၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် ပြင်ဆင်ရမည့်ဥပဒေများစွာရှိနေပြီး စာအုပ်အဖုံးကအစ ပြင်သင့်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါ ဥက္ကဌ ဦးခွန်းထွန်းဦးက ရှမ်းပြည်နယ် လာရှိုးမြို့၌ ယနေ့ ကျင်းပပြုလုပ်သော ငြိမ်ချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆွေးနွေးပွဲ ပထမနေ့ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မလားအားလုံးဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲမလားဆိုတာပြည်သူ
လူထုတရပ်လုံးရဲ့သဘောတူထောက်ခံမှုနဲ့ဆောင်ရွက်ရမှာပါ။ပြင်ဆင်မလား၊
အသစ်ပြန်ဆွဲမလား ပြင်ဆင်
စရာတွေက များလွန်းတော့စာအုပ်အဖုံးက စပြီး
ပြင်ရမှာပါ” ဟု ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။
The Street View
Rangonnewsdaily
RND: :21.3.2013
0 comments:
Post a Comment