မှီ ဥရောပနိုင်ငံလုပ်
နေတိုးစစ်သုံး တိုက်လေယာဉ်ဖြစ်ပါသည်။
သို့သော် ယူရိုဖိုက်တာ
တိုက်လေယာဉ်များသည် အလွန်အမင်းဈေးကြီးပြီး အပိုပစ္စည်းများရှားပါးခြင်း၊
အသုံးဝင်မှုတွင်ပညာရှင်များစိတ်ကြိုက်မတွေ့ခြင်းကြောင့် ကျွမ်းကျင်သူများက ဝေဖန်လျက်ရှိကြပြီး၊ ဒေသ
တွင်း လေတပ်ချင်းဂုဏ်ပြိုင်မှုသက်သက်အ တွက်သာ တပ်ဆင်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်ခင်ဗျား။
ပုံမှာယူရိုဖိုက်တာတစ်စီးပေါ်သို့အသေးစိတ်တက်ရောက်လေ့လာနေသောလေတပ်အရာရှိကြီးတစ်ဦးပုံဖြစ်
ပါသည်။
မောင်ဟန်
Rangonnewsdaily
RND:1.4.2013
RND:1.4.2013
0 comments:
Post a Comment