ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။
အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ
သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ
ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။
တချို့ကတော့လဲ ခရိုနီရဲ့မူလပထမအဓိပ္ပါယ်ဟာ မိတ်ကောင်းဆွေကောင်း၊
ငယ်ပေါင်းရင်းချာ ဆိုတဲ့ အဓိပ္ပါယ်ရှိတာမို့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ မိတ်ဆွေဖြစ်ရေးကို ခရိုနီတွေအနေနဲ့ မဖြစ်မနေ လုပ်လာရတယ်လို့ ယူဆ
ပါတယ်။ အတိုက်အခံဘ၀ကတဲက မိတ်ဆွေဖွဲ့ထားမှ အာဏာရလာချိန်မှာ
ငယ်ပေါင်းရင်းချာ ဆက်ဆံရေးမျိုး ရနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အတိုက်အခံနဲ့ မဟာမိတ်လုပ်လာတာဟာ ခရိုနီဂုဏ်ပုဒ် ပျက်စီးစေဖို့ မဟုတ်ပဲ ခရိုနီရဲ့  အသွင်ကူးပြောင်းရေးအကြိုကာလ ရင်းနှီးမြုပ်နှံမူ
တခုသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ခရိုနီနဲ့ အာဏာသံသရာ
အသွင်ကူးပြောင်းရေးရဲ့ တချိန်ချိန်မှာ အတိုက်အခံတွေလဲ အာဏာရ
လာနိုင်တယ် ဆိုတာကို ခရိုနီတွေက သဘောပေါက်ပါတယ်။ အာဏာရ
လာတဲ့ အတိုက်အခံနဲ့ ပေါင်းရသလို အတိုက်အခံပြန်ဖြစ်သွားတဲ့ အာဏာမဲ့
တွေနဲ့လဲ ပေါင်းပါတယ်။ အာဏာရှိသူရော အာဏာပြန်ရလာမဲ့ အတိုက်အခံ
တွေကိုရော မိတ်ဆွေကောင်းတွေလုပ် ပေါင်းသင်းရင်းပဲ ခရိုနီဂုဏ်ကို ဆက်လက်ထိမ်းသိမ်းသွားဖို့ ကြိုးစားကြလေ့ရှိပါတယ်။
ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ
တစ်သက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။
တချို့ခရိုနီလုပ်ငန်းရှင်တွေက
ပြောင်းလဲရပ်တည်ပါတယ်။ အာဏာရှိသူနဲ့ ခပ်ကင်းကင်းနေပြီး အတိုက် အခံမှန်သမျှကို ကူညီပံ့ပိုးပါတယ်။ ခေတ်ပျက်စဉ်က ချမ်းသာကြွယ်ဝလာမှု
တွေကို အသွင်ကူးပြောင်းရေးကာလ လိုအပ်ချက်တွေအတွက် ပြန်လည်
ပေးဆပ်ဖို့ ကြိုးစားပါတယ်။ အသွင်ကူးပြောင်းရေး လူချမ်းသာတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ရုရှားက ခေတ်ပျက်သူဌေး မီခိုလ်း
(မီခေးလ်) ခိုဒေါ်-ကောဗ့်စကီး ဖြစ်ပါတယ်။
ခိုဒေါ်ကောဗ့်စကီး ဘယ်သူလဲ
ခိုဒေါ်ကောဗ့်စကီးဟာ ၁၉၆၃ ခုနှစ်မှာ မော်စကိုမြို့တော်မှာ မွေးဖွါးကြီးပြင်း
ခဲ့သူပါ။ ဖခင်ဖြစ်သူက ဂျူး-လူမျိုး အင်ဂျီနီယာတဦးဖြစ်ပြီး ခိုဒေါ်ကော့ဗ်
စကီးကိုယ်တိုင်လဲ ဓါတုအင်ဂျီနီယာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသားဘ၀မှာပဲ ကွန်မြူနစ်ပါတီရဲ့ လူငယ်ခေါင်းဆောင် ဖြစ်
