Pages

Thursday, February 7, 2013

ဝန်ထမ်း


တာဝန်များစွာ….
အခက်အခဲများစွာ….
စိုးရိမ်မှုများစွာ….
ယှဉ်ပြိုင်မှု များစွာ…
ဘဝက တစ်ခုတည်းဖြစ်သော် လည်းထိုတစ်ခုတည်းသော ဘဝထဲ ၌ လက်ခံသိမ်းယူထားရသည့် အရာတွေက အများသား။ ဘဝဟူ သည် တိုတောင်းသည်..။ ရှည် လျားသည် စသည်ဖြင့် …။လိုက် မမီနိုင်သော အဓိပ္ပာယ်တို့ဖြင့် အသီးသီး အနက်ဖွင့်ဆိုကြ၏။’ဝ’လုံးကို ချရေးပြီး ရှင်သန်လာ သည့် အချိန်မှစ၍ အက္ခရာ တစ်ဝက် လော က်ကို မည်သို့မည်ပုံ ရေး ခဲ့မိပြီလဲ ရေရေရာရာ မပြောပြနိုင် တော့၊ သို့သော် ‘အ’အက္ခရာအထိ မရောက်မချင်း ဘဝကို ဆက်သွား ရမည်မှာမလွဲ။ တကယ်တော့ ခဲ ဖျက်ဖြင့် ဖျက်မရသောဘဝများစွာ ထဲ၊ သူတို့သည်ဘွာခတ်၍ နောက် လှည့်မရသော အစိုးရဝန်ထမ်း (သို့ မဟုတ်) နိုင်ငံ၏ဝန်ထမ်း သို့တည်း မဟုတ် တိုင်းပြည်၏ အရေးပါသော ယန္တာရားများဖြစ်ကြသည်။ 

သို့သော် . . ‘ကျွီ’ခနဲ မြည်သံနှင့် အတူ လီဗာပေါ်မှညာခြေကိုကြွ၊  မျက်လုံး ကိုစုံမှိတ်ပြီးအကျင့်ပါနေသော လက်ဖြင့် ဂီယာက ဖြုတ်ပြီးသား။ နင်းလိုက်မိသည့်ဘရိတ်က  အိမ်မှာ ကျန်ခဲ့သည့်မိန်းမနှင့် ကလေး၏မျက်နှာကို ကယ်တင်ခြင်းဟု ယုံ ကြည်မိ၏။ လမ်းဖြတ်ကူးသူ တစ်ဦးက ရဲတင်းလှသည်။ မတော် တဆ ၏နောက်ကွယ်တွင် လျော် ကြေးနှင့်ကံကြမ္မာက ဓားထမ်း၍ စောင့်မျှော် နေမည်ကို တွေးမိရင်း သက်ပြင်းချ မိသည်။ မိမိဘဝသည် နိုင်ငံနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပါ မည်ဟုသစ္စာဓိဋ္ဌာန်ပြုထားသည် မ ဟုတ်ပါလား။ သူ့တာဝန်က ရေတပ် ဌာနမှတပ်ထိန်းသို့သော် သူကွက်ခနဲ့မြင်ယောင်မိပြီး သူတို့ဘ ဝတွေ ကိုပါ ရောက်နေသည်က အငှား ယာဉ်၏ စတီယာရင်ရှေ့။

တစ်ဦးတည်း မဟုတ်သော  စားဝတ်နေရေးကို အန်ကြိတ်ခံ၍ မဖြစ်၊ ထို့အပြင် တာဝန်ချိန် နီးလာသောကြောင့် စိတ်ရောကိုယ် ပါ ပူလောင်နေသည်ဟု ကိုမင်းသူ က ပြော သည်။ ခြောက်ထပ်ကြီး ဘုရားကို လှမ်းမြင်တော့မှ မိမိဌာန ကိုပြန်ရောက်ပြီဟုအာရုံတွင်လင်း သွားသည်။ သက်ပြင်းတို့ပါ ကွယ် ပျောက်သွားသည်။ ည တစ်ဝက် ကျော်ေ ကျာ်ကားဆွဲ၍ ရသောငွေကို အုံနာအားပေးပြီး ကျန်ငွေကို မိန်းမ နှင့်ကလေးအတွက် ပေးဆပ်ခဲ့ရ သည်မှာ ၆ လကျော်လာပြီ ဖြစ် ကြောင်း၊ ကြုံခဲ့ရသည့် မြင်ကွင်း ကြောင့်

