မရမ်းကုန်းမြို့ နယ်ရှိ၊ နေအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းခိုးယူမှုမှ တဆင့်အိမ်ရှင်မိသားစု ဓါးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရသည်ဟု ရန်ကုန်တိုင်းဒေသကြီး သတင်းတပ်ဖွဲ့ မှ သတင်းရရှိသည်။ ယနေ့ ည ၈ နာရီဝန်းကျင်ခန့် တွင်အဆိုပါနေအိမ်အတွင်းသို့ အမည်မသိ သူတစ်ဦးက ၀င်ရောက်ကာ ခိုးယူမှုပြုခဲ့ရာ အိမ်ရှင်မိသားစု သိရှိသည့်အတွက် ခိုးယူသူက ဓါးဖြင့်အိမ်ရှင်မိသားစုကို ရန်ရှာသဖြင့်ထိုသို့ ဆေးရုံပေါ်သို့ တင်လိုက်ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှတာဝန်ရှိသူက အတည်ပြုပြောသည်။ အမျိုးသမီး နှစ်ဦးနဲ ဆယ်ကျော်သက်အရွယ်ကလေးနှစ်ဦးတို့ ပြတ်ရှ ဒဏ်ရာတွေနဲ့ ဆေးရုံကြီးပေါ်ကို တင်လိုက်ရပါတယ်။ အသက်သေဆုံးသည့်အခြေအနေတော့မရှိပါဘူးဟု ၄င်းကဆိုသည်။
လက်ရှိတွင် အဆိုပါဖြစ်ရပ်မှာ ၀င်ရောက်ခိုးယူရာမှတဆင့်ဖြစ်ပွားခဲ့သည့် အမှုဖြစ်သည်ဟု ဆိုကာ တရားခံဖမ်းဆီးရမိရေး အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၄င်းထံမှ သိရသည်။ ခိုးယူမှုဖြစ်ပွားခဲ့သည့် အဆိုပါနေအိမ်မှာ အမျိုးသား မရှိကြောင်းလက်တလောသိရှိရသည်။
လက်ရှိတွင် အဆိုပါဖြစ်ရပ်မှာ ၀င်ရောက်ခိုးယူရာမှတဆင့်ဖြစ်ပွာ
0 comments:
Post a Comment