လာပါတယ်။ ၁၉၈၆ ခုနှစ် ဓါတုအင်ဂျီနီယာနဲ့ ဘွဲ့ရပြီးချိန်မှာ အဲဒီအချိန်က သမ္မတ ဂေါ်ဘာချော့ရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သဘောကျပြီး စီးပွါးရေးနယ်ထဲကို ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ထိပ်ပိုင်း
ခေါင်းဆောင်တွေ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံဖို့ နိုင်ငံတော်ချေးငွေ အမြောက်အများရခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲ
ချိန်မှာ ခိုဒေါ်ကော့ဗ်စကီးဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်တဦး ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့  ပထမဆုံး ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်ရခဲ့သလို မီလျှံနာသူဌေးတယောက် ဖြစ်လာပါတယ်။
၁၉၉၂-ခုနှစ်မှာ သမ္မတယဲ့လ်ဆင်က ခိုဒေါ်ကော့ဗ်စကီးကို စွမ်းအင်နဲ့
လောင်စာဆီဆိုင်ရာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုေ
ပေးအပ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတယဲ့လ်ဆင်အစိုးရ ခွင့်ပြုချက်နဲ့ ခိုဒေါ် ကော့ဗ်စကီးဟာ Yukos-ယူကိုစ့်ဆိုတဲ့ ရေနံကုမ္ပဏီ ထူထောင်ခွင့်
ရခဲ့ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ စီမံခန့်ခွဲမူနဲ့ ယူကိုစ့်ကုမ္ပဏီဟာ နိုင်ငံတကာမှာ နာမည်ရလာပါတယ်။ ၂၀၀၀ ခုနှစ်မှာ ရုရှားရေနံထုတ်လုပ်မူ
ရဲ့  ၂၀ ရာခိုင်နှုန်းကို ယူကိုစ့်-ကုမ္ပဏီကပဲ တာဝန်ယူရတဲ့အဆင့်ထိ
အောင်မြင်မူရရှိလာပါတယ်။ ကမ္ဘာ့ပုဂ္ဂလိကပိုင် ရေနံကုမဏီတွေရဲ့ ထိပ်ဆုံးစါရင်းမှာ ပါဝင်လာပါတယ်။ အဲဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးကို နိုင်ငံတကာစီးပွါးရေး အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာရသလို ရုရှားရဲ့  အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
ခေတ်ပျက်သူဌေးရဲ့ ဒီမိုကရေစီအိပ်မက်
ခိုဒေါ်ကောဗ့်စကီးနဲ့ တခြားရုရှားခေတ်ပျက်သူဌေးတွေ မတူတာတစ်ခု
ကတော့ လူငယ်တွေအပေါ်ထားရှိတဲ့ အနာဂတ်ရည်မှန်းချက် ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမူတွေကို ရုရှားမျိုးဆက်သစ်ခလေးတွေအတွက်
စကီးက ယုံကြည်ပါတယ်။ ရုရှားလူငယ်တို်င်းဟာ သူ့လိုမျိုး အခွင့်အရေး
ရခဲ့မယ်ဆိုရင် သူ့လိုပဲ ချမ်းသာ ကြွယ်ဝလာသူတွေ ဖြစ်လာမယ်လို့လဲ ယူဆသူပါ။ နိုင်ငံရေးအယူအဆနဲ့ ပတ်သက်ရင်လဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ ဆိုတဲ့ အယူအဆတွေကို ခိုဒေါ်ကော့ဗ်
စကီးက ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲဖြစ်တယ်လို့ ယုံကြည်သူပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ စစ်မှန်တဲ့ ဒီမိုကရေစီ