တုန်ခါခဲ့သည့်ရင်ကို ထိန်း ၍ သူကလေသံဖင့်ပုံ ထင်ပြသည်။  နေ့ကို ည,ညကို နေ့အဖြစ် သတ် မှတ်ခဲ့ရသည့် ရက်ပေါင်းမနည်း တော့ကြောင်းညိုနေသော မျက်ဝန်း တို့ကသက်သေပြနေ သယောင်။”စစ်သားဆိုတော့ အခြား အစိုးရဝန်ထမ်းထက် လစာပိုရမယ် ထင်ပေမယ့် မိန်းမနဲ့ကလေးရှိတော့ ခုနစ်သောင်းတစ်ထောင်က ဘယ် လိုမှ မလောက်ဘူး။ အိမ်ထောင်ကျ စက မိန်းမကိုနားလည်အောင် မနည်းပြောရတယ်။ သူအင်္ကျီချုပ် တတ်လာတော့ ပိုငွေလေးရလာ တယ်။ အဒေါ်ဆီက ပိုက်ဆံချေးပြီး ခုလို တက္ကစီဆွဲတော့မှပဲ အဆင်ပြေ တော့တယ်ဗျာ” ဟု တပ်ထိန်းကို မင်းသူက ဆိုသည်။

 ဝန်ထမ်းဆိုသည်မှာ နာမည်၏စေစားရာအလား လူအားလုံးသူ့ဝန် နှင့်သူ။ အစိုးရဝန်ထမ်း သာမက ပုဂ္ဂလိကဝန်ထမ်းမှစ တောင်သူအား လုံးသည် ပြည်သူ၏ ဝန်ထမ်းဖြစ် သည်။ ဖြစ်သင့်ဖြစ်ထိုက်သော အချိန်အခါတွင် ရသင့်သော ငွေ ကြေးနှင့် ဖြစ်သင့်သည့်စည်းစိမ် ကိုရယူလိုကြ၏၊ လူတို့၏ အတ္တ ဟုပင်ဆိုစေကာမူ အသက်ရှင်နေ ထိုင်ရေးအတွက် ပူပန်ကြရသည်မှာ နေ့စဉ်နှင့်မမျှ..။ တောင့်တတိုင်း အကျိုးပေးရန်ဘုရားရှင်က ပညတ် မထားခဲ့ဟု ဗုဒ္ဓဘာသာတိုင်း ယုံကြည်ကြသော်လည်း ဝမ်းမီး တောက် လောင်ချိန်တွင်လူတို့၏ အတ္တအတွက် စဉ်းစားချင့်ချိန်ဖို့ ခက်၏။

 ဖြစ်တည်ခဲ့ရသော အသက် သည် တာဝန်ကိုအားပြု မဖြစ် စလောက် လစာကိုမှီတွယ် နေရ သည့် ခန္ဓာများနှင့် လောကဓံကြား မိသားစုကို နေတတ်အောင် သင်ပြ ခဲ့ရသ ည်မှာ နှစ်ပေါင်းမနည်းတော့။ ကျန်းမာရေးဆိုသည့် အသံကို မ ကြားဝံ့၊ မိဘအဆင်မပြေပါက ပတ်ဝန်းကျင်ကို အားပြုရ၏။ပတ် ဝန်းကျင်သည် ကိုယ်ကောင်းမှ သူ   ကောင်းကြောင်း တရိပ်ရိပ်ထင်ဟပ် လာခဲ့ပြီးနောက် နောက်ဆုံးမာန်မာန ကုန် ဆုံးကာ အတိုး တနင့်တပိုးဖြင့် အြေ<ွကး တင်လာခြင်းက ဝန်ထမ်း ၏ ပြယုဂ်၊ ထိုအရာ သည်ပင် ဝန်ထမ်းဘဝအတွက် ကပ်ပါးကောင် တစ်မျိုး ဖြစ်လာသည်။ ထိုရောဂါ ကျွမ်းလာပါက ဖြစ်သလို ရပ်တည် ရန်အတွက် ဦးနှောက်က နှလုံးသား ၏ ဆင်ခြင်တုံ တရားတို့ကို မလွဲမ သွေ ဖောက်ထွက်လာရ၏။ သို့ သော် ရင်းနှီးသူတို့၏ နာရေးဖိတ် စာ၊သာရေးဖိတ်စာတို့ကလည်း နှစ်စဉ်ကြုံတွေ့နေကျ။

