မန္တလေး ဆေးတက္ကသိုလ်မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးသန်းဝင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း
ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၅၀၀ ကျော်ရှိကြောင်း ကျောင်းထုတ်ခံရတဲ့
ကျောင်းသားတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မြန်မာ ဂျာနယ်လစ်
ကွန်ရက်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အဲဒီလိုကျောင်းထုတ်ခံရတာဟာသူတို့အခွင့်အရေးတွေ ဆုံးရှုံးတာဖြစ်တဲ့အပြင် ကျောင်းပြန်လည်တက်ခွင့်ရရေးအတွကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာဗကသ-ဗမာနိုင်ငံလုံးဆိုင်ရာကကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း
ဆေးတက္ကသိုလ်ကျောင်းသားများထုတ်ပယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီးထုတ်ပြန်ကြေညာချက်တွေ ဖတ်ကြားခဲ့
ပါတယ်။
မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်လေးခုရှိရာမန္တလေး ဆေးတက္ကသိုလ်မှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသား
မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်လေးခုရှိရာမန္တလေး ဆေးတက္ကသိုလ်မှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသား
တွေအများဆုံးဖြစ်ပြီး၊အဲဒီလိုကျောင်းသားအများအပြားကျောင်းထုတ်ခံရတာနဲ့ ပတ်သက်ပြီး ကျောင်းအုပ်
ဆရာကြီး
ဦးသန်းဝင်းအနေ နဲ့ ပြေလည်အောင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
0 comments:
Post a Comment