နိုင်ငံရေးစင်မြင့်ထက်မှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ သူက ယူဆပါတယ်။ ရှုရှားရဲ့  အနာဂတ်နိုင်ငံရေးဟာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအပေါ်
လုံးဝ မှီတည်နေတယ်လို့လဲ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်သူပါ။ သူ ယုံကြည်တဲ့အတိုင်းပဲ ရုရှားမျိုးဆက်သစ်ခလေးတွေအတွက်
တွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ သူ့သားကြီးဖြစ်တဲ့ ပါဗယ်-ခိုဒေါ် ကော့ဗ်စကီးကို အမေရိကန်နိုင်ငံကို သွားရောက်ပညာသင်စေခဲ့သလို တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကိုလဲ နိုင်ငံရပ်ခြားမှာ သွားရောက်
သင်ယူနိုင်ဖို့ ပညာသင်စားရိတ် ထောက်ပံ့ပေးတာတွေ လုပ်ပါတယ်။
ငွေကြေးမတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကို ခိုဒေါ်ကော့ဗ်စကီးက
နှောင်ကြိုးမဲ့ အကူအညီတွေ ပေးပါတယ်။ နိုင်ငံရေးပါတီတခုထဲကို ကူညီပေးတာမျိုးကိုတော့ သူက လုံးဝဆန့်ကျင်ပါတယ်။ နိုင်ငံရေးပါတီတွေ များများရှိလေ ရုရှားလူငယ်တွေကြားမှာ နိုင်ငံရေးအမြင် ပိုနိုးကြားလာ
လိမ့်မယ်လို့ ခိုဒေါ် ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရ
မဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ သူက ယူဆပါတယ်။ ယူဆတဲ့အတိုင်းလဲ လိုအပ်တဲ့ အကူအညီမှန်သမျှကို ခိုဒေါ်ကော့ဗ်စကီးက ထောက်ပံ့ပေးပါတယ်။ သူနဲ့ခေတ်ပြိုင် ခေတ်ပျက်
သူဌေးတွေကိုလဲ လူ့အခွင့်အရေးဖေါင်ဒေးရှင်းတွေ လူသားချင်းစာနာ
ကူညီရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရုရှားလူ့အဖွဲ့အစည်းကို တုန့်ပြန်ကျေးဇူး
ဆပ်ကြဖို့ စည်းရုံးခဲ့သူလဲဖြစ်ပါတယ်။
ခောတ်ပျက်သူဌေးတွေပဲ ကောင်းစားနေတယ်ဆိုပြီး အသွင်ကူးပြောင်းရေး
ကာလကို စိတ်ပျက်နေတဲ့ ရုရှားလူထုဟာ ခိုဒေါ်ကော့ဗ်စကီး ရပ်တည်
ချက်ကို အသိအမှတ်ပြု လေးစားခဲ့ကြပါတယ်။ သမ္မတယဲ့လ်ဆင်
လက်ထက်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့  စီမန်ကိန်းတွေ၊ ရည်ရွယ်ချက်တွေဟာ တစုံတရာ အနှောက်အယှက် မရှိခဲ့ပေမဲ့ သမ္မတ ဗလာဒီမာပူတင်
လက်ထက်မှာတော့ ပြသနာပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ခရိုနီလဲ ပါဝင်ခွင့်ရှိတယ်
၂၀၀၃-ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ပူတင်ဟာ ခေတ်ပျက်သူဌေးတွေကို သမ္မတနန်းတော်ကို ခေါ်ယူပါတယ်။ ခရိုနီတွေဟာ ခရိုနီလိုပဲ ရပ်တည်ဖို့နဲ့ အတိုက်အခံတွေနဲ့ ကင်းကင်းနေဖို့၊ နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ပူတင်က သတိပေးပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားရုပ်မြင်သံကြားက တိုက်ရိုက်