 ”လောက်တယ်၊ လစာက လောက်တယ်၊ မသေ ထမင်းမသေ ဟင်းနဲ့ဆို လောက်တယ်၊ တစ်ခုပဲ ပြောမယ်၊ သူဌေးတော့ ဘယ်တော့ မှ မဖြစ်ဘူး။ ဆရာမတို့ အလယ် တန်းပြတွေ ရဲ့လစာက ၅၈ဝဝဝ ၊ ရှားပါးစရိတ်က သုံးသောင်း၊ ဆန်တစ်ပြည်ကိုတစ်ထောင်၊ အရေးထဲ မီတာခ၊ ရေခ တွက်ကြည့်ရင် ဘယ်လိုမှမလောက် ပါဘူး။ ရွှေငွေ စုဆောင်းတာမရှိ၊ မိဘဆင်ထားတဲ့ နားကတ်လေး တစ်ရံတောင် အပေါင်ဆိုင် ခဏခဏ ရောက်တာ၊ သားသမီးတွေလည်း ပေးရဦးမယ်။ 

အဝတ်အစားမဝယ်နဲ့၊ ကျန်း မာရေး မကောင်းရင် ဆေးမကုနဲ့၊ ဆေးမြီး တိုနဲ့ကု၊ သာရေးထက် နာရေးက ရှောင်ရခက်ပါတယ်”ဟု ဆရာမ တစ်ဦးက ရန်ကုန်၏ စာသင်ဆရာ စရိတ်ကို ခင်းကျင်းသည်။ အဖြူရင်ဖုံးနှင့် အစိမ်းထဘီကို ခါးလုံအောင်ဝတ်ဆင်ထားသည်နှင့် ရှေ့မှဖြတ်သွားသူတချို့ ဦးခေါင်း လျှိုသွားသည့်အခါ စားမကုန်သော ပီတိက ကိုက်ခဲလာသော ညာဘက် ဒူး၏ အနာကို လျော့ အောင်မ လုပ်နိုင်။ တစ်ခါတစ်ခါမသိမသာ  နှိပ်နေသည်။

အထူးကားနှင့် ကျောင်းတက် ချိန်ကိုညှိနှိုင်းမရ၊ သိတတ်သူစာနာ သူတချို့က ထိုင်ခုံနေရာ ဖယ်ပေးသည့်အခါ  ”ကျေးဇူးစကားများ”သည်သာ   ပိုလျှံ ပစ္စည်းများအဖြစ်   ပြည်ပသို့ တင်ပို့ရလောက်ပြီဟု ထင်မိသည်။ အမြဲလိုဝတ်ဆင်ထားခဲ့သည့် အဖြူ ထည်အင်္ကျီကအဝါရောင်သမ်းနေ မှန်း မိမိကိုယ်မိမိသိသည်ဟု သူမ က ဖြေသည်။ သို့သော် လာမည့်နှစ် ပင်စင် သွားရတော့မည်မို့ ထပ်ပြီး ငွေကုန် မခံဝံ့။ညနေ ၄ နာရီထိုးလျှင် ကျူရှင်ဝိုင်းလေးကို မဖြစ်မနေ ပြေးရမည်။ သားအငယ် တစ် ယောက်၏   ကျောင်းစရိတ်က တားမြစ်ထားသည့် ကျူရှင်ကိုခေါင်းငုံ့ခံ အန်တုနေရသည်။

 ”မကြာခင် ပင်စင်ယူရတော့ မယ်ဆိုတာတွေးပြီး ရင်မောပါတယ် သားရယ်၊အိမ်ဝယ်ဖို့ မစဉ်းစားနဲ့ အိမ်ငှားဖို့တောင် ခုလိုပဲ ရင်တမမ၊ ရတဲ့လစာက ၅၈ဝဝဝ၊ ထောက်ပံ့   ကြေးက သုံးသောင်း ၊ပင်စင်ဆိုရင် ဂရက်ဂျူတီက ၁ဝ သိန်းကျော် လောက်ရမယ်၊

ဒါနဲ့ပဲမြို့ပြင်ထွက် ရမှာပဲလေ”ဟု အသက် ၅၉ နှစ်၏ ဇရာကို ထမ်းရင်း လမ်း(၃ဝ) မှတ် တိုင်မှ အထူးကားတို့ကို  လှမ်းကြည့် ရင်း သူမ ပြောရှာသည်။ဇန်နဝါရီလ နောက်ဆုံးအပတ်၊ လွှတ်တော်မှ ပြောကြားခဲ့သော ဘဏ္ဍာရေးဒုဝန်ကြီး၏ အသံ၊ တစ်ဆင့်စ ကားဖြင့် ရင်ဝသို့လျှံတက် လာသည်။ မျှော်လင့်ချက်တို့ ချည်နဲ့၊ ရက်ပေါင်း ၃ဝဝ ကျော်ကို မှော်သွင်းပြီး ကျော်ဖြတ်လိုက်ချင် သည်။ 

