လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည်အိမ်ကွင်း၌ လီဗာပူးလ်အသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ်ရင်ဆိုင်ခဲ့ရာတစ်ဖက်နှင့်တစ်ဖက်ဂိုးများအပြန်အလှန်သွင်းယူပြီး သရေရလဒ်ထွက်ပေါ်ခဲ့ကာ အမှတ်ပေးဇယားအားဦးဆောင်နေသော မန်ယူအသင်း နှင့်ကိုးမှတ်အထိကွာဟခဲ့ပြီဖြစ်သည်။ မန်စီးတီးနည်းပြ မန်စီနီသည်ယခုပွဲစဉ်တွင် တိဗက်ဇ်အားအနားပေးခဲ့ကာ အဂူရို နှင့် ဒီဇီကို တိုက်စစ်
အတွဲဖြင့်ပွဲထွက်လာခဲ့သည်။
ကွင်းလယ်ပိုင်းတွင် ဒေးဗစ်ဆေးလ်ဗား၊ မီလ်နာ၊ ဂျာဗီဂါစီ ယာ၊ ဘယ်ရီ
တို့အားအသုံးပြုခဲ့ကာ ကလစ်ချီ၊ လက်စ်ကော့၊ နာစတာဆစ်၊ ဇာဘလက်တာ တို့ဖြင့်
ရင်ဆိုင်ခဲ့သည်။
ဧည့်သည်လီဗာပူးလ်အသင်းတွင် ဆွာရက်ဇ် အား စတာရစ်ခ်ျ
ဖြင့်တွဲဖက်ကစားစေခဲ့ကာ ဂျာရတ်၊ ဒေါင်း
နင်း၊ ဟန်ဒါဆန်၊ လူးကပ်စ်၊ အဂ္ဂါ၊
ဂလင်းဂျွန်ဆင်၊ ကာရစ်ဂါ၊ အန်းနရစ် အစရှိသောကစားသမားများအား အသုံးပြုခဲ့
သည်။ နှစ်သင်းလုံးပွဲစသည်နှင့်အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်ခဲ့ရာပွဲချိန် ၂၃ မိနစ်တွင် မီလ်နာ ၏ပေးပို့မှုအားတိုက်စစ်မှူး ဒီဇီကို အကောင်းမွန်ဆုံးအဆုံးသတ်ကာ မန်စီးတီးအသင်းအတွက် ဦး
ဆောင်ဂိုးအား ရယူပေးနိုင်ခဲ့သည်။
မန်စီးတီးနောက်တန်းသည် ယခုပွဲစဉ်တွင်လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ် အားထိန်းချုပ်နိုင် ရန် ကြိုးစား
ခဲ့သဖြင့် စတာရစ်ခ်ျ အတွက်ပိုမိုလှုပ်ရှားခွင့်ရရှိခဲ့ကာပွဲချိန် ၂၉ မိနစ်တွင်ဧရိယာအပြင်ဘက်မှအပြင်း ကန်
သွင်းခွင့်ရရှိခဲ့ပြီး ချေပဂိုးရယူနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းလုံးကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး
အပြန်အ
လှန် ထိုးဖောက်ခဲ့သဖြင့်ပွဲမှာ ပိုမိုကြည့်ကောင်းလာခဲ့သည်။
၇၃
မိနစ်အရောက်တွင် လီဗာပူးလ်အသင်းခေါင်းဆောင် ဂျာရတ် ဘောလုံးအားရင်ဘတ်နှင့်
တစ်ချက်ထိန်း
ကာပြင်းထန်သောကန်သွင်းချက်ဖြင့် လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုး
ပေးလိုက်ရပြီးနောက် မန်စီးတီးအသင်းမှပြန်လည်ထိုးဖောက်ခဲ့ပြီးပွဲချိန် ၇၈ မိနစ်တွင်တန်ပြန်တိုက်စစ်မှ
တဆင့် အဂူရို မှမန်စီးတီးအသင်းအတွက် ချေပဂိုးရယူနိုင်ခဲ့သည်။
ထို့နောက်နှစ် သင်းလုံးအနိုင်ဂိုးရရှိရန်ကြိုးစားခဲ့သော်လည်း ဂိုးသမားများ၏ကာကွယ်ပုံကောင်းမွန်မှုကြောင့် တစ်ဖက်နှင့်တစ်ဖက် ဆက်လက်ဂိုးသွင်းယူနိုင်ခြင်းမရှိတော့ဘဲ ပွဲပြီးဆုံးချိန်တွင်တစ်ဖက်နှစ်ဂိုးစီသရေဖြင့်
![]() |

0 comments:
Post a Comment