ထုတ်လွင့်ပြသဖို့ ပူတင်က စီစဉ်ခဲ့တာပါ။ ပူတင်ရဲ့ ရည်ရွယ်ချက်ကတော့
ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့ ခေတ်ပျက်သူဌေးတွေကို သူဘယ်လို အမိန့်ပေးညွန်ကြားတယ်၊ သြဇာဘယ်လိုညောင်းတယ် ဆိုတာကို ရုရှားပြည်သူတွေကို ပြသချင်တဲ့အတွက်ပါ။ အစည်းအဝေးတက်လာတဲ့
ခေတ်ပျက်သူဌေးအားလုံးက ပူတင် ပြောသမျှကို တစုံတရာ ပြန်မပြောရဲ
ခဲ့ကြပါဘူး။ ဒါပေမဲ့ ခိုဒေါ်ကော့ဗ်စကီးကတော့ ခရိုနီဟာ ခရိုနီပဲ ဖြစ်ရမယ်
ဆိုတဲ့ ပူတင်ရဲ့ အယူအဆကို လက်မခံပါဘူး။ ခရိုနီပဲဖြစ်ဖြစ် ဘယ်သူပဲ
ဖြစ်ဖြစ် ရုရှားနိုင်ငံရဲ့  ဒီမိုကရေစီထူထောင်ရေးလုပ်ငန်း
ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရူနေရတဲ့ ရုရှားပြည်သူတွေဟာ ပူတင်ကို အချက်အလက်အတိအကျနဲ့ ပြန်ပြောရဲတဲ့ ခိုဒေါ်ကော့ဗ်စကီးကို သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ကို တုန့်ပြန်
ပြောဆိုခဲ့မူဟာ ခိုဒေါ်ကော့ဗ်စကီးအတွက်တော့ ကံကြမ္မာအလှည့်အပြောင်းတခု ဖြစ်လာစေပါတယ်။
နိုင်ငံခြားမသွားဘဲ ထောင်ထဲသွားဖို့ ရွေးချယ်ခဲ့သူ
ပူတင်နဲ့ အစည်းအဝေးပြီးချိန်ကစလို့ ရုရှားထောက်လှမ်းရေးတွေဟာ ခိုဒေါ်ကော့ဗ်စကီးနဲ့ ရင်းနှီးသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီး ဖေါင်ဒေးရှင်းအကူအညီနဲ့ ပညာသင်နေတဲ့ ခလေးမိဘတွေကို အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ တခြားခေတ်ပျက်သူဌေးတွေလို ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးသွားဖို့ နည်းမျိုးစုံနဲ့ ခိုဒေါ် ကော့ဗ်စကီးကို ဖိအားပေးပါတယ်။ ဒါပေမဲ့ ခိုဒေါ် ကောဗ့်စကီးဟာ တခြားလူတွေလို တိုင်းပြည်က ထွက်မသွားတဲ့အပြင် လူငယ်တွေ ပညာရေးအတွက်
နောက်ထပ် ဖေါင်ဒေးရှင်းအသစ်တွေ ထူထောင်ပါတယ်။ အတိုက်အခံပါတီတွေကိုလဲ အရင်အတိုင်း အကူအညီပေးပါတယ်။
၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပူတင်ရဲ့  ထောက်လှမ်းရေး
အဖွဲ့က ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးပါတယ်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု စတာတွေနဲ့ စွဲချက်တင်ပြီး ထောင် ၈ နှစ် ချမှတ်ခဲ့
ပါတယ်။ သူ့ ဖက်က လိုက်ပါပေးတဲ့ ရှေ့နေတွေ ထောက်ခံသူတွေ အားလုံးကိုပါ ပူတင် ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ စွဲချက်တင် ဖမ်းဆီး
တာ ရှေ့နေလိုင်စင်ပိတ်တာတွေ လုပ်ခဲ့တာပါ။
ထောင်မချခင်မှာပူတင်ဟာ ခိုဒေါ်ကော့ဗ်စကီးကို အပြစ်ရှိကြောင်း ၀န်ခံပြောမယ်ဆိုရင် ပြန်လွှတ်ပေး
မယ်၊ ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံခြားကို ထွက်ခွါနေထိုင်ခွင့် ပေးမယ်