မိမိတို့ လိုချင်သည်က ငွေ မဟုတ်။ အနေအစားချောင်လည်ယုံ ဟု ဆိုကြသည်။ ဆက်သွယ်ရေး ကိစ္စများထွက်ပေါ်လာသောကြောင့် မိမိတို့အပြင် အထက်ဌာနမှ လူကြီး များကိုပါ သံသယဝင်လာသည် ။ကိုယ့်ကိုယ်ကိုယ်လည်း မချင့်မရဲ၊ ရှည်လျားသော မိသားစုအိပ်မက်တို့ က အဓိပ္ပာယ်မရှိ တွေဝေစွာ၊ လုံခြုံရေး သည်အသက်ထက်ဆုံး တာဝန် စားဝတ်နေရေးသည်ဘဝ၌ ကွက်လပ်အဖြစ်သာ ထားနေရ ကြောင်း ပြောလာသည်က ရန်ကုန် တိုင်း ရဲဝန်ထမ်းတစ်ဦး။

 ”ရဲတစ်ယောက်ကို ဘယ်သူမှ တစ်သိန်းထက် ပိုမပေးဘူး။ ပေး တာတွေရှိတယ်။ ဝန်ခံတယ်။ ဒါက သူဌေးသားသမီး မုန့်ဖိုးပဲရှိတယ်။ လစာတိုးပေးဖို့တော့ မျှော်လင့်တာေ ပါ့ဗျာ။ နောက်ကြောင်းမလုံရင် ဘယ်လိုလုပ်မလဲ။ ခုချိန်ထိ မိသား စုကငွေသုံးသိန်းပြည့်အောင်မကိုင် ဖူးဘူး။ ကျွန်တော်ပြောမယ်။ ရဲဆိုတာ မုန်းတဲ့သူရှိတယ်။ ဒါပေမဲ့ ဘယ်သူမှမစာနာဘူး၊ အသက်စွန့်ပါ မယ်လို့ အဓိဋ္ဌာန်ပြုထားပြီးပြီ။ ဒီလစာလေးနဲ့လုပ် နေတာကြာပြီ။ 

ကျွန်တော်တို့နောင်ရေးကို မကြည့် ရင်တော့ စားဝတ်နေရေးကို ဒီလစာ နဲ့ဖြစ်သလို၊ ရသလို လုပ်သွားရမှာပဲ။ ကျွန်တော်လည်း ပြည်သူပါပဲဗျာ” ဟု ပွင့်ပွင့်လင်းလင်း ဆိုသော်လည်း  မပြတ်နိုင်သေးသောဘဝ ရပ်တည်မှု အတွက် နာမည်ကွယ်ဝှက်ပေးရန် မေတ္တာရပ်ခံသည်။  မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက လည်း”ဝန်ထမ်းတွေ မလောက်မင  ဖြစ်နေတာကို အားလုံး အသိပဲ။ ဖြစ် သင့်ဖြစ်ထိုက်တာကို အစိုးရက တိုး ပေးသင့်တယ်။ 

လာဘ်ပေးလာဘ်ယူ တာကို ကျွန်တော် အားမပေးဘူး။မလောက်ငတဲ့အတွက် သူတို့မှာ အဖြေတစ်ခုရှာ လာရတော့တယ်။ ဝန်ထမ်းတစ်ယောက်ဟာ သူ့မိသား စုအတွက်ပဲလေ။ အစိုးရကဝန်ထမ်း အတွက် လစာ တိုးပေးရမယ်။ လောက်ငမှုရှိအောင် စီစဉ်ပေးရ မယ်။ ဘာေ ကြာင့်လဲလို့ ပြောရင် သန့်ရှင်းသောအစိုးရ ဖြစ်အောင် လုပ်ဖို့အတွက် ဝန်ထမ်းရဲ့ လုပ်ခ လစာကို ခေတ်နဲ့အညီ တိုးပေးရ မယ်” ဟု အမြင်ကို ပြောသည်။

တစ်နိုင်ငံလုံး၏ ဝန်ထမ်းဦးရေ က  ၃ ဒသမ ၈ သန်း၊ ဝန်ကြီးဌာ န ၃၁ ခု၊ ယင်းဝန်ထမ်းဦးရေ၏ တိုးမည့်လစာ တစ်ဦးတစ်ကျပ်ဖြင့် တိုးမည်ဆိုဦးစို့ မနည်းလှသော   ငွေ ကြေး၊ လက်ရှိ အတည်မပြုရသေး သောအခွန်ဥပဒေ၊ အခွန်ရရှိရေး က ကောင်းသည့်ဘက် ဦးတည်ဖို့လို သည်။ အခွန်ရရှိမှ နိုင်ငံဝန်ထမ်း နှင့် ပြည်သူအတွက် ရလဒ်ကောင်း မည်ဟု ဆိုကြသည်။ လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရန် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်နှင့် လုပ်ဆောင်မှုတို့ကတရိပ်ရိပ် လိုက် လာသည့် အချိန်ဖြစ်သည်။ 

