ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှိုင်မြစ်ကမ်းမှာ ရပ်နားထားတဲ့ စစ်တပ်ပိုင် မြ၀တီ ထရေးဒင်း ကုမ္ပဏီရဲ့ ဆီတင်သင်္ဘောပေါ်မှာ ဒီကနေ့ ဖေဖေ
ါ်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ ၄ ဦးသေဆုံးမှုရှိတယ်လို့ စုံစမ်းသိရပါတယ်။
အဲဒီ ဆီတင်သဘောင်္ပေါက်ကွဲမှုဟာ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်
ဖြစ်ပွားတာဖြစ်ပြီး ဒီကနေ့ ညနေ ၅ နာရီမှာ စတင်ပေါက်ကွဲ
လောင်ကျွမ်းခဲ့တာပါ။
ပေါက်ကွဲသံဟာ ကျယ်လောင်လွန်းတာကြောင့်
အနီးအနားက ရန်ကုန်မြို့ဒေသခံတွေအကြား အထိတ်တ
လန့် ဖြစ်ခဲ့ကြပါတယ်။
ဆီတင်သဘောင်္ပေါ်မှာ တန်ချိန်ဘယ်လောက် တင်ဆောင်ထားသလဲနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့
အခြေအနေကိုတော့ RFA က ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
RFA (Burmese)
0 comments:
Post a Comment