ဆိုပြီး နည်းမျိုးစုံနဲ့ စည်းရုံနားချဖို့ ကျိုးစားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ လူချမ်းသာတဦးလိုနေရမဲ့ ဘ၀ထက် ရုရှားမှာပဲ အကျဉ်းသားဘ၀နဲ့ နေရ
တာက အနာဂါတ်ရုရှားမျိုးဆက်သစ်တွေအတ
ဆိုပြီး ခိုဒေါ်ကော့ဗ်စကီးဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့ ငြင်းဆိုပြီး အကျဉ်းသားဘ၀ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ခိုဒေါ်ကော့ဗ်စကီး
ခိုဒေါ်ကော့ဗ်စကီးဟာ အကျဉ်းထောင်ထဲကနေရုရှားနိုင်ငံတော် အနာဂါတ်နဲ့ပတ်သက်လိုသူ့အယူအဆ-အ
တွေးအခေါ်တွေကို ဆောင်းပါးပုံစံ ရေးပြီးထောင်ပြင်ကို ခိုးထုတ်ပါတယ်။ ထောင်ထဲကနေ ဆောင်းပါးတွေ
ရေးနေတဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အမိန့်နဲ့ အလုပ်ကြမ်းရဲဘက်စခန်းကို ပို့ပါတယ်။
ရဲဘက်စခန်းမှာပဲ ရုရှားရေနံထုတ်လုပ်မူနဲ့ပတ်သ
ရေးသားပြုစုခဲ့သူပါ။ လွတ်လပ်ခြင်းအရသာနဲ့ ပတ်သက်လို့ ထောင်ထဲက ရေးပို့တာတွေကို ခိုဒေါ်ကော့ဗ်စ
ကီးထောက်ခံသူတွေက စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်လာချိန်မှာတော့ တခန်းထဲအတူနေ ရာဇ၀တ်အကျဉ်းသားတဦးက ခိုဒေါ်ကောဗ့်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပါတယ်။ ဒီလုပ်ကြံမူဟာ
ပူတင်အစိုးရရဲ့ လက်ချက်လို့ အများက ယူဆပါတယ်။ မတရားဖမ်းဆီး ထောင်ချထားတဲ့အပြင် ထောင်ထဲမှာ
ပါ လုပ်ကြံသတ်ဖြတ်ဖို့ကျိုးစားလာချိန်မှာတော့ နိုင်ငံတကာသတင်းမီဒီယာတွေကပူတင်ကို ဝေဖန်ရေးသား
လာပါတယ်။ခိုဒေါ်ကော့ဗ်စကီးကိုဖမ်းဆီးထားတာဟာ ပူတင်ရဲ့နိုင်ငံရေးလုပ်ကြံမူတ
ပြလာပါတယ်။
အမေရိကန်မှာ ပညာသင်နေတဲ့သားဖြစ်သူ ပါဗယ်ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အစိုးရက ပြည်တော်ပြန်ဝင်
ခွင့်ပေးဖို့ ငြင်းဆိုပါတယ်။ အဖေကိုလဲဖမ်း သားကိုလဲ ပြန်လာခွင့် မပေးချိန်မှာတော့ ရုရှားမှာရော နိုင်ငံတ
ကာမှာပါ ခိုဒေါ်ကော့ဗ်စကီး ပြန်လွှတ်ပေးရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာပါတယ်။ တချိန်က ခေတ်ပျက်
သူဌေးလို့ လူသိများခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးဟာ ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံး အကျဉ်းသားတယောက် ဖြစ်လာ
ပါတယ်။
ခိုဒေါ်ကော့ဗ်စကီးဟာ အကျင့်ပျက်ခြစားမူနဲ့ ဖမ်းဆီးထောင် ချခံရတာမဟုတ်ပဲ သူ့ယုံကြည်ချက်ကြောင့်
ဖမ်းဆီးခံနေရတာလို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာပါတယ်။ခောတ်ပျက်သူဌေးကနေ ယုံကြည်ချက်
ကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာပါတယ်။
ပူတင် အကြောက်ရဆုံး လူသား