ခရိုနီ တို့ ရေပန်းစားလာပြီးသည့်နောက် ပိုင်း စိတ်ဓာတ်တချို့ ကို ခဝါချပြီး နောက်ဆုတ်ကုန်ကြသူများ ရှိသ လို ဖန်တီးနေသူများက အရှိန်မ ကုန်သေး။ ကားသစ်ကို အိမ်မှာထား ပြီး အဟောင်းဖြင့် လူလုံးထွက်ပြနေ  ကြသူများ ရှိသေးသည်။ လက်ရှိတွင်လာဘ်ပေးလာဘ်ယူပ ပျောက် ရေး ဥပဒေကြမ်းကိုလွှတ် တော် တွင် ရေးဆွဲနေပြီဖြစ်သည်။ သို့သော် အရေအတွက် ကြီးမားသော အောက်ခြေ ဝန်ထမ်းတို့ကတော့ အလူးအလိမ့်၊ လာဘ်မစားပါ၊ သဒ္ဓါကြေးကိုသာ မျှော်လင့်ရပါ   တော့မ ည်။၊ ဒါက ဒုတိယမ္မိသန္နိဋ္ဌာန် …

 ”အခြေအနေ မကောင်းဘူး ထင်ရင် ကိုယ်ပါ ဒုက္ခရောက်နိုင် တယ်။ တစ်ခါတလေ သူတို့ဘာသာ သူတို့ လာပေးတာတွေရှိတယ်။ သတိနဲ့ ယူပေါ့။ ခုစစ်ဆေးရေးတွေ ဝင်လာတော့ လူကြီးတွေက ပြော တယ်။ ပြဿနာတက်ရင် အပြစ်ပေး မယ်တဲ့။ သူတို့လည်းသူ့နည်း သူ့ ဟန်နဲ့ပဲ လောက်နေရင် ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး ဘယ်သူမှ မယူချင်ပါဘူး ဗျာ။ လစာရရင်တော့ မိန်းမကို အ ကုန်အပ်လိုက်တာပဲ။ အဲဒီဘာကြေး ညာကြေးနဲ့ပဲ အသုံးစရိတ်လုပ်နေရ တာ။ ပင်စင်ရရင်တော့ နယ်ပဲပြန် တော့မယ်။ သားသမီးတွေကို အတောင်ပံပေါက်အောင်တော့ စောင့် ရမှာပေါ့”ဟုဗဟန်းမြို့နယ်မှ ရဲ ဝန်ထမ်းတစ်ဦးက ဆိုသည်။

 နိုင်ငံ၏၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ငွေကို လွှတ်တော်တွင် အတည် ပြုတော့မည့်ဆဲဆဲ ငွေကြေးဖောင်းပွ မှုနှင့် ရငွေ သုံးငွေတို့ကို စိစစ်နေရ ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။”လစာတိုးဖို့ကိစ္စက အရင်ဝန် ကြီးပြောခဲ့တာပါ။ နိုင်ငံမှာလစာတိုး ဖို့အမျိုးမျိုး စီစဉ်ဆောင်ရွက်ရတယ်။ ရငွေ ရယ်။ သုံးငွေရယ်။ အဲဒီနှစ်ခု ဆီက လိုငွေရယ်ပေါ့။ ကျွန်တော်တို့ ပိုလို့ မရပါဘူး”ဟု ဝန်ကြီးက ဝန် ထမ်းလစာ တိုးမပေးရသေးသည့် အခြေအနေကိုအနည်းငယ်မျှ အ ကျဉ်းချုပ်သည်။