ခိုဒေါ်ကော့ဗ်စကီးကို ချမှတ်ထားတဲ့ ပြစ်ဒဏ်အရ ၂၀၁၁ ခုနှစ်ထဲမှာပြန်လွတ်ပေးရမှာပါ။ ဒါပေမဲ့ ပြန်လွတ်
ပေးရမဲ့ရက် မတိုင်ခင်လေးမှာပဲနောက်ထပ် စွဲချက်အသစ်တွေနဲ့ ထောင် ၅ နှစ် ထပ်ချပါတယ်။ ပြန်လွှတ်မ
ပေးပဲ နောက်အမှုတပ် ထောင်ချတဲ့အပေါ်နိုင်ငံတကာအစိုးရတွေကရောလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ
ပြန်လွတ်ပေးရေး တောင်းဆိုပွဲတွေ အရှိန်မြင့်လာချိန်မှာ ထောင်ဒဏ် ၂ နှစ် လျော့ပေါ့ပေးပါတယ်။
ဆိုလိုတာကတော့ နောက်အမှု မတပ်ဘူးဆိုရင် သူဟာ ၂၀၁၄ ခုနှစ်ထဲမှာ ထောင်က ပြန်လွတ်လာတော့မှာ
ပါ။ ခိုဒေါ်ကော့ဗ်စကီး ထောက်ခံသူတွေကတော့ ပူတင်ကို အယုံအကြည် မရှိကြပါဘူး။ လွတ်ရက်စေ့ခါနီး
မှာ နောက်ထပ်အမူတွေနဲ့ ထောင်ထပ်ချနိုင်တယ်လို့ ယူဆနေပါတယ်။
ပူတင်အနေနဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရတဲ့ သတ္တိမရှိဘူးလို့လဲသုံးသပ်ပါတယ
ရဲ့ပုံရိပ်
လာတဲ့ အခြေအနေလို့လဲ တချို့က ယူဆပါတယ်။ အဲဒီလိုအခြေအနေမှာပဲ ထောင်ထဲကနေ ခိုဒေါ်ကော့ဗ်စ
ကီ ရေးသားပေးပို့တဲ့ဆောင်းပါးတွေ စုစည်းပြီးပူတင်ရဲ့အကျဉ်းသားဆိုတဲ့စာအုပ်တအုပ်ထွက်ရှိလာပါတယ်။
လောလောဆယ် ရုရှားဘာသာနဲ့ ထုတ်ဝေထားပြီး ဘာသာစကား တော်တော်များများနဲ့ နိုင်ငံတကာကို
ဖြန့်ချီဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ရုရှားမှာပူတင်ရဲအကျဉ်းသားစာအုပ်ဟာအရောင်းရအကောင်းဆုံးစာရင်း
ဝင်ခဲ့သလို စာအုပ်မိတ်ဆက်ပွဲကို ရုရှား စာပေလောကက အထင်ကရ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာပါ။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ
စဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်
ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။ဒေါ်စုနဲ့ ပါဗယ်တို့ တွေ့ဆုံခဲ့တဲ့
သတင်းဟာ ဥရောပသတင်းမီဒီယာတွေမှာ အထူးရေပန်းစားခဲ့တဲ့ သတင်းတပုဒ်လဲဖြစ်ပါတယ်)။
ဆက်တိုက်ဆိုသလိုပဲ ခိုဒေါ်ကော့ဗ်စကီးဘ၀ကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လဲ ထွက်ပေါ်လာပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကို ရုရှားမှာ ရုံတင်မပြဖို့ ပူတင်အစိုးရက ညွန်ကြားထားပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ နိုင်ငံတော်ပိုင်တွေကို ခိုးယူထားတဲ့ ခေတ်ပျက်သူဌေး သူခိုးတယောက်အနေနဲ့ပဲ ပူတင်အစိုးရက ၀ါဒဖြန့်ချီ
နေဆဲပါ။
ခိုဒေါ်ကော့ဗ်စကီးတွေ များများလိုသလား
ခောတ်ပျက်သူဌေး ခရိုနီစီးပွါးရေးလုပ်ငန်းရှင်
ကျဉ်းသားတဦး ဖြစ်လာတဲ့ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်ကို သုံးသပ်ကြည့်ရမယ်ဆိုရင် ...