လကုန်ရက်ရောက်ဖို့ ..မမျှော် လင့်ပါ။ လစာရလျှင် ပျော်ရသည် ဟုထင်ကြသည်မှာ အများအမြင်၊ လက်တွေ့ ခံစားနေရသူတို့ကတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ နှစ် သိန်းဖုန်း တစ်လုံးအတွက် ရုံးမှ ဖြတ်မည့် အရစ်ကျငွေ၊ သားလေး၏ မူကြိုစရိတ်ကလစဉ်နှင့်အမျှ၊ ဆီ၊ ဆား၊ ငရုတ်ကြက်သွန်က ဝယ်ထား မှဖြစ်မည်။ ပေါင်ထားသော နား ကတ်လေးအတွက် အတိုးသတ် ထားမှဖြစ်မည်။ ဆန်ဈေးကို တွက် ပြီးသည့်အခါ လက်ထဲမှာ ငွေဆို၍ နတ္တိ၊အခန်းက ဝန်ထမ်းတိုက်ခန်းဖြစ်၍တော်သေး သည်..။ဆိုင် ကယ် အငှားယူပြီး တက္ကစီဆွဲနေသော ယောက်ျားက နေပြည်တော်၏ အ အေးဒဏ်ကြောင့် ခဏခဏအဖျား ပိုးပြန်ထတတ်သည်။ ညစ်ပါများ သောစိတ်တို့က အရောင်တလွင့် လွင့်။ အသားမာ တက်နေ ပြီဖြစ် သည်ဟု နေပြည်တော်မှ ဝန်ထမ်း တစ်ဦးက ရင်ဖွင့်သည်။

 ”တိုက်ခန်းမှာ နေရတယ်ဆို လို့ အမေက နေပျော်လို့ ရောက် လာသေးတယ်။ တစ်ယောက်စာ အတွက် မသိသာပါဘူး၊ ဒါပေမဲ့ အမေလည်း နယ်ကိုပြန်သွားရှာပြီ။ တစ်ခါတစ်ခါမှ လာမယ်လို့ပြော တယ်။ ကျွန်မလည်း စိတ်မကောင်း ဘူး။ မိဘကျေးဇူးတော့တတ်နိုင် သလောက်ဆပ်ချင်တယ်လေ။ အခု အချိန်ပိုကြေးတွေရမယ်ဆို လို့ ပျော် မိတယ်။ နည်းနည်းလောက် စု မိလာရင် အမေ့ကိုတစ်လလောက် ပြန်လာနေဖို့ ခေါ်ဦးမယ်”ဟု မျှော် လင့်ချက်စကားတို့ကသူမနှုတ်ဖျား မှ ခပ်ဟဟ ထွက်လာသ ည်။

 ”ခြံစိုက်လို့ ရတယ်၊ ကိုယ် အားတဲ့ရက်တွေကို လင်မယားနှစ် ယောက် ပေါင်းခုတ်ပြီး စိုက်ထားတဲ့ သင်္ဘောပင်တို့ ချဉ်ပေါင်ပင်တို့က အစ ဟင်းတစ်မျိုးစီ ရတာပေါ့။ မြေ ကတော့ အစိုးရပိုင်မြေလေ။ ရှာလို့ ရတဲ့ငွေကို ယောက်ျားအရက် တွေ ဘာတွေတောင်မသောက်အောင် ပြောထားရတယ်။ သူငယ်ချင်း တွေ လာလို့ သောက်စားမိမှာ ကိုကြောက်လို့ မိတ်တွေဘာတွေ ပျက်လည်း ထည့်မတွက်နိုင်တော့ ဘူး။ နောင်ရေးက ပိုအရေးကြီးပါ တယ်ရှင်” ဟု သူမ၏ ယူဆထား သော လတ်တလောအရေးကို ဆို သည်  အစိုးရဝန်ထမ်းတို့၏ အချိန်ပို ကြေးက အားလုံးရမရတော့ မသေ ချာ။ မဝံ့မရဲ မျှော်လင့်ချက်များ ကြောင့်ပင် ဘဝပန်းတိုင်ဆို သည်မှာ အဘယ်နည်းဟု သံသယ များလာကြ သည်။ 

တစ်နေ့လျှင် ၈ နာရီ အလုပ်လုပ်ချိန်ရှိသော်လည်း ၂၄ နာရီဂျူတီကို ON (အွန်)ထားရသူ တို့ကပိုဆိုးသည်ဟုဆို သည်။ အခြေအနေ အရ  မိမိတို့၏ လားရာသည်တစ်နေ့တော့ ပင်စင် ၏ ရင်ငွေ့ကိုခိုလှုံပြီး ထွက်သက် ကောင်းဖို့ရာ ဆုတောင်းရတော့ မည်။ သို့သော်ရက်ရောစွာ ဝင် ရောက်လာတတ် သောကုန်ဈေးနူန်း က ဒီမိုကရေစီနှင့်အပြိုင် ရှင်သန်နေ ဦးမည်ဟု ထင်ကြသည်မှာ မလွဲ။

   ”လစာဆိုတာ မျှော်လင့်ထား တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ တော်သမ္မတက ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာပို့ထားတဲ့ အထဲမှာ ပါတာပဲ။ ခုက အပြောတစ် မျိုး။ အလုပ်တစ်မျိုး ဖြစ်နေတယ်။ ကျွန်တော်တို့က ၂၄ နာရီလုံး တာ ဝန်ယူထားရတာလစာတော့ ပို မျှော်လင့်တာပေါ့” ဟု ရန်ကုန်တိုင်း ဒေသကြီးမှ ဒုရဲမှူးကြီးတစ်ဦးက    ပျောက်ဆုံးလုနီးပါး ဖြစ်နေသည့် မျှော်လင့်ချက်ကို မဆိုင်းမတွ ပြော သည်။ 

”ရဲတပ်ရင်းမှာ တစ်ယောက် ရဲ့ ရိက္ခာစရိတ်က တစ်ရက်မှ ၅ဝဝ ဗျာ။ ရက် ၃ဝ မှ တစ်သောင်း ခွဲ။ အကုန် စုပေါင်းရင် ၇ သောင်းခွဲ။ တစ်ရက်ကို ၂၅ဝဝ ပေါ့။ လုပ်သက် နှစ်နှစ်ကျော်ရှိတဲ့ အောက်ခြေဝန် ထမ်းတစ်ဦးက အလွန်ဆုံး ကိုး သောင်းပဲ။ရန်ကုန်မှာမိသားစု ဘယ် လိုစားမလဲ။ ဒါတောင်နေရတာက ရဲတန်းလျားမှာမို့ တော်သေးတာ” ဟု ¤င်းက တပည့်များ၏အရေး ရှေးရှုကာ ဆိုသည်။

 အခြေခံလစာနှင့် ထောက်ပံ့ ကြေးတို့သည် ဝန်ထမ်းမိသားစုအ တွက် ထောင့်ဖြတ်မျဉ်းဆွဲပြီး ကျော် တက်ဖို့မဖြစ်သာ၊ ကျုဉ်းမြောင်းလှ သည့်လမ်းကလေးကို ထောက်ချွန်   ဖြင့် ထိပ်ပိုင်းမှ ကိုင်လှည့်နေသည့် အလားတူသည်။ ထိုအရာသည်အခြားမဟုတ်၊လစဉ်ခံစား ထိတွေ့ နေရသော သံသရာစက်ဝန်း၊ ထောင့်ဖြတ်မျဉ်းကိုယ်တိုင် ဆွဲသူ များ တချို့စစ်ဆေးရေးဝဋ် ချက်ချင်း တက်လာပြီဟု ထင်နေကြပြီ၊ လက် ခံလာကြပြီ။ နိုင်ငံအရေးသည် ပြည်သူ၏အရေးသို့မဟုတ် ဝန်ထမ်း အရေးသာ ပဓာန၊ ”ဝန် ထမ်း
ကောင်းမှ နိုင်ငံကောင်းမည်”ဟူ သော ဆောင်ပုဒ်ကို လွှတ်တော်၌ ယနေ့အချိန်အထိ ပယ်ဖျက်မှု မရှိ သေးပေ။အဆိုတင်မည့် ကိုယ်စား လှယ်လည်း ရှိမည်မဟုတ်။

 ”လိုချင်တာက မိဖုရား၊ ညား နေတာက ဘုရင်မ ပေါ့ညီရာ၊ နိုင်ငံရေးအနေနဲ့ ပြောရရင် ကိုယ့် နိုင်ငံမှာက ချမ်းသာသင့်လို့ ချမ်း သာတယ်ပဲမှတ်ယူပါတယ်၊ အစိုးရနဲ့ ပေါင်း ကူးတွေပဲ ကောင်းနေသေး တာကိုး၊ မသေခင်တော့ ကိုယ်ပိုင် တိုက်ခန်းလေးတစ်ခုတော့လိုချင် တယ်၊ မရရင် သန်လျင်ဘက် ခြံ စိုက်ပြီး နေသွားဖို့ပဲ။ ပင်စင်ရ တော့မှပဲ စာလေးရေးနိုင်ရင်ရေး မယ်၊သားနှစ် ယောက်အတွက်တော့ ရင်လေးနေသေးတာပေါ့၊ ပညာ လေး ရပြီး လုပ်ငန်းခွင်ဝင်သွား ရင် တော့ စိတ်ချရပြီလို့ပဲ သဘော ထား တယ်”ဟု ရှေ့နေတစ်ဦးက ပြောသည်။