အာဏာရှိသူနဲ့ လုံးဝမပေါင်းပဲ အတိုက်အခံတွေကိုပဲ ကူညီအားပေးသူတဦး။ခောတ်ပျက်သူဌေးဘ၀က ချမ်း
သာကြွယ်ဝလာမှုတွေကို မျိုးဆက်သစ် ခလေးလူငယ်တွေရဲ့ ပညာရေးအကူအညီတွေမှာ ပုံအောသုံးစွဲခဲ့သူ။ ရုရှားရဲ့ ကြောက်စရာအကောင်းဆုံးလူလို့ တင်စားတဲ့ ဗလာဒီမာပူတင်ကို ရဲရဲဝန့်ဝန့် ရင်ဆိုင်ခဲ့သူ။ နိုင်ငံရပ်
ခြားကို ထွက်ပြီး စည်းဇိမ်ခံနေနိုင်တဲ့ဘ၀ကို စွန့်ပြီး ပူတင်ရဲ့ အကျဉ်းသားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့သူ
ဆိုတာ တွေ့ရမှာပါ။ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်နဲ့ပဲ ရုရှားရဲ့  တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီးနေတာ၊ ဒီမို
ကရေစီတန်ဖိုး ကင်းမဲ့နေတာကို နိုင်ငံတကာကရော ရုရှားလူထုကပါ သဘောပေါက်လာတာပါ။
အသွင်ကူးပြောင်းရေးအကြိုကာလမှာရုရှားလူထုက ခေတ်ပျက်သူဌေးတွေကိုစက်ဆုပ်ရွံ့ရှာစရာအကောင်း
ဆုံးလူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သူတို့ လေးစားအားကျလာသူကတော့ တချိန်က ရွံ
ရှာမုန်းတီးခဲ့သူတွေထဲမှာပါ
ခိုဒေါ်ကော့ဗ်စကီးအနေနဲ့ ဖေါင်ဒေးရှင်းထောင်ပေးရုံ၊ ပညာတော်သင်ကြေးထောက်ပံ့ပေးရုံ၊ အတိုက်အခံ
တွေကို ကူညီပေးရုံသက်သက်နဲ့ အများရဲ့  ယုံကြည်လေးစားမူကို ရခဲ့တာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစား
နေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ
့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပူတင်ရဲ့အကျဉ်းသားဘ၀နဲ့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ခဲ့လို့ အများက လေးစားလာတာပါ။
ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအကြိုကာလမှာလ
အသွင်ကူးပြောင်းရေး လူချမ်းသာလို့ပဲ အမည်တပ်တပ် ခိုဒေါ်ကော့ဗ်စကီးလိုပုဂ္ဂိုလ်မျိုးတွေပေါ်မလာနိုင်ဘူး
လို့ တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ထိတော့ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။
မိုးအေး
(သစ္စာသတင်းဂျာနယ်မှ ...)
မှီငြမ်း
- Russia´s crony capitalism- the swing of the pendulum by Vladimir Gelman, 14 November 2011
- http://www.khodorkovsky.com/
- http://www.kinolorber.com/
- Khodorkovsky to be freed in 2014 after sentence cut (BBC- 20 December 2012)
- The Top of the World, Then Prison in Siberia by Stephen Holden , 29 November, 2011, The New York Times)
- Khodorkovsky, Seven magazine review by Jenny McCartney 06 March, 2012, the telegraph)
- Khodorkovsky Documentary (Filmed, directed and produced by Cyril Tuschi)
- The Oligarchs by David E. Hoffman
- http://
photo;အမျိုးသားဒီမိုကရေစီအဖွဲ
ပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်
ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပုံ
ဒေါက်တာလွဏ်းဆွေ
0 comments:
Post a Comment