 လစာကို မျှော်ကိုးပြီး အိမ် ထောင်မပြုရဲကြ ၊ ဤသို့ ဆိုလျှင် လူမျိုးကြီးနိုင်ငံနှစ်ခုကြား ရောက်ရှိ နေသော မိမိတို့ နိုင်ငံရှိ ဝန်ထမ်းနှင့် ပြည်သူများ လူဦးရေ တိုးတက်ရန် လှုံ့ဆော်ပြောကြားခဲ့သော လွတ် လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ အမှာစကားကိုမသိစိတ်တို့က ချေဖျက်နေသည့် အသွင်ဆောင်နေ မည်လား၊ လောက ဓမ္မတာ က ငွေ ကြေးကို လွန်ဆန်ဖို့ မဖြစ်သာသော အခြေအနေများ၊ ရတောင့် ရခဲ သော ဘဝတွင် ကြုံတွေ့နေရသော အဓိပ္ပာယ်များ …၊ အားလုံးသည် သံသရာ ဝဋ်ဆင်းရဲမှ ကင်းလွတ် ချင်ကြသည်။

   ”ဘယ်လိုလုပ်ပြီး မိန်းမယူရဲ မှာလဲ၊ ကော်လံကတုံးနဲ့ နှစ်ပါး သွားနေတာ၊ ပုံမှန် မလောက်တဲ့ ငွေကြေးနဲ့ စိတ်မခိုင်တဲ့ မိန်းမမျိုး ဆိုရင် ထားသွားမှာ၊ ဘယ့်နှယ် လုပ်မလဲ၊ အပြင်ပန်းရတာတွေ စု ပြီး ယူတဲ့ သူတွေ၊အခြေအနေ ထောက်ပံ့မှု ရှိတဲ့သူတွေ လည်းသားသမီးကို နှစ်ယောက်ထက် ပို မယူရဲကြဘူး၊မယုံရင် စစ်တမ်း ကောက်ကြည့် ပါ၊ တစ်ယောက် တည်း နေရတာတောင် ဟိုဘက် နည်းနည်းရွှေ့ပါဦး ဖြစ်နေတာ၊ ရန်ကုန်သူတွေနဲ့တော့ ကွက်တိကို ကွဲမှာပဲ”ဟု နယ်မှ ရောက်လာသော ရန်ကုန်တိုင်း တာဝန်ကျ ထွေ/အုပ် စာရေးတစ်ဦးက ပြောသည်။

   ”သူများသားသမီးယူပြီး တ ခြား သူတွေလောက်မှ မဝယ်ပေး နိုင်၊ မထားနိုင်ရင် ကိုယ်လည်း သိက္ခာကျတယ်၊ မိန်းမဆိုတာက သိတဲ့အတိုင်းပဲ၊ သူများရွှေ လိုက်ရွှေ၊ သူများစား လိုက်စား ချင်တဲ့ စရိုက်ရှိတယ်၊ ခုခေတ်ပေါ် နေတဲ့ ဖုန်းအခွံတစ်ခုက လစာ ထက် နှစ်ဆ ၊ သုံးဆမြင့်နေတာ ဗျာ၊ ရည်းစား ဘဝတောင် သာတဲ့ သူနောက်ပါ တတ်သေးတာပဲ၊ ဆန္ဒကို သိက္ခာနဲ့ ထိန်းနေတာ မဟုတ် တော့ဘူး၊ ဆန္ဒကို လစာ နဲ့ ထိန်းနေတာပါ” ဟု ၄င်းက အပြုံးတစ်ဝက်ဖြင့် ဆိုသည်။ ချွေးစက်တို့ ခြေမသို့ ခယ နေသော်လည်း မလွန်ဆန်နိုင်သော စားဝတ်နေရေး ကဖယ်ရှားမရသော  ဝန်ထုပ်ဝန်ပိုး…။

 နှလုံးသား အလှဆင်ဖို့အတွက် … လူ့ သက်တမ်းကို ကျော်ဖြတ်ဖို့ရာအ တွက်  စိတ်နှင့် ခန္ဓာကို ကိုးကွယ် ယုံကြည်ရာသို့ ဦးခိုက်ဆုတောင်းယုံမှ တစ်ပါး အခြားမရှိ၊ မည်သို့ ပင်ဆိုစေ လှုပ်လီလှုပ်လဲ့ဖြင့် နိုင် ငံအတွက် …၊ မိမိတို့၏ဘဝ အတွက်…လူအားလုံး … ဝန်ထမ်းအားလုံး..
    တာဝန်များစွာ….
အခက်အခဲများစွာ….
စိုးရိမ်မှုများစွာ….
ယှဉ်ပြိုင်မှု များစွာ…ဖြင့် ဖြစ်ချင်သော ဆန္ဒကို လစာဖြင့် ထိန်းနေရဦးမည်ကတော့ အသေ အချာ။


သတင်းအချက်အလက် သူရထွန်း၊ မင်းသုအောင် အောင်ထက်(NYK)ရေးဖွဲ့သည်။

0 comments:

Post a Comment